ပေါင် ၁၅၀ လျှော့ချပြီးချိန်မှ ဒေးဗစ်ဘက်ခမ်းနှင့် ရုပ်ချင်းဆင်တူနေမှန်း သိခဲ့ရသူ

ပို့စ်တင်ချိန် - 5/06/2014 10:14:00 AM


ဗြိတိန်နိုင်ငံ ဝေလပြည်နယ် မာသီတိုင်ဖေးလ်မြို့တွင် နေထိုင်သော ၂၈၇ပေါင် အလေးချိန်ရှိသည့် နေသန် ဆိုသည့် လူငယ်လေးသည် မကြာခဏ အခြားကလေးများ၏ အနိုင်ကျင့်ခံရမှုကို ခံရသောကြောင့် ပေါင် ၁၅၀ အထိ ကိုယ်အလေးချိန်လျှော့ချခဲ့ပြီး နောက်တွင် ၄င်း၏ မျက်နှာသွင်ပြင်မှာ ကမ္ဘာကျော် အင်္ဂလန် ဘောလုံးကစားသမား ဒေးဗစ်ဘက်ခမ်းနှင့် တူနေမှန်း အံ့သြဖွယ်ရာ တွေ့ရှိခဲ့ရသည်။

၎င်းလူငယ်လေသည် ယခုအခါတွင် အသက် ၂၄နှစ် အရွယ်ရှိနေပြီ ဖြစ်ပြီး သူသည် ဒေးဗစ် ဘက်ခမ်းနင့် ရုပ်ချင်းဆင်တူမှန်း သိရချိန်တွင် နာမည်ကျော်များနှင့် ရုပ်တူသူများကို ငှားရမ်းကာ ဖျော်ဖြေရေးလုပ်ငန်းများ လုပ်ကိုင်နေသော အေဂျင်စီတစ်ခုသို့ သွားရောက်၍ အလုပ်လုပ်ရန် စိတ်ကူးခဲ့သော်လည်း နောက်ပိုင်းတွင် ၄င်း၏ ရုပ်ချင်းဆင်တူသော အားသာချက်ကို မိမိကိုယ်ကျိုးအတွက် အသုံးမပြုဟု ဆုံးဖြတ်ကာ အစိုးရမှ တည်ထောင်ထားသော အ၀လွန် ကလေးများအား အလေးချိန်လျှော့ချပေးနေသည့် အဖွဲ့အစည်း တစ်ခုတွင် နည်းပြအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်။

အလေးချိန်လျော့သွားပြီးချင်း သူ၏ ပတ်ဝန်းကျင်မှ လူများက ၄င်းအား ဒေးဗစ်ဘက်ခမ်းနှင့် တူသည်ဟု ပြောဆိုနေမှုမျာိးု အလွန်ပင် အားရ ကျေနပ် ပျော်ရွင်ခဲ့ပြီး သူ၏ အတွေ့အကြုံများကို အသုံးပြုကာ အ၀လွန်နေသော ကလေးငယ်များကို အလေးချိန်လျှော့ချရန် ကူညီ၍ ကျန်းမာသော လူနေမှုဘ၀ ဖြစ်စေရန်လည်း ကူညီပေးသွားမည် ဖြစ်ကြောင်းကို နေသန်က “ကျွန်တော်က အကောင်းဆုံး ဥပမာ ပါပဲ။ လူငယ်လေးတွေကို ကျွန်တော်ကြုံတွေ့ခဲ့ရသလို အ၀လွန်ခြင်းရဲ့ ခါးသီးမှုတွေကို မကြုံတွေ့စေချင်ပါဘူး” လို့ ပြောခဲ့ပါတယ်။

World-Myanmar News