ကျွတ်လွတ်အောင် အမျှပေးနည်း အစီအစဉ်

ပို့စ်တင်ချိန် - 5/06/2014 04:12:00 PM



(၁) အလှူခံပုဂ္ဂိုလ်ဟာ သီလ သမာဓိ ပညာ သိက္ခာသုံးပါးနဲ့
ပြည့်စုံတဲ့ဖြစ်ရမယ်။ လူထဲမှာလည်း ငါးပါးသီလ
လုံအောင်စောင့်သူဆိုလျှင်အလှူခံနေရာမှာ ပါဝင်နိုင်ပါတယ်။
ဘုန်းကြီးမရှိတဲ့နေရာဆိုရင် အသုံးပြုနိုင်ပါတယ်။
ပေတ၀တ္ထုပါဠိတော် ခလ္လာဋိယပေတီ ၀တ္ထုမှာ ပင်လယ်ထဲမကျွတ်မလွတ်ဖြစ်နေတဲ့
ပြိတ္တာမတစ်ယောက် အ၀တ်အစားရဖို့ အတွက် ငါးပါးသီလလုံတဲ့ သင်္ဘောသားတစ်ယောက် ကိုအ၀တ်တွေလှူပြီး
အမျှပေးလိုက်တာ အ၀တ်အစားတွေရသွားတယ်။

(၂) အပ်စပ်တဲ့ ဆွမ်းတို့ သင်္ကန်းတို့ ဆေးတို့ဖြစ်ရမယ်။
ဒီလိုအလှူပွဲမှာ ငွေတွေမလှူသင့်ဘူး။ အလှူခံမယ့်ရဟန်းမှာ
ကိပ္ပိယ ဒကာပါရင်တော့ လှူကောင်းပါတယ်။

(၃)ဘယ်နေ့ ဘယ်ရက် ဘယ်နှစ်နာရီမှာ
အမျှပေးဝေမယ့်အကြောင်း
သေသူကိုတိတိကျကျပြောဆိုပြီး ဖိတ်ကြားရပါမယ်။

(၄)ဖြစ်နိုင်ရင် အလှူရှင်ကိုယ်တိုင် ဖြစ်စေ
တရားပေးမယ့် ဆရာတော်ကဖြစ်စေ
အိမ်စောင့်နတ် မြို့စောင့်နတ် တောစောင့်နတ် တောင်စောင့်နတ်
နတ်အပေါင်းတို့ကို အခုလိုမေတ္တာရပ်ခံပန်ကြားရပါမယ်။
“အိမ်စောင့်နတ် မြို့စောင့်နတ် တောစောင့်နတ်
တောင်စောင့်နတ် အပေါင်းတို့ သေဆုံးသူမောင်နီတစ်ယောက်
ပေးဝေသောအမျှကို သာဓုခေါ်နိုင်ရန်
ဤမြို့တွင်း ဤအိမ်းတွင်းသို့ လာခွင့်ပြုကြပါ။
ကျွှန်ုပ်တို့ပေးဝေးသော အမျှကို မောင်နီတစ်ယောက်
သာဓုခေါ်နိုင်အောင် ဘုရားဂုဏ် တရားဂုဏ်ကို သံဃာ ဂုဏ်ကို
ဦးထိပ်ထားပြီး အသင်တို့ကိုယ်တိုင်ဖိတ်ကြားပေးပါ။
အသင်တို့ကိုယ်တိုင် အသိပေးကြပါ။

ဒီလေးချက်နဲ့ ညီအောင်လုပ်ပေးရင် ပြိတ္တာဘ၀က ကျွတ်လွတ် သွားမှာသေချာတယ်။

(ဆရာတော် အရှင်ဇ၀န)

(လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်)