Physiotherapy အဆစ်နာနေသူတွေအတွက် ‘ဖီဇီယိုသာရာပီ’ အကြံပြုချက်များ

ပို့စ်တင်ချိန် - 5/06/2014 09:21:00 AM



• တင်ပလင်ခွေ ကြာရှည်မထိုင်ပါနဲ့။
• လှေကားအရှည်ကြီး (အမြင့်ကြီး) မတက်ပါနဲ့။
• ဒူးကိုကွေးနေအောင်ထိုင်ရတဲ့ နိမ့်ရာမှာ ကြာကြာမထိုင်ပါနဲ့။
• ဒူးထောက် မထိုင်ပါနဲ့။
• ဆောင့်ကြောင့်ထိုင်တာ ရှောင်ပါ။
• ကိုယ်အလေးချိန်များနေရင် လျှော့ချပါ။
• လမ်းလျှောက်တာ ကောင်းတယ်။ ဒါပေမဲ့ အမြန်လျှောက်တာ၊ Jogging ‘ဂျော်ကီ’ လုပ်တာ၊ စက်ဘီးစီးတာတွေက နာလာရင် ဆက်မလုပ်ပါနဲ့။
• အိမ်သာကို ဒူး ၉ဝ ဒီဂရီ၊ ခါးမတ်မတ်ထိုင်ရတဲ့ Western commodes ဗိုလ်သုံးအမျိုးအစားကိုသာသုံးပါ။
• ထိုင်စရာရှိရင် မတ်တပ်ရပ်မနေပါနဲ့။
• စီးသွားစရာရှိရင် လမ်းလျှောက်မနေပါနဲ့။
• ‘ဖီဇီယို’ ဆရာဝန်ကနေညွှန်တဲ့ စနစ်ကျတဲ့လေ့ကျင့်ခန်းကိုသာ လုပ်ပါ။

Dr. တင့်ဆွေ
၅-၅-၂ဝ၁၄