လက်ရှိခန္ဓာကိုယ်အချိုးအဆက်ကို ပိုမိုဂုဏ်ယူသည့် ကယ်လီဘရွတ်ခ်

ပို့စ်တင်ချိန် - 5/06/2014 05:39:00 PM


သူမအနေဖြင့် ပိန်ပိန်လှပ်လှပ် မိန်းကလေးမျိုး ဖြစ်ရသည်ထက် လက်ရှိအခြေအနေကိုသာ သဘောကျ ဂုဏ်ယူကြောင်း ကယ်လီဘရွတ်ခ်က ပြောကြားခဲ့သည်။ အသက်(၃၄)နှစ် အရွယ်ထိ ဘီကနီမော်ဒယ်လ်
တစ်ဦးအဖြစ် အောင်မြင်စွာ ရပ်တည်နိုင်ဆဲဖြစ်သော ကယ်လီက သူမ၏ ခန္ဓာကိုယ် အလေးချိန်ကို ယခုထက် လျှော့ချသင့်ကြောင်း အကြံပြုချက်များအား ပြက်ရယ်ပြုခဲ့သည်။ သူမက လက်ရှိ အခြေအနေတွင် မိမိ၏ ခန္ဓာကိုယ် အချိုးအဆက်နှင့် ပတ်သက်၍ ယုံကြည်မှု အပြည့်ဝဆုံး၊ ကျေနပ်မှု အရှိဆုံးဟု ခံစားနေရကြောင်းလည်း ပြောဆိုခဲ့သေးသည်။


Cosmopolitan၏ Health and Fitness မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကယ်လီက “ကျွန်မဟာ အရမ်းပိန်တဲ့ မိန်းကလေးမျိုးတော့ မဟုတ်ဘူးပေါ့။ ပြီးတော့ ကျွန်မက အစားကောင်း ကြိုက်တယ်လေ”ဟု ဝန်ခံခဲ့သည်။ သူမက “ကျွန်မအတွက်တော့ ဓာတ်ပုံရိုက်ကွင်းတစ်ခု မတိုင်ခင် ထိုင်ထ အကြိမ်(၁၀၀၀)လောက် လုပ်ရဖို့ ဆိုတာမျိုးက ပြဿနာ မဟုတ်ဘူး။ ကျွန်အတွက် အရေးကြီးတာက လတ်ဆတ် လန်းဆန်းနေဖို့ပါပဲ။ ကျွန်မမှာ ကျေနပ်လောက်စရာ ခန္ဓာကိုယ် အချိုးအစားမျိုး ရှိနေပြီးပြီ။ ဒါကို ပြောင်းလဲပစ်ဖို့ ကျွန်မ ဘယ်တုန်းကမှ စိတ်ကူးမကြည့်ခဲ့မိဘူး”ဟုလည်း ပြောကြားခဲ့သည်။

သူမက လက်ရှိ ကာယလေ့ကျင့်ရေးမှူးသစ် အက်ရှ်လေဘော်ဒန်၏ နည်းစနစ်များက ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။ “အက်ရှ်လေနဲ့ လေ့ကျင့်ရတာ တကယ်ပင်ပန်းပါတယ်။ ကျွန်မရဲ့ ကြွက်သားသန်မာမှု အပိုင်းကို အဓိကထားတယ်။ ဝိတ်မရတာတွေ၊ သဲအိတ်ဆွဲရတာတွေတောင် ပါတယ်။ ကျွန်မအနေနဲ့ ခန္ဓာကိုယ် အလှအပကို ထိန်းသိမ်းဖို့ အကသင်တန်းတက်တာမျိုး၊ ယောဂလေ့ကျင့်တာမျိုးတွေ ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခုအခြေအနေကတော့ လုံးဝ ကွဲပြားသွားတယ်။ ကျွန်မ ဂျင်ဂျစ်ဆု သင်တန်းတွေ၊ အစ္စရေးစစ်တပ်မှာ သင်ပေးတဲ့ ကရက်ဗ်မာဂါ သင်တန်းတွေလည်း တက်ဖူးတယ်။ ဒီလို ပညာရပ်မျိုးတွေကိုလည်း ကျွန်မ သဘောကျတယ်”ဟု ကယ်လီက ဖွင့်ဟသွားသည်။

planet myanmar network