မဟာမုနိ ရုပ်ရှင်တော်မြတ် ပရိဝုဏ်အတွင်း အင်တာနက် အခမဲ့အသုံးပြုနိုင်

ပို့စ်တင်ချိန် - 5/06/2014 10:17:00 AM


မန္တလေး မေ ၅

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ပရိဝုဏ် အတွင်း အင်တာနက်အခမဲ့ သုံးစွဲနိုင်ရန် Red Link Communication Co., Ltd. က ဧပြီ ၃၀ ရက်က တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရသည်။ Red Link ကုမ္ပဏီအနေဖြင့် မန္တလေးမြို့တွင် ပထမဆုံးတပ်ဆင်လှူဒါန်း ခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူ ၅၀၀ အထိ တစ်ပြိုင်နက်အသုံးပြုနိုင်ကာ လူတစ်ဦးချင်း 512 GB အထိ သုံးစွဲနိုင်သည်။ မဟာမုနိဘုရား ရင်ပြင်၊ လိပ်ကန် ဝန်းကျင်အထိ wifi free zone အဖြစ် အသုံးပြုနိုင်သည်။ Red Link ကုမ္ပဏီ အနေဖြင့် မန္တလေးတက္ကသိုလ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ တွင်လည်း ဆက်လက်တပ်ဆင်ပေးသွားရန်ရှိကြောင်း သိရသည်။

မဟာမုနိဘုရားကြီးအတွင်း အင်တာနက်ဝိုင်ဖိုင် အခမဲ့သုံးစွဲနိုင်ရန် Myanmar Crystal Shine က ၂၀၁၃ ခုနှစ်က လှူဒါန်းခဲ့ဖူးပြီး Red Link ကုမ္ပဏီက ဒုတိယမြောက် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

MOI Webportal Myanmar