ကိုရီးယား မင်းသမီးများ ကဲ့သို့ အသားအရေ လှပလိုလျှင်

ပို့စ်တင်ချိန် - 5/06/2014 08:14:00 AM


အသားအရေထိန်း ပစ္စည်းတွေနဲ့ မိတ်ကပ်တွေ ကောင်းမွန်တာကြောင့် ကိုရီးယားမင်းသမီးတွေရဲ့ အသားအရေက  ချောမွေ့လှပရတာ ဖြစ်သလို သူတို့ရဲ့ အသားအရေ ထိန်းသိမ်းနည်းတွေက စနစ်ကျတာကြောင့် လှပရတာ ဖြစ်တယ်လို့  ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါကြောင့် သူတို့လို အသားအရေ အလှကို ပိုင်ဆိုင်လိုသူတိုင်း လိုက်နာသင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။


ရေ အလုံအလောက် သောက်ခြင်း

ကိုရီးယားမင်းသမီးတွေက တစ်နေ့တာကို ရေတစ်ဖန်ခွက်သောက်ပြီး စတင်လေ့ရျိပါတယ်။ ခန္ဓာကိုယ်ထဲက ရေဓါတ် ပမာဏဟန်ချက်ညီစေဖို့ ရေဓါတ်ပါတဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို အများအပြား စားလေ့ရှိပါတယ်။

ကြက်သီးနွေးရေနှင့် စတင်သန့်စင်ပြီး ရေအေးဖြင့် အဆုံးသတ်ခြင်း

မျက်နှာသန့်စင်ဆေးကြောတာက အသားအရေ ထိန်းသိမ်းမှုမှာ အရေးကြီးဆုံး ဖြစ်တယ်လို့ ကိုရီးယား လှပျိုဖြူတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့က မျက်လုံးမိတ်ကပ် ဖျက်ဆေးတွေကို နေ့စဉ် ပုံမှန် သုံးကြပါတယ်။ ပြီးရင် မျက်နှာ သန့်စင်တဲ့ ခရင်မ်ကို လိမ်းပြီး မိတ်ကပ်တွေကို ဖျက်ပါတယ်။ ပြီးမှ နူးညံ့တဲ့ မျက်နှာ်သစ်ဆေးသုံးကာ မျက်နှာသန့်စင်လေ့ ရှိပါတယ်။

အရင်ဆုံး ကြက်သီးနွေးရေ ဒါမှမဟုတ် အခန်းအပူချိန် မှာထားတဲ့ ရေကို သုံးပြီး မျက်နှာသန့်စင်ပါတယ်။ ပြီးမှ ချွေးပေါက်တွေ ပိတ်သွားစေဖို့ ရေအေးနဲ့ မျက်နှာ်သစ်ပါတယ်။

၄၂၄ အသားအရေ သန့်စင်နည်း

ကိုရီးယားမင်းသမီးတို့ ပြုလုပ်လေ့ရှိတဲ့ မျက်နှာသစ်နည်း လျှို့ဝှက်ချက်တစ်ရပ်က ၄၂၄ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သုံးပြီး မျက်နှာသန့်စင်တာက မျက်နှာပြင်အနှံ သန့်ရှင်းစင်ကြယ်ကာ ချောမွေ့စေပါတယ်။

၎- သန့်စင်ဆေး အဆီ ဒါမှမဟုတ် သန့်စင်ဆေး ခရင်မ်ကို သုံးပြီး မျက်နှာတစ်ပြင်လုံးကို ၄ မိနစ်ကြာ နှိပ်နယ်ပေးကာ မျက်နှာသန့်စင်ဆေး သုတ်လိမ်းပေးပါ။

၂- ကြက်သီးနွေးရေနဲ့ ၂ မိနစ်ကြာဆေးကြောပေးပြီးမှ ရေအေးနဲ့ ၂ မိနစ်ကြာ ဆေးကြော ပေးဖို့ပဲ ဖြစ်ပါတယ်။

၎- မျက်နှာသန့်စင်ဆေးကြောတဲ့နောက်ဆုံး ၄ မိနစ်က အလွန်အရေးကြီးပါတယ်။ ကြက်သီးနွေးရေက ချှေးပေါက်တွေကို ပွင့်သွားစေပြီး မျက်နှာမှာ ကပ်ငြိနေတဲ့ ချွေးပါက်က အညစ်အကြေးတွေကို ကင်းစင်သွားစေပါတယ်။ ရေအေးနဲ့ ဆေးကြောတာကတော့ ချွေးပေါက်တွေ ကို ပိတ်သွားစေပါတယ်။ အသားအရေ ချောမွေ့တောက်ပြောင်အောင် သုံးတဲ့ သူတို့ သုံးတဲ့ နည်းတစ်နည်းက မျက်နှာကို နွားနို့နဲ့ ဆေးကြောတာပဲ ဖြစ်ပါတယ်။

ကိုရီးယားမင်းသမီးတို့၏ မျက်နှာပေါင်းတင်နည်း

ကိုရီးယား မင်းသမီး အများစုက မျက်နှာအသားအရေ တောက်ပကြည်လင်စေဖို့ သဘာဝ ပစ္စည်းတွေကို သုံးပြီး မျက်နှာတင်မက လည်ပင်းပါ ပေါင်းတင်လေ့ရှိပါတယ်။ အသားအရေ ခြောက်သွေ့နေရင် အစိုဓါတ် ထိန်းပေးနိုင်တဲ့ ပေါင်းတင်နည်းကို သုံးသင့်ပါတယ်။

ကိုရီးယားမင်းသမီးတို့ ပြုလုပ်လေ့ရှိတဲ့ သဘာဝပေါင်းတင်နည်းကတော့ ပျားရည်တစ်ဆ၊ ရေနှစ်ဆရောပြီး မျက်နှာပြင် အနှံ့သုတ်လိမ်းပြီး နှိပ်နယ်ကာ ရေနဲ့ ဆေးကြောတာပဲ ဖြစ်ပါတယ်။ ဒီပေါင်းတင်နည်းကို နှစ်ပတ်တစ်ကြိမ် သုံးနိုင်ပါတယ်။ ဒီနည်းနဲ့ ပေါင်းတင်ပေးတာကြောင့် အသားအရေကို ကြည်လင်တောက်ပစေပြီး အရေးအကြောင်းတွေကို ကင်းစင်စေပါတယ်။

ကိုရီးယားမင်းသမီး အများစုဟာ အသားအရေ ခြောက်သွေ့နေချိန်မှာ ပျားရည်ထမင်းစားဇွန်း တစ်ဇွန်း၊ နှို့မှုန့် ထမင်းစားဇွန်း တစ်ဇွန်းနဲ့ ကြက်ဥ၊ ဘဲဥ အကာ တစ်လုံးတို့ကို ရောမွှေပြီး ၀ါဂွမ်းစနဲ့ မျက်နှာပြင် အနှံ့လိမ်းပါတယ်။ မိနစ် ၂၀ကြာမှ ရေနဲ့ ဆေးကြောသန့်စင်လေ့ရျိပါတယ်။

Emulsion လိမ်းခြင်း

Emulsion ဆိုတာ အစိုဓါတ်ထိန်း ဂျဲလ်အမျိုးအစားဖြစ်ပြီး ဟိုက်ရာလူရိုးနစ် အက်ဆစ်လို အစိုဓါတ်ထိန်း ပါဝင်ပစ္စည်း တွေပါပြီး အရေပြားထဲ စိမ့်ဝင်ရောက်နိုင်ပါတယ်။ အသားအရေကို ချောမွေ့နူးညံ့စေပါတယ်။

Essence လိမ်းခြင်း

Essence ကတော့ အသားအရေကို ပိုဖြူဝင်းစေ၊ ပိုလင်းလက်စေတဲ့ ခရင်မ်တစ်မျိုးပါ။ ဆဲလ်တွေကို ပြန်လည်အားရှိစေတဲ့အတွက် အရေပြားမဖြစ်အောင် ကာကွယ်ပေးပါတယ်။

Serum လိမ်းခြင်း

ကိုရီးယားမင်းသမီးတွေက အိုမင်းမှုကို တားဆီးပေးတဲ့ Serum ကိုသုံးလေ့ ရှိပါတယ်။ ဒါကြောင့် သူတို့အသားအရေဟာ နုပျိုတင်းရင်းနေတာ ဖြစ်ပါတယ်။

အိုင်းခရင်မ်လိမ်းခြင်း

ကိုရီးယားမင်းသမီးတွေက တစ်နေ့လုံးတာရှည် အလုပ်လုပ်ရတာကြောင့် မျက်ကွင်းညိုတာနဲ့ မျက်ဝန်းတစ်ဝိုက် အရေးအကြောင်း ထင်တာတို့ မဖြစ်စေဖို့ အိုင်းခရင်မ်လိမ်းလေ့ရှိပါတယ်။

ညအချိန် အသားအရေ ထိန်းသိမ်းနည်း

ကိုရီးယားမင်းသမီးတွေက နေ့ခင်ဘက်တွေမှာ မိတ်ကပ်ပြင်ဆင်ရတာကြောင့် ညနေခင်း အိမ်ပြန်ရောက်ချိန်မှာ အသားအရေကို အမြဲထိန်းသိမ်းလေ့ရှိပါတယ်။ ညဘက်မှာ အသားအရေ ထိန်းတာကြောင့် အသားအရေကို ပိုကြည့်ကောင်းစေသလို စိတ်ဖိစီးမှု ပြေလျော့ကာ လန်းဆန်းသွားစေပါတယ်။ သူုတို့က ညဘက်မှာ အသားအရေ သန့်စင်တာ တိုနာလိမ်းတာနဲ့ အစိုဓါတ်ထိန်း ခရင်မ် လိမ်းတာ စတဲ့ အခြေခံ နည်းသုံးရပ်ကိုပဲ လုပ်ဆောင်လေ့ ရှိပါတယ်။

နံနက်ခင်းတွင် မျက်နှာဖောင်းအစ်မှု လျော့ကျစေရန် ထိန်းသိမ်းနည်း

မျက်နှာအသားအရေ တင်းရင်းဖို့နဲ့ ဖောင်းအစ်မှု လျော့ကျစေဖို့အတွက် ရေခဲတုံးနဲ့ နှိပ်နယ်လေ့ရှိပါတယ်။ ဆံချည်မျှင် အရွယ် သွေးကြောလေးတွေ ထိခိုက်နေချိန်မှာ ရေခဲတုံးနဲ့ ဖိပြီး ညင်ညင်သာသာ နှိပ်နယ်ပေးတာက မျက်နှာအရေပြား ရောင်ရမ်းမှု လျော့ကျသွားပါတယ်။

မျက်နှာသုတ်ပ၀ါကို မျက်နှာအတွက် သီးသန့်ထားရှိခြင်း

မျက်နှာသုတ်တဲ့ ပ၀ါနဲ့ ကိုယ်ခန္ဓာသုတ်တဲ့ ပ၀ါကို သီးသန့်စီထားလေ့ရှိကြပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်ကို ပေါင်းအုပ်တဲ့ ပ၀ါကို သီးသန့်ထားလေ့ရှိသလို ဆံပင်အခြောက်ခံစက် မသုံးဘဲ ဆံပင်သားတွေကို ခြောက်သွေ့အောင် သီးသန့်ထားရှိတဲ့ ပ၀ါနဲ့ သုတ်လေ့ရှိပါတယ်။ ဒါကြောင့် မျက်နှာမှာ အဖုအပိန့်နဲ့ ဓါတ်မတည့်မှုတွေ ဖြစ်နိုင်ခြေ လျော့နည်းကြောင်း သိရပါတယ်။

ပူပြင်းသော ရာသီတွင် ဖောင်ဒေးရှင်း အရည် အသုံးနည်းခြင်း

ပူပြင်းတဲ့ ရာသီဥတုတွေမှာ ဖောင်ဒေးရှင်းအရည်တွေနဲ့ ဖောင်ဒေးရှင်းထူထူတွေ အသုံးပြုတာ နည်းပါးလေ့ရှိပါတယ်။ ဒါ့အပြင် မိတ်ကပ်ထူထူကိုလည်း မသုံးဘဲ နေပူရှိန်ကို ကာကွယ်နိုင်စွမ်း မြင့်မားတဲ့ နေကာခရင်မ်ကို မှန်မှန်လိမ်းလေ့ရှိပါတယ်။ တကယ်လို့ မျက်နှာမှာ အပြစ်အနာအဆာ ရှိနေရင် မိတ်ကပ်ထူထူလိမ်းပြီး ဖုံးအုပ်တာမျိုး မလုပ်ဘဲ ကွန်ဆဲလ်လာလိမ်းပြီး ဖုံးကွယ်တဲ့နည်းကို သုံးလေ့ရှိကြပါတယ်။ ဒါကြောင့် ကိုရီးယားမင်းသမီးတွေရဲ့ မျက်နှာအသားအရေက ပြစ်မျိုးမှဲ့မထင် လှပနေကြတာပါ။


credit: ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)