အစိုးရ၀န်ထမ်း ပြန်လွှတ်ပေးရန် ကေအိုင်အေ သဘောတူထား

ပို့စ်တင်ချိန် - 5/06/2014 04:42:00 PM

ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ)က ဖမ်းဆီးထားသည့် အစိုးရ၀န်ထမ်းတစ်ဦးကို ပြန် လွှတ်ပေးရန် ကေ အိုင်အေဘက်မှ သဘောတူပြီးဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီ အကြီးတန်းအရာရှိ ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

တပ်မတော်မှ ကချင်ဒုက္ခသည် ၁၄ဦး ဖမ်းဆီးသွားသည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီ က သတင်းထုတ် ပြန်လိုက်သော မေလ ၃ ရက်တွင်ပင် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေး တစ် ဦးအပါအ၀င် စုစုပေါင်းအရပ်သား ၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) မှ သိရ သည်။

မေလ ၃ ရက် နေ့လယ် ၁၁ နာရီဝန်းကျင်တွင် ကချင်ပြည်နယ်၊ မြစ်ဆုံဘက်သို့ အသွားကချင်ချောင်းသာ အပန်းဖြေ စခန်းသို့ သွားလည်ပတ်သည့် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ အငယ်တန်းစာရေးတစ်ဦးနှင့် အရပ် သားအမျိုးသားတစ်ဦးကို ကေအိုင်အေက ဖမ်းဆီးသွားသည်ဟုဆိုသည်။

“ကေအိုင်အေက ပြောတာက တပ်ပြေးတွေကို လိုက်ဖမ်းရင်းနဲ့ ဒီပြည်နယ် စာရေးက ညပ်ပါသွားတာပါ။ ဒီနေ့မဟုတ် နက်ဖြန်လွှတ်ပေးဖို့ကို ကေအိုင်အေက သဘောတူပြီးပါပြီ” ဟု ပြောသည်။

ယင်း မေ ၃ ရက် မွန်းလွဲ ၂ နာရီတွင်ပင် ကချင်ချောင်းသာအပန်းဖြေစခန်း၌ မြစ်ကြီးနားမြို့နေ အရပ်သား ခြောက်ဦးကို သေနတ်အတို လေးလက်၊ အရှည်လေးလက်ဖြင့် လူရှစ်ဦးက လာရောက်ဖမ်းဆီး သွားသည် ဟု မပခမှ အထက်တန်းအရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါဖမ်းဆီးခံ ခြောက်ဦးထဲကမှ တစ်ဦးမှာ လက်ကျိုးနေသည့်အတွက် ပြန်လွတ်လာပြီး ဖြစ်စဉ်အသေး စိတ်ကို ပြန် ပြောပြ ခြင်းဖြစ်သည်ဟု ဆိုသည်။

မေလ ၃ ရက်တွင် စုစုပေါင်း ရှစ်ဦး ဖမ်းဆီးခံရပြီး တစ်ဦး ပြန်လွတ်လာသည့်အတွက် ခုနစ်ဦး ကျန်ရှိနေ သေးသည်။ ပြန်လွတ်လာသူ၏ ပြောကြားချက်အရ တောထဲတွင်ဖမ်းထားသည့် လူဦးရေ စုစုပေါင်း အယောက် ၂၀ ၀န်းကျင်ကို မျက်မြင်တွေ့ခဲ့ရပြီး မိန်းကလေးလေးဦး ပါဝင်သည်ဟု မပခမှတစ်ဆင့် သိရ သည်။

အစိုးရ၀န်ထမ်းအပါအ၀င် ခုနစ်ဦးကို တပ်မဟာ(၁)၊ တပ်ရင်း(၄) တွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး အစိုးရ ၀န်ထမ်း မဟုတ်သည့် ကျန် ခြောက်ဦးကိုတော့ ကေအိုင်အေ၏ တပ်ပြေးဟုတ်မဟုတ်စစ်ဆေးပြီး အရပ် သားဆိုလျှင် ပြန်လွှတ်ပေးမည်ဟု ကချင်ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှတစ်ဆင့် သိရသည်။

၂၀၁၃ အောက်တိုဘာ ၁၀ ရက် တပ်မတော်နှင့် ကေအိုင်အိုတို့၏ အစည်းအဝေးမှ ထုတ်ပြန်ထားသည့် သဘောတူညီချက်တွင် နှစ်ဖက်တပ်များလိုက်နာရမည့် အချက်များပါဝင်သည်။ အဆိုပါ သဘောတူ ညီ ချက်များအရ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရန် တပ်မတော်ဘက်မှ တောင်းဆိုသွားမည်ဟု မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများအရေးကို တပ်မတော်နှင့် ကေအိုင်အေ နှစ်ဖက်တွေ့ ဆုံမည့် မေလ ၁၃ ရက် တွေ့ဆုံပွဲတွင် လည်း တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆွေး နွေးဖွယ်ရှိသည်ဟု မြောက်ပိုင်းတိုင်း စစ် ဌာနချုပ်မှ သိရသည်။

Mizzima - News in Burmese