မညှာမတာ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ရေလုပ်ငန်းကဏ္ဍဟာ အစိုးရသစ်လက်ထက်မှာ နဂိုရှိရင်းစွဲဟိုဘက်အစိုးရဟောင်း လက်ထက်တုန်းကထက်တောင် လျော့သွားတဲ့သဘောရှိတယ်

ပို့စ်တင်ချိန် - 10/25/2013 11:18:00 AM


မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး
ဦးဝင်းကြိုင် နှင့် တွေ့ဆုံခြင်း
စီးပွားရေးပိတ်ဆို့မှုလည်း မရှိတော့ဘူး GSP (အခွန် အထူးသက်သာခွင့်)လည်း ရပြီဆိုတော့ ငါးလုပ်ငန်းကဏ္ဍမှာ ဘာတွေတိုးတက်သွားလဲ။
စီးပွားရေး ပိတ်ဆို့မှုလည်း လွတ်သွားပြီ။ GSP လိုအခွင့်အရေးမျိုးလည်းရဖို့အတွက် အခြေအနေရှိလာပြီ။ အဲဒီ အချိန်မှာ ဘာတိုးတက်သွားသလဲ ဆို တော့ အဲဒီဈေးကွက် ကို ငါးတွေပိုပြီး တင်ပို့နိုင်တဲ့အခြေအနေ၊ ဒီအခွင့်အရေး ကြောင့် ဈေးကွက်အသစ်တွေ ဖြစ်ထွန်း လာတယ်လို့ ပြောလို့ရပါတယ်။
အဲဒီကင်းလွတ်ခွင့်တွေကြောင့် အကျိုး သက်ရောက်မှု ဘယ်လောက်ထိ ရှိသွားပါသလဲ။
အကျိုးသက်ရောက်မှု အနေနဲ့က တော့ ထူးခြားတဲ့ ကိန်းဂဏန်းအရ ကြီး ကြီးမားမားတော့ ဒီနှစ်ထဲမှာ သိပ်တွေ့ ရဦးမယ်လို့ မထင်ဘူး။ အနည်းငယ် လောက် ပဲ တွေ့ရနိုင် တဲ့ သဘောရှိတယ်။ ဘာတွေ အခက်အခဲ ဖြစ်နေတာလဲဆို တော့ ဒီနေ့မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်နှစ်ခွဲ လောက်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ထုတ် လုပ်မှုဆိုင် ရာ၊ ဈေးကွက် ဆိုင်ရာ၊ ငွေလဲ နှုန်းဆိုင်ရာ အခက်အခဲတွေကြောင့် ထုတ် လုပ်မှုကို ကျဆင်းစေတဲ့သဘောရှိတယ်။ တစ်အချက်က နောက် ဒါက မွေးမြူ ထုတ်လုပ်ရေးအပိုင်းပေါ့။ ဖမ်းဆီး ထုတ် လုပ်မှုအပိုင်းကတော့ ရာသီဥတုကြောင့် အခက်အခဲဖြစ်ပြီးတော့ ဖမ်းဆီးရရှိမှု လျော့ပြီးတော့ နှစ်အချက်က ဖမ်းလို့ရ တဲ့ ငါးတွေ အရွယ်တွေ ငယ်နေတယ်။ အဲဒီအခက်အခဲတွေ ရှိနေတယ်။ အဲဒီ အခက်အခဲပေါ်မှာ အဲဒီထုတ်လုပ်မှုနယ် ပယ်ပေါ်မှာ အခြေခံပြီးပို့ရတဲ့ပို့ကုန်လုပ် ငန်းတွေ ဖြစ်နေတော့ အဲဒီထုတ်လုပ်မှု နယ် ပယ်တွေမှာပြဿနာအသီးသီး၊ မွေး မြူထုတ်လုပ်မှုအပိုင်းကတော့ ခုနက အချက်သုံးချက်ပေါ့။ ထုတ်လုပ်မှုပိုင်းမှာ ဖြစ်ပေါ်နေတာက အရင်းအနှီး မလုံ လောက် တာတို့၊ အရှုံးတွေပေါ်တာတို့၊ ထုတ်လုပ်မှုစရိတ်တွေ မြင့်တာတို့၊ အဲဒီ အတွက်ကြောင့် ထုတ်လုပ်မှု ကျဆင်း နေပါတယ်။
ဒါက ပုစွန်ရော၊ ငါးရော ပေါ့ မွေးမြူထုတ်လုပ်မှုအပိုင်းမှာ ဒါက ပြဿနာတစ်ခု၊ ဖမ်းဆီးထုတ်လုပ်မှု အ ပိုင်းကျတော့ ရာသီဥတုနဲ့ သဘာဝပတ် ဝန်းကျင်အခြေအနေကြောင့် အဖမ်းအ ဆီး လျော့တာတို့၊ အထိအမိနည်းတာ၊ အကောင်တွေ ငယ်လာတာတို့ အဲဒါမျိုး အခက်အခဲရှိပါတယ်။ အဲဒီ အခက်အခဲ တွေပေါ်မှာ တင်ပို့မှုအပိုင်းမှာ လာပြီးေ တာ့ တိုးတက်အောင် လုပ်ဖို့အတွက် အကန့်အသတ်၊ အဟန့်အတားတွေ ရှိ တယ်လို့ ပြောလို့ရတယ်။ ဘယ်လိုပဲ ဈေးကွက်ပိုင်းဆိုင်ရာ အခြေ အနေေ ကာင်းေ တွ ပေါ် လာပေမယ့် တိုးပြီးတော့လုပ် ဖို့အတွက် အဲဒီလို အကျပ်အတည်းတွေ က ၊ အခက်အခဲတွေက အဟန့်အတား တွေဖြစ်တယ်၊ တစ်အချက် က။ နှစ် အချက် က မွေြး မူထုတ်လုပ်မှု အပိုင်းမှာက ဥရောပ၊ အမေရိကန်အပါအဝင် နိုင်ငံ တွေက လက်ခံတဲ့ကုန်က ပုစွန်ဟာ သူ တို့ဆီက နှစ်သက်တဲ့ သဘောရှိတယ်။ ဒီမှာက ပုစွန်  Industry ဟာ လုံးဝရပ်သ လို ကျတဲ့သဘောရှိတယ်။ ပြည်ပပို့ကုန် အတွက်ရော၊ ပြည်တွင်းစားသုံးဖို့အ တွက်တောင် မနည်းကြိုးစားပြီးမွေးနေရ တဲ့ သဘောရှိတယ်။ ဒီဘက် မှာ ဖြ စ်နေ တဲ့ ပြဿနာပေါ့။
ဒါက နံပါတ်(၁) ပြဿနာပေါ့။ နံပါတ် (၂) ပြဿနာက သူတို့ ဈေးကွက်တွေမှာလိုအပ်တဲ့ ငါး တွေ၊ လိုအပ်တဲ့ဈေးကွက်ဆိုင်ရာလိုအပ် ချက်ပေါ်မှာ ထုတ်လုပ်မှုနဲ့ ညှိကြည့်တဲ့ အခါကျတော့သူတို့လိုအပ်ချက်က ပုစွန် လိုချင်တယ်၊ တီလားပီးယားငါး လိုချင် တယ်။ ဒီမှာက အဲဒါတွေ အဆင်သင့်မရှိ ဘူး။ ထုတ်လုပ်မှုပိုင်းက ဒါကို ထုတ်လုပ် မှုပိုင်းအရ စီမံချက် ဆွဲပြီးတော့ အ ကောင်အထည်ဖော်ရဦးမယ့် အခြေအ နေမှာ ရှိတယ်။ လက်တွေ့ မထုတ်နိုင် ဘူး။ မထုတ်နိုင်တဲ့ အခါကျတော့ ငါး မွေးမြူ ထုတ်လုပ်မှု အပိုင်းမှာက ဒီမှာ မွေးနေတဲ့ငါးက ပွင့်လာတဲ့ဈေးကွက်ကြီး တွေနဲ့ အရမ်းကြီးမဆိုင်ဘူး။ အနည်း အကျဉ်းတော့ဆိုင်တယ်။ သူတို့လိုချင် တဲ့ ဈေးကွက်မှာ အများကြီးလိုချင်တဲ့ငါးကို ဒီမှာ မထုတ်နိုင်သေးဘူး။ ထုတ်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်အောင် ဖန်တီး ပေးရမယ်။ အဲဒီအပိုင်းက ကျွန်တော်တို့ ဘက်က ညှိပြီး ပြင်ရဦးမယ့် အပိုင်းပေါ့။ ပုစွန်ဆိုလည်း သူတို့ လိုချင်တဲ့ ပုစွန်ကို ကန်တွေထဲမှာ မွေးပြီးထုတ်နိုင်တဲ့ အ ဆင့်ဖြစ်အောင် လိုအပ်ချက်က ဘာတွေ လဲပေါ့။ အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်း ပြီးတော့ ပုစွန်မွေးမြူရေး ထုတ်လုပ်မှု တက်အောင် လုပ်ရမယ်။ ကျွန်တော်တို့ မွေးနေတဲ့ငါးက သူတို့ အဓိကစားချင်တဲ့ ငါးမဟုတ်ဘူးဆိုရင် သူတို့ ဘာငါးစာ ချင်တာလဲ၊ တီလားပီးယား စားချင်တာ လား၊ တီလားပီးယားစားချင်တယ်ဆို ရင် အဲဒီငါးကို ပြောင်းမွေးပြီးတော့ သူ တို့ ဈေးကွက်ကို ပို့နိုင်အောင် လုပ်ပေး ရမယ်။ ကျွန်တော်တို့ ဘက်က လက်ရှိ အခြေအနေမှာ ပြုပြင်ပြောင်းလဲပေးရ မယ့် အချက်ပေါ့။ အဲဒီပြုပြင်ပြောင်းလဲ ရမယ့် အချက်တွေ ကျွန်တော်တို့ မလုပ် နိုင်သေးဘူး။ ဈေးကွက်တွေက ဖွင့် လာ တယ်။ GSP ရတယ်လို့ ပြောတယ်။ သို့ သော်လည်း အလုံးအရင်းနဲ့ ပို့ဖို့ကျတော့ ကျွန်တော်တို့ ထုတ်တဲ့ ထုတ်ကုန်က သူတို့ ဈေးကွက်လိုအပ်ချက်နဲ့ မကိုက် ညီသေး ဘူး။ ကိုက်ညီတဲ့ ပစ္စည်းဖြစ် အောင် ပြုပြင်ပြီး ထုတ်လုပ်ပေးရမယ်။
ငါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကလိုအပ်ချက်က ဘာတွေပါလဲ။
ငါးလုပ်ငန်းကဏ္ဍအဓိက ဖွံ့ဖြိုးတိုး တက်ဖို့ အတွက်ဆိုရင်တော့ နံပါတ်တစ် က ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက် ပြည့်မီ အောင် လုပ်ပေးရမယ်။ (၂) အချက်က နည်းပညာဆိုင်ရာ လိုအပ်ချက်ကို ဖြည့် ပေးရမယ်။ နံပါတ် (၃) အချက်ကတော့ ဈေးကွက်ဆိုင်ရာ နည်းဗျူဟာကို စနစ် တကျ ချမှတ်ပြီးတော့ ရေးဆွဲရမယ်။ နံပါတ် (၄) အချက် ကေ တာ့ မွေးမြူ ထုတ်လုပ်မှုအပိုင်း၊ မွေးမြူထုတ်လုပ်လို့ ရတဲ့ ပစ္စည်းကို သယ်တာရှိတယ်။ ဖမ်း လို့ရတဲ့ ဟာတွေကိုလည်း သယ်ယူပို့ ဆောင်တဲ့ အပိုင်းရှိတယ်။ ဥပမာ ရခိုင် တို့၊ မြစ်ဝကျွန်းပေါ်တို့မှာ ဖမ်းလို့ရတာ တွေကို သယ်လာတဲ့အပိုင်းတွေ ရှိ တယ်။ နောက်အဲဒီသယ်လာတဲ့ ပစ္စည်း တွေကို အအေးခန်းစက်ရုံတွေနဲ့ ပြုပြင် ထုတ် လုပ်တဲ့ အပိုင်းရှိတယ်။
အဲဒီ ဖမ်း တာတွေ၊ သယ်တာတွေ၊ ထုတ်တာတွေ အားလုံးအတွက် အဓိက လိုအပ်ချက်က လမ်းတွေ၊ လျှပ်စစ်တွေ ပြည့်မီဖို့ လို တယ်။ လမ်းဆိုရင် ကောင်းရမယ်၊ အချိန်တိုအတွင်း ရောက်ရမယ်၊ မီးဆို ရင် အချိန်ပြည့် ရရမယ်။ အဲဒါတွေ ပံ့ ပိုးပေးဖို့ လိုအပ်တယ်။ အဲဒါမှ ရေလုပ် ငန်းကဏ္ဍရဲ့ ထုတ်လုပ်မှု၊ တင်ပို့မှုတွေ တိုးတက်လာမယ့်
သဘောရှိတယ်။ နောက်တစ်ချက်အနေနဲ့ ပြောလို့ရတာ ကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်ဖို့ လိုတယ်။ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ဘာကြောင့် ဝင်ရောက်ဖို့ လိုသလဲ ဆိုတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင် ရောက်လာရင် အရင်းအနှီးတွေ ပါလာ မယ်၊ တစ်အချက်။ နှစ်အချက်က နိုင်ငံ တကာရဲ့ နောက်ဆုံးပေါ် ခေတ်မီ နည်း ပညာတွေ ပါလာမယ်။ နံပါတ် (၃) အချက်ကတော့ သူတို့နဲ့ ဈေးကွက်ပါလာ မယ်။ အဲဒါကြောင့် ရေလုပ်ငန်းကဏ္ဍထဲကို အလုံးအရင်းနဲ့ ရောက်လာဖို့ လို တယ်။ အဲဒါတွေ FDI ကို ရေလုပ်ငန်း က မျှော်နေမယ်ဆိုရင်လည်း အဲဒီမျှော် ဖို့အပိုင်းမှာ အရေးကြီးတဲ့တစ်အချက်က လမ်းပန်းဆက်သွယ်မှု ကောင်းဖို့ပဲ။ လမ်းတို့၊ မီးတို့ ပြည့်မီရေးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ်မှာ အဓိကလိုအပ် ချက်ပဲ။ အဲဒါတွေကို ပံ့ပိုးပေးဖို့လိုတယ်။
မြန်မာ့ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့ တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ပြိုင် နိုင်ဖို့ဆိုရင် ဘယ်လောက်ထိ အချိန်ယူ ရမှာပါလဲ။
အချိန်တစ်ခုတော့ ယူကို ယူရလိမ့် မယ်။ အဲဒါဘာလဲဆိုတော့ ထုတ်လုပ်မှု ကျင့်စဉ်တွေရှိတယ်။ နိုင်ငံတကာဈေး ကွက်ကို ရေထွက်ကုန်ပစ္စည်း ဖြန့်ရင် မွေးတာပဲဖြစ်ဖြစ်၊ ဖမ်းတာပဲဖြစ်ဖြစ် ထုတ်လုပ်မှု နည်းစနစ်ကျင့်စဉ်တွေ ရှိ တယ်။ ကမ္ဘာက သတ်မှတ်ထားတဲ့စံ နှုန်းတွေအတိုင်း ထုတ်လုပ်ပေးဖို့ လို တယ်။ ပြီးရင် မွေးလို့ ဖမ်းလို့ ရလာတဲ့ ငါးတွေကို သယ်တဲ့အပိုင်းမှာလည်း နိုင်ငံတကာ ကျင့်ဝတ်၊ စံနှုန်းတွေမှာ လည်း လတ်ဆတ်နေအောင်သယ်ဖို့ လို တယ်။ နောက်အအေးခန်းတွေ ရောက် လို့ရှိရင် ပြုပြင် ထုတ်လုပ်ပြီး ထိန်းသိမ်း ထားရမယ်။ အဲဒီအပိုင်းတွေကလည်း ခေတ်မီအဆင့်မြင့် နည်းစနစ်တွေနဲ့ ကျင့်သုံးနိုင်တဲ့ အဆင့်ဖြစ်ဖို့ ကျွန်တော် တို့ ဘက်က လိုအပ်တယ်။ အဲဒီအပိုင်းက နိုင်ငံတကာ ဈေးကွက်မှာ သူများတွေ နဲ့ ယှဉ်ရောင်းဖို့က သူများနိုင်ငံတွေက ရေလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဥပမာ အရှေ့တောင်အာရှ၊ အာဆီယံ ၁ဝ နိုင် ငံထဲမှာ ရှေ့တန်းရောက်နေတဲ့ ထိုင်းတို့ ဗီယက်နမ်တို့ဆိုရင် ကမ္ဘာ့ဈေးကွက်တွေ ထဲမှာ အဲဒီလိုစံနှုန်းတွေနဲ့ ကမ္ဘာ့ဈေး ကွက်ထဲမှာ စံချိန်မီအောင် ရောင်းနေ ကြတယ်။
ကျွန်တော်တို့လည်း အဲဒီလို ကြိုးစားရမှာပေါ့။ အဲဒီကြိုးစားမှုက သိပ်မခက်ဘူး။ အရေးကြီးတာက ရင်း နှီးမြှုပ်နှံမှု လိုအပ်ပြီဆိုရင် နည်းစနစ် ပိုင်းအရ နည်းပညာပိုင်းအရ လိုအပ်မှု ရှိသလို၊ လိုအပ်ရင် ငှားရမယ်။ နိုင်ငံခြား က ပညာရှင်တွေ၊ ဘာတွေ ငှားရမယ်။ အဲဒါတွေ အားလုံးအတွက် ငွေရှိဖို့ လို တယ်။ အရင်းအနှီးရှိဖို့လိုတယ်။ အဲဒီ အပိုင်း က ပြည့်စုံလို့ရှိရင် နည်းပညာ ပိုင်းက အချိန်မရွေး အကူအညီ ယူလို့ ရတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ မွေးမြူ၊ ဖမ်းဆီးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှု တိုးမြင့်အောင် Financial Support လုပ်ပြီး အဲဒါနဲ့အတူ Technical Support  လုပ်ပြီး ပံ့ပိုးကူညီမှုပါ ရောက်လာပြီ။ တစ်ဖက်ကလည်း နိုင်ငံတကာဈေးကွက်မီတဲ့ ပစ္စည်းထုတ်နို င်ပြီ။ ဈေး ကွက်ကလည်း ကျွန်တော်တို့ ပစ္စည်းကို လက်ခံပြီဆိုရင် ထုတ်လုပ်မှုနဲ့ ဈေးကွက်  ချိတ်ပြီး ရပ်တည်နိုင်တဲ့ အဆင့်ကို ရောက်သွားပြီပေါ့။ အဲဒါရဲ့ အဓိက အကျဆုံးကတော့ လုံလောက်တဲ့ ရင်းနှီး မြှုပ်နှံမှုပံ့ပိုးကူညီဖို့က အဓိကအချက်ပဲ။ အဲဒီရင်းနှီးမြှုပ်နှံမှုထည့်သွင်းလိုက်တာ နဲ့ ကျန်တဲ့အခြေအနေတွေ သူ့အလိုလို တစ်ပြိုင် နက် ဖြစ်ပေါ် လာမယ်။ အချိန် လည်း သိပ်မပေးရတော့ဘူး။ အချိန် လည်း မကြာတော့ဘူး။
ပြည်ပဈေးကွက်ရဲ့ လိုအပ်ချက်က ပုစွန် လို့ ဆရာပြောခဲ့သလိုပဲ လိုအပ်ချက် အရ တခြားမတင်ပို့နိုင်သေးတဲ့ ရေထွက်ကုန်ပစ္စည်း အမယ်တွေက ဘာ တွေပါလဲ။ ဘယ်လို အခက်အခဲတွေ ကြောင့် မတင်ပို့နိုင်တာလဲ။
ရေထွက်ပစ္စည်းက နှစ်ပိုင်းပဲရှိ တယ်။ ဖမ်းတာနဲ့ မွေးတာ နိုင်ငံတကာ ဈေးကွက်တွေမှာက ငါးကြီးငါးကောင်း တွေပဲ စားရတာ။ အသေးအမွှားလေး တွေ။ အရသာနည်းတဲ့ ငါးတွေ သူတို့ မစားဘူး။ ပုစွန်ဆိုရင်တော့ သူတို့ကြိုက် တယ်။ ဈေးကောင်းပေးပြီး ဝယ်စားကြ တယ်။ ဒါပေမဲ့ ဖမ်းဆီးရရှိမှုအပိုင်းမှာ တစ်နှစ်ထက်တစ်နှစ် အားနည်းလာ တယ်။ အခြေအနေအရပ်ရပ်ကြောင့် ဖမ်းဆီးရရှိမှု လျော့တယ်။ ပြန်ပွား အောင်လည်း ကျွန်တော်တို့ မဖန်တီးနိုင် ဘူး။ တခြား ဆက်စပ်နေတဲ့ နိုင်ငံတွေ၊ ကမ္ဘာ့ရာသီဥတု အခြေအနေတွေနဲ့ သက်ဆိုင်နေတယ်။ ကမ္ဘာမှာလည်း ဖမ်း ဆီးရရှိမှု တဖြည်းဖြည်း လျော့ကျလာနေ တယ်။ ခေတ်မီတဲ့ နိုင်ငံကြီးတွေလည်း ထိန်းတယ်လို့ ပြောပေမယ့် မထိန်းနိုင် ဘူး။ တကယ် အစားထိုးပေးရမှာက မွေးမြူထုတ်လုပ်မှု အပိုင်းပေါ့။ မွေးမြူ ထုတ်လုပ်မှုအပိုင်းက ငွေကြေး၊ အရင်း အနှီးတွေပဲ လိုတယ်။ အဓိကေ တာ့ မွေး မြူေ ရးအပိုင်းမှာဆိုရင် အမယ်စုံ မွေးမြူ နိုင်ရမယ်။ တစ်မယ် နှစ်မယ်တည်းကို မွေးနေလို့ မရဘူး။ စီးပွားဖြစ်မျိုးစုတွေ အားလုံးကို မွေးနိုင်ရမယ်။ ဥပမာ ငါး မြစ်ချင်း ဆိုရင် မဏ္ဍိုင်ထားပြီး မွေးရမယ့် ငါးပေါ့။ ကျွန်တော်တို့နိုင်ငံမှာ မွေး တယ်။ ကျွန်တော်တို့နိုင်ငံမှာ ပေါက် တယ်။ ပြည်တွင်းလည်း စားတယ်။ ပြည်ပလည်းတင်ပို့တယ်။ ဒါ့အပြင် တီ လားပီးယားဆိုရင် မွေးတာ နည်းသေး တယ်။ တီလားပီးယား ပေါက်ပြီးတော့ ဥရောပ၊ အမေရိကဈေးကွက်တွေကို ပို့ရမယ်။ နောက်တစ်ခါ ကမ်းရိုးတန်း တစ်ေ လျှာက်မှာ ရေငန်ငါးတွေ မမွေး နိုင်သေးဘူး။ တန်ဖိုးမြင့်တဲ့ မျိုးစိတ်တွေ ကိုလည်း နည်းပညာနဲ့ အရင်းအနှီးထည့် ပြီး မွေးရမယ်။ ငါးရှဥ့်၊ ငါးလင်ပန်းတွေ မွေးရမယ်။ ကဏ န်းတွေ မွေးလို့ရတယ်။ အဲဒါတွေကို တိုးချဲ့ပြီး လုပ်ရမယ်။ ဒါ့ အပြင် ခရု၊ ရေမှော်တို့ မွေးမြူမှုကို လုပ် ရမယ်။ တန်ဖိုးမြင့်ပစ္စည်းကို တစ်မယ်စီ အများကြီး မွေးလိုက်ရင် ဝင်ငွေတွေ အများကြီးရမယ်။ ဒါပေမဲ့လည်း အ ကြောင်းကြောင်းကြောင့် မလုပ်နိုင်သေး တဲ့အခြေအနေတွေကြောင့် ရေလုပ်ငန်း မှာ နောက်ကျကျန်ခဲ့ရတယ်။ အဲဒီကိစ္စ အတွက် စနစ်ကျတဲ့အစီအမံတွေလိုအပ် တယ်။
ဒါဆိုရင် ရင်းနှီးမြှုပ်နှံမှုနဲ့ နည်းပညာ ပိုင်းသာရလို့ရှိရင် အဲဒီအခက်အခဲတွေ ကို ဖြေရှင်းနိုင်ပြီလား။
အဲဒါက တစ်ပိုင်းလောက်ပဲ မှန် သေးတာပေါ့။ နိုင်ငံတော်ပိုင်းက လမ်း တွေ၊ မီးတွေ ပြည့်စုံအောင် လုပ်ပေးရ မယ်။ ပုစွန်ကန်တွေ၊ ငါးကန်တွေရဲ့ လမ်းပန်း ဆက် သွယ်ရေး က ကောင်းရ မယ်။ ဈေး၊ အအေးခန်းတွေ ရှိတဲ့နေရာ တွေကို အချိန်တိုအတွင်းနဲ့ ရောက်နိုင်ရ မယ်။  လျှပ်စစ်မီးတွေ လိုအပ်တယ်။ ကန်တွေမှာ ရေ တင်တာက အစ၊ အစာ ကျွေးတာက လျှပ်စစ်မီးသုံးနေရတာပဲ။ မြို့ပေါ်မှာလည်း အအေးခန်းစက်ရုံတွေ လျှပ်စစ်မီး ပျက်လို့မရဘူး။ ပြုပြင်ထုတ် လုပ်မှုအပိုင်းမှာ၊ အဲဒီအပိုင်းတွေမှာ ကျွန်တော်တို့နိုင်ငံ တော်တော်အားနည်း နေသေးတယ်။ ဘဏ်စနစ်လည်းကောင်း ရမယ်။ ဆက်သွယ်ရေး၊ အင်တာနက်နဲ့ တယ်လီဖုန်းတွေလည်း ကောင်းရမယ်။ အဲဒီအခြေခံတွေပေါ်မှာ ကျွန်တော်တို့ တိုးအောင် လုပ်လို့ရမယ်။
စီးပွားဘက် နိုင်ငံတွေရဲ့ အားသာချက် မျိုးရဖို့ဆိုရင် ဘယ်လိုအချက်တွေကို အရင်ဆုံး ပြောင်းလဲပေးဖို့ လိုတယ်လို့ ထင်ပါသလဲ။
ရှေ့ကပြောထားတဲ့ အရာအားလုံး ကို တစ်ပြိုင်နက်လုပ်မှရမယ်။ ဒါပေမဲ့ အရင်ဆုံး လုပ်ပေးရမှာက မွေးမြူထုတ် လုပ်တဲ့အပိုင်းမှာ ကန်တွေက အဆင် သင့်ဖြစ်နေတယ်။ အရင်းအနှီး မလုံ လောက်ဘူး ဖြစ်နေတာ။ ဒီကန်တွေ အားလုံး အလုပ်ဖြစ်နေဖို့လိုတယ်။ အဲဒါ ဆိုရင် ထုတ်လုပ်မှုက ချက်ချင်းတက်လာ မယ့်သဘောရှိတယ်။  ကုန်ထုတ်လုပ်မှု တက်လာအောင် လုပ်တဲ့နေရာမှာလည်း ပရမ်းပတာမျိုး မဟုတ်ဘဲနဲ့ ဈေးကွက်လို အပ်ချက်နဲ့ အနောက်ဥရောပတို့၊ အမေ ရိကန်တို့ရဲ့ ဈေး ကွက်လို အပ်ချက်နဲ့ လက်ရှိ ရှိပြီး သားငါးကန်နဲ့ ထုတ်လုပ်မှု ကိုချိန်ညှိရမယ်။ စနစ်တကျလုပ်ပြီးတော့ နောက် ထပ် ဧကချဲ့စရာ မလိုသေးဘူး။ ရှိတဲ့ ဧကတွေ မှာပဲ ဈေးကွက် လိုအပ် ချက် ကို လိုက်လျောညီထွေမှုဖြစ်အောင် လုပ် နိုင်ခဲ့ရင် အတိုင်းအတာတစ်ခုအထိတက် လာမယ့်သဘော ရှိတယ်။ ငါးဆိုရင် တချို့နေရာတွေဆိုရင် နားထားရတယ်။ တချို့နေရာတွေဆိုရင် ထုတ်လုပ်မှုကို လျှော့ထားရတယ်။ နောက်ထပ် ထပ်ချဲ့ လာရမယ့်အပိုင်းက ဒုတိယစဉ်းစားရ မယ့်အပိုင်းပေါ့။ ရှိပြီး သားဧရိယာအ ပေါ်မှာပဲ ကုန်ထုတ်နိုင်အောင် ကြိုးစား ရမယ်။
အစိုးရသစ်လက်ထက်မှာ ရေလုပ်ငန်း ကဏ္ဍ ဘယ်လောက်ထိ ပြောင်းလဲလာ နိုင်ခဲ့လဲ။
မညှာမတာ ပွင့်ပွင့်လင်းလင်း ပြော ရရင်တော့ ရေလုပ်ငန်းကဏ္ဍဟာ အစိုးရသစ်လက်ထက်မှာ နဂိုရှိရင်းစွဲ ဟိုဘက်အစိုးရဟောင်း လက်ထက်တုန်း ကထက်တောင် လျော့ သွားတဲ့ သဘော ရှိတယ်။ လျော့သွားတယ်လို့ ပြောရ မယ်။ အဲဒါဘာဖြစ်လို့လဲဆိုတော့ အစိုး ရကို အပြစ်တင်ပြီးတော့ ဒီစကားကို ပြော တာမဟုတ်ဘူး။ အဲဒီငွေလဲနှုန်း တိုက်စားမှုပေါ့။ နှစ်နှစ်ခွဲလောက် ငွေလဲ နှုန်းကြီး ဒလဟောထိုးကျသွားတဲ့ ဒဏ် ကို မွေးမြူရေးလုပ် တဲ့သူတွေ တော် တော်လေး ခံလိုက်ရ တယ်။ ပုစွန်ရော၊ ငါးရောပေါ့။
အဲဒီအပိုင်းမှာ တော်တော် ခံလိုက်ရတဲ့ဟာက ပြေးလို့လည်းမလွတ် ဘူး။ ရှောင်လို့လည်း မရဘူး။ အားလုံး မှာလာပြီးတော့ သက်ရောက်မှု ရှိတယ်။ ထိခိုက်မှုရှိတယ်။ အဲဒီ ထိခိုက်မှုကြောင့် အရင်းအနှီးတွေ ပျောက်ဆုံးသွားတယ်။ ထုတ်လုပ်မှုတွေ ကျသွားတယ်။ အဲဒီ ပျောက်ဆုံးသွားတဲ့ အရင်း အနှီးတွေကို အခုချိန်ထိ မဖြည့်ဆည်းေ ပးနိုင်တော့ ဘူး။ အရင်းအနှီးကျသွားတာနဲ့ တစ်ပြိုင် နက် ထုတ်လုပ်မှုက အလိုလိုလျော့ကျပြီး သားပဲ။ ဒါကို အထောက်အထားနဲ့ ပြောတာ။ အဲဒီကျဆုံးနေတဲ့ အခြေ အ နေဟာ ဒီအစိုးရသစ်တက်တဲ့အချိန်မှာ ကံမကောင်း အကြောင်းမလှစွာနဲ့ တိုက် တိုက်ဆိုင်ဆိုင် လာဖြစ်တဲ့အတွက်ကြောင့် ဒီအစိုးရသစ်လက်ထက်မှာ ငါးမွေးမြူ ထုတ် လုပ်မှု၊ ငါးဖမ်းဆီးထုတ်လုပ်မှု တွေဟာ အမှန်အတိုင်းဝန်ခံရရင် ကျ ဆင်းသွားတယ်။ တိုးတက်မှု တော်တော် လေးကို နည်းသွားတယ်လို့ ပြောလို့ရ တယ်။
ဒါပေမဲ့ ကျွန်တော် သိသလောက် ကတော့ ဒါကို နိုင်ငံတော်ပိုင်းက လျစ် လျူရှုပြီးတော့ ကြည့်နေတဲ့ အခြေအနေ တော့ မဟုတ်ဘူး။ သူလည်း ပံ့ပိုးကူညီဖို့ အတွက် ငွေကြေးဆိုင်ရာအခက်အခဲတွေ က နိုင်ငံတော်ပိုင်းမှာလည်း ရှိတယ်။ လုပ်ငန်းရှင်ပိုင်းကလည်း အသင်းအဖွဲ့ တွေရော၊ လုပ်ငန်းရှင်တစ်ဦးအလိုက် ရော ဒီအခြေအနေပေါ်မှာ သူ့နည်း သူ့ဟန်နဲ့ ကြိုးစားပြီး ဆောင်ရွက်နေ ကြတယ်။ ဖန်တီးနေကြတယ်။ သို့သော် လည်း ခုနကပြောခဲ့သလိုပဲ တိုးတက်မှု မှာ အဓိကကျတာက ရင်းနှီးမြှုပ်နှံမှု၊ ပံ့ပိုးကူညီမှုရမှ၊ အဲဒါမရရင် ဘယ် လောက်ပဲ ကြိုးစားကြိုးစား တိုးတက်လာ ဖို့ အခြေအနေမရှိဘူး၊ ဒီ အစိုးရသစ် လက်ထက်မှာ ရေလုပ်ငန်းဟာ သိသာ ထင်ရှားတဲ့ အောင်မြင်မှုဘာတွေ ရှိသ လဲပြောရင် ကြိုးစားနေတာကတော့ သိ သာထင်ရှားမှုပဲ။ နိုင်ငံတကာ ဈေးကွက် တွေနဲ့ ဆက်ဆံခွင့်ရတယ်။ စီးပွားရေး ပိတ်ဆို့ အရေးယူမှု လွတ်သွားတယ်။ နိုင်ငံတော်က ၁ဝ ရာခိုင်နှုန်း မကောက် တော့ဘူး။ လျှော့လိုက်တယ်။ ဒါတွေဟာ တိုးတက်မှုတွေပဲ။ အဲဒါကြောင့် ဒီအစိုးရ လက်ထက်မှာ တိုးတက်မှု မရှိဘူးလို့ မျက်စိစုံမှိတ်ပြီးပြောရင် တိုးတက်မှု မရှိဘူး။ ခုနက ပြောခဲ့တာတွေက တိုး တက်မှုပဲ။ အစိုးရဘက်က ထိုက်သင့် တဲ့ ဖြေလျှော့မှုလုပ်ခဲ့တာရှိတယ်။ အဲဒီလို ကိစ္စရပ်တွေက တိုးတက်မှုလို့ ပြောရင် ဒီလိုတိုးတက်မှုက ထုတ်လုပ်မှု တိုးတက် တယ်လို့ ပြောလို့မရဘူး။ ထုတ်လုပ်မှု ကတော့ ကျသွားတယ်။
ထက်ထက်မိုးမြင့်ေ တွ့ ဆုံေ မး မြ န်း သ ည်

popularmyanmar