ဗိုလ်မှူးတစ်ယောက်ထံမှ ခိုးယူလာသော ပစ္စတိုအား စမ်းသပ်ပစ်ခတ်ရာမှ အမျိုးသမီးတစ်ဦးအား သေနတ်ထိမှန်

ပို့စ်တင်ချိန် - 5/06/2014 04:37:00 PM


၅၊၅၊၁၄ရက်နေ့ နေ့လည် (၁၂)နာရီ(၃၀)မိနစ် အချိန်က အင်းတော်မြို့နယ်
အပိုင် နောင်မိုးကျေးရွာ တွင် အမျိုးသမီးတစ်ဦး သေနတ်ထိမှန်မှု
တစ်ခုဖြစ်ခဲ့ကြောင်းသိရှိရပါသည်၊

ဖြစ်စဉ်မှာ နောင်မိုးကျေးရွာအရှေ့တောင်ဘက်(၂)ဖါလုံခန့်အကွာကားလမ်းနဘေးရှိ လယ်ကွက်အတွင်း နောင်မိုးရွာနေ မသောင်းမြိုင်(၄၀)နှစ်၏
ညာဘက်ရင်သားအောက်သို့ သေနတ်ထိမှန်ခဲ့ရာ သေနတ်ပစ်ခတ်သူမှာ (၁၄)နှစ်သားအရွယ်ရှိ ---(ခ)-------ဖြစ်ကြောင်းစစ်ဆေးဖေါ်ထုတ်နိုင်ခဲ့ပါသည်၊

(၁၄)နှစ်သားအရွယ်ရှိ ---(ခ)------- အားအသေးစိပ်စစ်ဆေးခဲ့
ရာ သူသည် ၂၀၁၃ခုနှစ် ရန်ကုန်မြို့သို့ အလုပ်သွားလုပ်ရာမှ ဗိုလ်မှူးထက်ထက်နိုင်၊ ခမရ (၁၀၅)၊ဆားမှော်၊၏တပ်သားသစ်စုဆောင်းခြင်း ခံရပြီး အသက်မပြည့်သေးသည့်အတွက်ဗိုလ်မှူးထက်ထက်နိုင်၏ တပ်တွင် ထမင်းချက်လုပ်ကိုင်နေခဲ့ကြောင်း၊

ထိုသို့ထမင်းချက်လုပ်ကိုင်ရာမှ ဗိုလ်မှူးထက်ထက်နိုင်ကိုင်ဆောင်သည့် T6586 Burma Army ၉မမ ပစ္စတိုသေနတ်ကိုခိုးယူ၍ ၄၊၅၊၁၄ရက်နေ့မီးရထားဖြင့် ထွက်ပြောလာခဲ့ပြီး နဘာဘူတာအရောက်တွင် ရထားပေါ်မှဆင်း၍ သေနတ်ကိုခါးကြားထိုးခါ လမ်းလျှောက်လာခဲ့ပြီး နောင်မိုးရွာအနီးအရောက်တွင်ခိုးယူခဲ့သော ပစ္စတိုသေနတ်အား စမ်းသပ်ပစ်ခတ် ကြည့်ရာမှ အနီးရှိမသောင်းမြိုင်
ကို ထိမှန်သွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖေါ်ဖြေကြားခဲ့ပါသည်၊

ထိုဖြစ်စဉ်အပေါ် အင်းတော်ရဲစခန်းမှ ---(ခ)-----အား ညနေ(၄)နာရီ(၅၀)မိနစ်တွင် (ပ)၄၇/၂၀၁၄၊
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၃၈ဖြင့်အမှုဖွင်ထားကြောင်း
သိရှိရပါသည်၊-------(ခ)------ ပစ်ခတ်ခဲ့သော ၉မမ ပစ္စတိုတစ်လက်၊၄င်းကျည်အိမ် (၁)ခု၊ကျည်(၈)တောင့်နှင့် ပစ်ပြီး ကျည်ခွံ(၁)တောင့်တို့အား သက်သေခံအဖြစ် သိမ်းဆည်း
ထားကြောင်း သတင်းရရှိပါသည်။

ဟာဂျူလီ-ကသာ