ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်တွင် (၁၂)ဘီးယာဉ်မှ ဆိုင်ကယ်အား ကြိတ်မှုဖြစ်ပွား

ပို့စ်တင်ချိန် - 5/06/2014 04:04:00 PM


၅-၅-၂၀၁၄ ရက်နေ့ ည(၁၀း၃၀)နာရီအချိန်တွင် ပဲခူးမြို့၊ ကျွန်းသာယာရပ်ကွက်၊ ရန်ကုန်-မန္တလေးကားလမ်း၊ “ကျွန်းသာယာစက်သုံးဆီအရောင်းဆိုင်”အနီးတွင် ပဲခူးဘက်မှ ရန်ကုန်ဘက်သို့ မြင့်ဌေး(ခ)မြင့်မြတ်ဌေး (၄၁)နှစ် (ဘ)ဦးမြသောင်း၊ တပင်ရွှေထီးလမ်း၊ ကျွန်းသာယာရပ်ကွက်၊ ပဲခူးမြို့ နေသူမောင်းနှင်လာသည့် ၂၇ယ/၉၅၇၇၈ ဖီလင်အမျိုးအစားဆိုင်ကယ်မှာ စက်သုံးဆီအရောင်းဆိုင်ဘက်သို့ ချိုးကွေ့စဉ် ရန်ကုန်ဘက်မှ ပဲခူးမြို့တွင်းဘက်သို့ ယာဉ်မောင်း ကျော်ကျော်နိုင် (၃၄)နှစ် (ဘ)ဦးတင်အုန်း၊ ပန်းတိုင်ကျေးရွာ၊ ဒိုက်ဦးမြို့နယ်နေသူမောင်းနှင်လာသည့် 3A/4337 NISSAN Diesel TRUCK အမျိုးအစား စိမ်းဝါရောင်(၁၂)ဘီးယာဉ်မှ ရှေ့ယာဉ်(၁)စီးအား ကျော်တက်လိုက်စဉ် ဆိုင်ကယ်အားတိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသူ မြင့်ဌေး(ခ)မြင့်မြတ်ဌေးမှာ လမ်းပေါ်သို့လွင်စင် ပြုတ်ကျသွားပြီး (၁၂)ဘီးယာဉ်မှ ဆိုင်ကယ်အား တက်ကြိတ်ခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ မြင့်ဌေး(ခ)မြင့်မြတ်ဌေးတွင်လည်း ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်သူ 3A/4337 ယာဉ်မှ ယာဉ်မောင်း ကျော်ကျော်နိုင်အား ပဲခူးအမှတ်(၃)နယ်မြေရဲစခန်း ယာဉ်(ပ)၃၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ၊ ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
by သန့်ဇင်
ဓာတ်ပုံပဲခူးတိုင်းဒေသကြီးရှုထောင့်မီဒီယာအဖွဲ့