၄၈ အထူးအဲကွန်းကားများတွင်အမျိုးသမီးယာဉ်နောက် လိုက်ရှစ်ဦး အစမ်းခန့်ထား

ပို့စ်တင်ချိန် - 5/06/2014 04:09:00 PM



ကွန်ပျူတာတက္ကသိုလ် သို့ ပြေးဆွဲသော ၄၈အထူးအဲကွန်း ကား
များတွင် အမျိုးသမီးယာဉ် နောက်လိုက်များကို ဧပြီလကုန် မှစတင်၍
အစမ်းခန့်ဝန်ထမ်း အဖြစ် ခန့်ထားပြီးဖြစ်ကြောင်းသတင်းရရှိသည်။

ခရီးသွားပြည်သူများနှင့် ပြောဆိုဆက်ဆံရာတွင် အဆင် ပြေချောမွေ့စေရန်နှင့်အမျိုးသမီး များ အလုပ်အကိုင်အခွင့်အ လမ်းပိုမိုရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးယာဉ်နောက်လိုက်ရှစ် ဦးအား စမ်းသပ်ခန့်ထားခြင်းဖြစ် ကြောင်း ၄၈အထူးအဲကွန်းယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင်ဦးတရုတ်က လေးက ပြောသည်။

‘‘ယာဉ်နောက်လိုက်အများ စုက ခရီးသွားပြည်သူတွေကို မ ချေမငံဆက်ဆံကြတာတွေများ လို့ အမျိုးသမီးတွေဆို အမျိုးသား တွေထက်ပိုအဆင်ပြေနိုင်မယ် ထင်လို့ အမျိုးသမီးယာဉ်နောက် လိုက်တွေကို ငွေသိမ်းနေရာမှာ ထားတာပါ’’ဟု ၎င်းကဆိုသည်။

အမျိုးသမီးယာဉ်နောက် လိုက်များအစမ်းခန့်ထားခြင်းကို ၄၉အထူးအဲကွန်းယာဉ်လိုင်းများ ကို ကြီးကြပ်သော မထသဌာနခွဲ (၁)မှ ဌာနခွဲမှူး၊ ဂိတ်မှူးများကို သာ အကြောင်းကြားပြီး ယာယီ ခွင့်ပြုရန်တောင်းဆိုထားခြင်းဖြစ် သည်ဟုဆိုသည်။

‘‘ယာဉ်ပိုင်ရှင်က တရားဝင် စာနဲ့ ခွင့်ပြုချက်တောင်းထားတာ မရှိသေးဘူး။ အမျိုးသမီးယာဉ် နောက်လိုက်ကို ယာဉ်ပိုင်ရှင်ဆန္ဒ အရ အစမ်းခန့်အနေနဲ့ ခန့်ထား တာပါ။ နောက်အဆင်ပြေတယ် ဆိုရင်တော့ အဖွဲ့အစည်းတွေကို တရားဝင်စာတင်ပြီးခွင့်ပြုချက် တောင်းမယ်ပြောပါတယ်’’ ဟု မထသဌာနခွဲ(၁)မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အမျိုးသမီးယာဉ်နောက် လိုက်များကို အသက် (၂၀)မှ (၄၀)နှစ်အတွင်း ကျန်းမာရေးကောင်း မွန်ပြီး မိသားစုကိုအလုပ်အကျွေး ပြုသူများအား ဦးစားပေးခန့်အပ် မည်ဟု (၄၈)အထူးယာဉ်ပိုင်ရှင် က ပြောသည်။
‘‘တစ်ပတ်ကျော်လောက် တော့ရှိပြီိ။ လုပ်နေတာအဆင်ပြေ ပါတယ်။

အစကတော့ကိုယ် လည်း သိပ်မရဲဘူး။ ၁၂၄ကားမှာ စပယ်ရာလိုက်တဲ့အစ်ကိုက အမျိုး သမီးယာဉ်နောက်လိုက်တွေခေါ် နေ
တယ်။ဝင်လျှောက်ကြည့်ဆို လို့ လျှောက်ဖြစ်တာ’’ဟု အမျိုးသ မီးယာဉ်နောက်လိုက်တစ်ဦးဖြစ် သူ မ၀ါဝါချိုကပြောသည်။

၄၈အဲကွန်းယာဉ်လိုင်းတွင် ယာဉ်အစီးရေ ၁၃စီး၊ ယာဉ်မောင်းအမျိုးသား ၁၃ဦး၊ အမျိုးသားယာဉ်နောက်လိုက် ၅ ဦး၊ အမျိုးသမီး ယာဉ်နောက်လိုက် ၈ဦးရှိပြီး တစ်နေ့လျှင် ကွန်ပျုတာတက္ကသိုလ်မှ ဆူးလေ-ဗိုလ်တထောင်စေတီသို့ လေးခေါက်ပြေးဆွဲနေသည်။

7Day Daily