နေအိမ်တွင်း ပစ္စည်းဝင်ရောက်ခိုးယူသူကို တွေ့ရှိသဖြင့် အရေးယူပေးရန် တိုင်တန်း
														ပို့စ်တင်ချိန်
														- 5/06/2014 04:08:00 PM
ရန်ကုန်၊ မေ ၆
တိုက်ကြီးမြို့နယ်၊ သရက်ချောင်းကျေးရွာနေ ဦးစန်းနိုင်ဦးမှ ၎င်းသည် ၅.၅.၂၀၁၄ ရက်နေ့နံနက်ပိုင်းတွင် နေအိမ်အားသော့ပိတ်၍ ဈေးရောင်း
သွားနေခဲ့ပြီး ၁၆၀၀ အချိန် နေအိမ်သို့ပြန်လည်ရောက်ရှိကာ သော့ဖွင့် ၀င်ရောက်စဉ် တစ်ရွာတည်းနေ အောင်ပိုင်၊ (၂၁)နှစ်၊ (ဘ)ဦးဇော်အား
နေအိမ်အိပ်ခန်းတံခါးနောက်တွင် ပုန်းအောင်းနေသည်ကိုတွေ့ရကြောင်း၊ ထိုသို့တွေ့ရှိသဖြင့် အိပ်ခန်းအတွင်းစစ်ဆေးကြည့်ရာ ဗီရိုပေါ်တွင် ထားရှိ
သော ရွေလက်ကောက်(၄)ကွင်းထည့်ထားသည့်မုန့်ပုံးသံဘူးမှာ နေရာရွေ့
နေသည်ကိုတွေ့ရပြီး ဗီရိုပေါ်တွင်တင်ထားခဲ့သည့် ငွေကျပ်(၆၀၀၀၀)မှာ
လည်း အောင်ပိုင်ပုန်းအောင်းနေသည့် နေရာအနီးတွင် ရောက်ရှိနေသည်
ကိုတွေ့ရှိရကြောင်း၊ အောင်ပိုင်မှာ နေအိမ်နောက်ဘက် အမိုးသွပ်နှင့်
ထုတ်တန်းကြားရှိ လွတ်နေသောနေရာမှ ၀င်ရောက်ခဲ့ခြင်းဖြစ်ကြောင်း
ကိုသိရှိရကြောင်းနှင့် ယင်းသို့ကျူးလွန်သူ အောင်ပိုင် ကို အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့တိုင်တန်းချက်အရ အောင်ပိုင်အား တိုက်ကြီးမြို့မရဲစခန်း (ပ)၁၅၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၄၅၄ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
