ဦးဝင်းချိုအား သံခြေကျင်းခတ်၍ ရုံးထုတ်စစ်ဆေးခဲ့သောကြောင့် ကျောက်တံတားမြို့နယ်တရားရုံးရှေ့တွင် (Performance)တစ်ခုပြုလုပ်

ပို့စ်တင်ချိန် - 5/06/2014 09:14:00 PM


ရန်ကုန်၊မေ ၆။

ဦးဝင်းချိုအား (ယနေ့) ကျောက်တံတားမြို့နယ် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတွင် သံခြေကျင်းခတ်၍ ရုံးထုတ်စစ်ဆေးခဲ့သောကြောင့် လယ်သမားအရေးဆောင်ရွက်သူများနှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများ ကလည်း (Performance)တစ်ခုကို မေ ၆ရက်က ကျောက်တံတား
မြို့နယ်တရားရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ခြေကျင်းဝတ်ခတ်ပြီးတော့ ရုံးထုတ်စစ်ဆေးတာမဖြစ်သင့်ဘူး။ နှစ်ကြီးကျတဲ့လူတွေကိုခြေကျင်းဝတ်ခတ်လို့ရတယ်။ အခုဦးဝင်းချိုက နှစ်ကြီးကျတာမဟုတ်ဘူး။သူရဲ့ပြစ်မှုတွေ အားလုံးကလည်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြီးဆုံးသွားပြီ၊အခုက ပုဒ်မ ၁၈နဲ့တရားစွဲခံတားရတဲ့
ကိစ္စလေးနဲ့ ရုံးထုတ်စစ်ဆေးတာကို သံခြေကျင်းခတ်ပြီးစစ်ဆေးတယ်၊၂၀၀၈ ဖွဲ့စည်းပုံအခြေခံမှာပြဌာန်းထားတဲ့ ပုဒ်မ-၃၅၄ အပိုဒ်ခွဲ(က)မှာ
နိုင်ငံသားတိုင်းသည် လွတ်လပ်စွာရေးသားခွင့်ရှိတယ်၊ဖော်ပြခွင့်ရှိတယ်။ဒါကြောင့် ဒီနေ့ ကျွန်တော်တို့ ဦးဝင်ချိုကို သံခြေကျင်းခတ်ပြီးတော့
ရုံးထုတ်စစ်ဆေးတဲ့အတွက် အခုလို Performance တစ်ခု လုပ်တာပါ ဒါကိုတမျိုးထင်ပြီးတော့ တရားစွဲမယ်ဆိုရင်လည်း ကျွန်တော်တို့ဘာမှ
မပြောလိုပါဘူး”ဟု ကိုဝေဠုက ပြောသည်။

“သူတို့အခုလို့ လုပ်တာကို အထက်ကခိုင်းတဲ့အတွက် ကျွန်တော်တို့လာစောင့်ကြည့်ရတာပါ ဆန္ဒပြတာမဟုတ်တဲ့ အတွက် ကျွန်တော်တို့အရေးယူမှု
တွေလုပ်ဖို့အစီစဉ်မရှိပါဘူး Performance သတ်သတ်ပဲဆိုတော့ ပြဿနာမရှိပါဘူး။သံခြေကျင်းခတ်ပြီးတော့ ဦးဝင်းချိုကို ရုံးထုတ်စစ်ဆေးတာကလည်း
အရင်က ပစ်မှုတွေကြောင့် သူကိုအခုလို လုပ်ဆောင်ပြီးတော့စစ်ဆေးရတာပါ ။အရင်က အပစ်အားလုံး လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ခဲ့ပေမယ့်
နောက်ထပ် ဖမ်းဆီးခံရမယ်ဆိုရင် ဒီလူကို အခုလို သံခြေကျင်း ခတ်ပြီးတော့ ရုံးထုတ်စစ်ဆေးလို့ရတယ်။အရင်က အပြစ်အတွက် ပြန်လည်ခြေကျင်းဝတ်ခတ်ခံရတာပါ”ဟု ကျောက်တံတားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးယုကြည်ကဆိုသည်။

၎င်းလယ်သမားအရေးဆောင်ရွက်သူများနှင့်နိုင်ငံရေးအကျဉ်းသားဟောင်းများသည် အင်းစိန်ထောင်အတွင်း၌ရှိသောအကျဉ်းသား (၆၀၀၀)နှင့်အတူ ဗိုလ်မှူးဟောင်း နေမျိုးဇင်တို့တောင်းဆိုခဲ့သော ထောင်တွင်း ရေဒီယိုရရှိရေး၊နိုင်ငံရေးအကျဉ်းသားများခြေကျင်းဖြုတ်ပေးရေး၊ငြိမ်းညီပုဒ်မ ဥပဒေကြမ်းသစ် သမ္မတအတည်ပြုရေး၊အစိုးရနှင့်နိုင်ငံသားများ ထာဝစဉ်သင့်မြတ်ရေး၊ တန်းတူညီမျှဥပဒေဖော်ဆောင်ရေး  ၊စသည့်အချက်များကိုလည်းတောင်းဆိုသွားခဲ့သည်။

ယခု ရုံးချိန်းသည် ဦးဝင်းချို၏ တတိယမြောက် ရုံးချိန်ဖြစ်ပြီး မေလ ၂၀ ရက်နေ့တွင် ပြန်လည်ရုံးတင် စစ်ဆေးမည်ဖြစ်ကြောင်း ကိုဝေဠုထံမှ သိရသည်။

ချစ်မင်းထွန်း

The Myanma Age