ဆံပင်အရှည်မြန်ပြီး သန်စွမ်းစေဖို့အတွက် သင်မသိခဲ့တဲ့အချက်များ (အပိုင်း-၂)

ပို့စ်တင်ချိန် - 5/06/2014 10:12:00 AM



အမျိုးသားတွေရော၊ အမျိုးသမီးတွေပါ တစ်ခါတစ်လေ ကိုယ်ညှပ်လိုက်တဲ့ ဆံပင်က အရမ်းတိုသွားလို့ ဒါမှမဟုတ် ကြည့်မကောင်းလို့ ဆံပင်မြန်မြန်ရှည်ချင်ကြတာမျိုးတွေ ရှိပါတယ်။ အဲ့ဒီလိုအချိန်မျိုးတွေမှာ ဆံပင်ရှည်မြန်စေတဲ့ အချက်ကလေးတွေကို သေသေချာချာ ဂရုစိုက်လုပ်ပေးမယ်ဆိုရင် သင့်ဆံပင်မှာ အရှည်မြန်ပြီး သန်စွမ်းလာမှာပါ။ ဆံပင်ရှည်မြန်စေဖို့ သိထားရမယ့် အချက်တွေ (၅) ချက်ကို အပိုင်း ၁မှာ ပြောပြခဲ့ပြီးပါပြီ။ ခုအပိုင်း (၂)မှာ ထပ်ပြောပြပေးမယ့် အချက်တွေကတော့

၆။ဆံပင်ကို mask သုံးပြီး ပေါင်းပေးပါ။

ဆံပင်ကို mask သုံးပြီးပေါင်းတင်လို့ ရနေပါပြီ။ ဖြစ်နိုင်ရင် ညအိပ်ခါနီး ပေါင်းတင်ထားလိုက်ပြီး အဲ့ဒါနဲ့ အိပ်ယာဝင်လိုက်တာ ကောင်းပါတယ်။ မနက်ကျမှ ပေါင်းတင်ထားတဲ့ သဘက်ကိုဖြည်ချပြီး ခေါင်းလျှော်လိုက်မယ်ဆိုရင် သင့်ဆံပင်ဟာ ပျက်စီးနေတဲ့အပိုင်းတွေ ပြန်လည်ကောင်းမွန်နေမှာဖြစ်ပြီး ဗီတာမင်လည်း ပြည့်ဝနေမှာပါ။

၇။ခေါင်းလျှော်မယ့် ရေအပူချိန်ကို သတိထားပါ။

ခေါင်းလျှော်တဲ့အခါ အပူချိန်မြင့်တဲ့ ရေနဲ့ လျှော်တာမျိုး ရှောင်ကြဉ်ရမှာပါ။ ရေနွေးနဲ့ ခေါင်းလျှော်ခြင်းဟာ ဆံပင်သားတွေကို ခြောက်သွေ့စေလို့ပါ။

၈။conditioner နဲ့ ခေါင်းလျှော်တာမျိုး တစ်ခါတစ်လေပြုလုပ်ပေးပါ။

ခေါင်းလျှာ်ရည်ကို မသုံးဘဲ ဆံပင်ပျော့ဆေးနဲ့ ခေါင်းလျှော်တာမျိုးကလည်း တစ်ခါတစ်လေ ဆံပင်သန်စွမ်းကျန်းမာမှုကို အထောက်အကူဖြစ်စေတယ်လို့ သိရပါတယ်။

၉။ရေများများသောက်ပါ။

ရေများများ သောက်ပေးခြင်းဟာ သင့်ကျန်းမာရေးအတွက် အထာက်အကူပြုသလို သင့်ဆံပင်သန်စွမ်းဖို့အတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။

၁၀။ဆံပင်အရှည်နှေးရကောင်းလားဆိုပြီး ပုံမှန်သုံးနေကျ product တွေကို ပြောင်းလဲမပစ်ပါနဲ့။

ကိုယ့်ဆံပင်ကို အရှည်နှေးလို့ စိတ်မရှည်ဖြစ်ပြီး သုံးနေကျ ခေါင်းလျှော်ရည်တွေ ပြောင်းပစ်တာမျိုး၊ လိမ်းနေကျ ဆံပင်အားဖြည့်ဆေးတွေကို နောက် product တစ်မျိုး ပြောင်းသုံးတာမျိုးတွေ မဖြစ်ပါစေနဲ့။

Trend Myanmar