မိမိစကားမပြောချင်တဲ့သူတွေကိုပြောစရာမလိုအောင်လုပ်ပေးတော့မည့် Twitter

ပို့စ်တင်ချိန် - 5/06/2014 08:15:00 AM



နာမည်ကြီး Social Media Websites တစ်ခုဖြစ်သည့် Twitter က၎င်းတို့၏ စာမျက်နှာတွင် Mute Annoying Friends အမည်ရှိစကားမပြောချင်သူ ကိုပြောစရာမလိုပဲအသံတိတ်နေသည့်စနစ်ကိုထည့်သွင်းထားတော့ မည်ဖြစ်ကြောင်းသိရသည်။

ယင်းစနစ်ကို Unfollow လုပ်စရာမလိုဘဲသုံးနိုင်မည်ဖြစ်သည့်အပြင် လက်ရှိမှာ Twitter ကယင်းစနစ်ကိုစမ်းသပ်နေကြောင်းသိရသည်။

ယင်းစနစ်ကို သင့်နှင့်သူငယ်ချင်းဖြစ်သူများတွင်သာအသုံးပြုနိုင်မှာဖြစ်ပြီး သုံးမယ်ဆိုရင် သင် Mute လုပ်ချင်တဲ့သူငယ်ချင်းရဲ့ Profile ကိုနှိပ် ၊ ပြီးရင် Gear Menu ထဲကိုဝင်လိုက်ရင် Mute Functionကိုတွေ့ရမှာဖြစ်ကြောင်း သိရသည်။

ယင်းစနစ်ကိုသိပ်မကြာခင်အချိန်မှာရရှိမှာဖြစ်ပြီးသင့် Mute လုပ်ချင်တဲ့သူ ငယ်ချင်းတွေကို Mute လုပ်ထားကာသင့်ရဲ့စိတ်အေးချမ်းသာမှုတွေကို Twitter နှင့်အတူ ကုန်ဆုံးနိုင်ပါလိမ့်မည်ဟု Twitter က ဆိုထားသည်။

Ref : RTTNews

Wai Phyo Aung (TSJ Team)