ခန္ဓာကိုယ် အောက်ပိုင်းအလှကို လူအများ သတိပြုမိစေလိုသည့် ကိတ်အပ်တန်

ပို့စ်တင်ချိန် - 5/06/2014 05:38:00 PM


သူမ၏ ခန္ဓာကိုယ် အောက်ပိုင်းအလှသည် လူအများ အာရုံစိုက်မှုကို ခံရလေ့မရှိကြောင်း ကိတ်အပ်တန်က ဝန်ခံပြောကြားခဲ့သည်။ အသက်(၂၁)နှစ် အရွယ်ရှိ လုံးကြီးပေါက်လှ အမေရိကန် စူပါမော်ဒယ်လ်က သူမ၏
ခန္ဓာကိုယ်တွင် ရင်သားအလှကိုသာ လူအများ သတိပြုမိကြပြီး ယင်းအခြေအနေကို အားမရဟု ဆိုသည်။ ကွတ်ခ်အိုင်းလန်းစ်တွင် Sports Illustrated မဂ္ဂဇင်းအတွက် အလှဓာတ်ပုံများ အရိုက်ခံခဲ့သည့် ဘီကနီမော်ဒယ်လ်က အဆိုပါ ဓာတ်ပုံရိုက်ချက်များတွင်မူ သူမ၏ တင်ပါးအလှကိုပါ ပိုမိုပေါ်လွင်စေရန် ရည်ရွယ်ထားကြောင်းလည်း ပြောကြားခဲ့သည်။



သူမသည် တောက်ပသည့် ရောင်စုံဘီကနီ ဒီဇိုင်းများဖြင့် ကိုယ်ဟန်ပြနေခဲ့ခြင်း ဖြစ်သည်။ “တော်တော်များများလည်း သိကြပါတယ်။ ကျွန်မရဲ့ အဆက်အပေါက်အရ လူတွေက တင်ပါးအလှကို သိပ်ပြီး အာရုံမစိုက်ကြဘူး။ ဒီဓာတ်ပုံ ရိုက်ချက်တွေကတော့ ထိုက်တန်တဲ့ အာရုံစိုက်မှုမျိုး ရယူနိုင်မယ်လို့ ထင်ပါတယ်”ဟု ကိတ်က ဆိုသည်။ The Other Woman ဇာတ်ကားဖြင့် ဟောလီးဝုဒ်တွင် ခြေလှမ်းစတင်ခဲ့သည့် ကိတ်က ယခုဓာတ်ပုံများနှင့် ပတ်သက်၍ ယုံကြည်မှု အပြည့်အဝ ရှိနေကြောင်းလည်း ဖွင့်ဟခဲ့သေးသည်။

“နွေးထွေးတယ်၊ ကောင်းမွန်တယ်ဆိုတဲ့ ခံစားချက်မျိုး ရှိနေတယ်။ စိတ်လည်းလှုပ်ရှားမိတယ်။ ကျွန်မအတွက်တော့ ဓာတ်ပုံရိုက်ဖူးသမျှ အကောင်းဆုံး အတွေ့အကြုံ တစ်ခုပါပဲ”ဟုလည်း ကိတ်က တက်ကြွမှုအပြည့်ဖြင့် မှတ်ချက်ပေးခဲ့သည်။ ကိတ်သည် Sports Illustrated၏ ပင်တိုင်မော်ဒယ်လ် တစ်ဦးအဖြစ် စတင်နာမည်ကြီးလာသူ တစ်ဦးဖြစ်သည်။ ယခုနှစ် အစောပိုင်းကလည်း Sports Illustrated မဂ္ဂဇင်းသည် နယူးဇီလန် လေကြောင်းလိုင်းတို့ ပူးပေါင်းသည့် အစီအစဉ်တစ်ရပ်ဖြင့် ဩစတြေးလျ မော်ဒယ်လ် ဂျက်ဆီကာဂိုမက်ဇ်ကို ကွတ်ခ်အိုင်းလန်းစ်တွင် ကြော်ငြာဓာတ်ပုံများ တာဝန်ယူ ရိုက်ကူးပေးခဲ့ဖူးသည်။

planet myanmar network