မေးပါများ စကားရ

ပို့စ်တင်ချိန် - 10/25/2013 11:19:00 AM


ကျွန်မတို့ဖခင်ဆုံးပါးသွားတာ အချိန်အတော်လေးကြာခဲ့ပါပြီရှင့်။ ဒါပေမဲ့အခုထိ အိမ်ထောင်စုစာရင်းကနေ မဖယ်ရသေးပါဘူး။ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားပြောတော့လည်း နောက်မှလာခဲ့လို့ ပြောတာနဲ့ ကျွန်မတို့ လည်း နောက်ထပ်မသွားဖြစ်တော့ပါဘူး။ အခု သန်းခေါင်စာရင်းကောက်တော့မယ် ကြားရလို့ အိမ်ထောင်စုစာရင်းကနေ ကွယ်လွန်သူကို ပယ်ဖျက်ချင်တယ်ဆိုရင် ဘယ်လို လုပ်ရမယ်ဆိုတာ လုပ်ငန်းစဉ် သိပါရစေရှင့်။
ဒေါ်အေးသန်း(မြောက်ဥက္ကလာပ)
ဟုတ်ကဲ့ဒေါ်အေးသန်းခင်ဗျာ။ အရပ်ထဲမှာတော့ လဝကကို သွားရမယ့်အစား ကျားမြီးကိုပြေးဆွဲချင်တော့တယ်ပြောတာလည်း မကြာခဏကြားနေရပါတယ်ဗျာ။ ကျွန်ေ တ်ာတို့ ကိုယ်တိုင်လည်း နိုင်ငံသားကတ်လုပ်ဖို့၊ သန်းခေါင်စာရင်းဝင်ဖို့ လဝကကိုသွားတိုင်း သူတို့ရဲ့လုပ်ငန်းစဉ် အခက်အခဲကြောင့်လားတော့ မပြောတတ်ပါဘူး ခင် ဗျာ။ ခဏခဏရက်ချိန်းပေးတာကို ကိုယ်တိုင်ကြုံခဲ့ရဖူးတယ်။ တလောက လည်း သေပြီးသူရဲ့နာမည်နဲ့ ဖုန်းကတ်မဲပေါက်လို့ပြဿနာတက်ရတဲ့ကိစ္စ သတင်းတစ်ပုဒ် ကြားလိုက် ရပါသေးတယ်။ ကွယ်လွန်သူကို သန်းခေါင်စာရင်းကနေပယ်ဖျက် ပေးဖို့  ဘာတွေလိုအပ်ပါသလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦး စီးဌာနက ညွှန်ကြားရေးမှူး ဦးတင်ချယ်ကို ဆက်သွယ်မေးမြန်းတဲ့ အခါ အခုလို ပြန်လည်ဖြေကြားပေးပါတယ်ခင်ဗျာ။
”သေဆုံးတဲ့သူကို မိသားစုသန်းခေါင်စာရင်းကနေ ပယ်ဖျက်ပေးဖို့ဆိုရင် နံပါတ်တစ် အမှန်တကယ်သေဆုံးကြောင်း ဆရာဝန်ထောက်ခံချက်သို့မဟုတ် သင်္ချိုင်းလက် မှတ်၊ နံပါတ်နှစ် သေဆုံးသည်မှာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်၊ကျေး အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံစာ၊ နံပါတ်သုံး သေဆုံးသူရဲ့ အမည်ပါဝင်တဲ့ မိသားစုသန်းခေါင် စာရင်း(မူရင်း)၊ သေဆုံးသူရဲ့ မှတ်ပုံတင် (ရှိရင်)မူရင်း မိတ္တူတွေနဲ့ ကိုယ်နေထိုင်တဲ့ မြို့နယ် လဝကရုံးများမှာ လာလျှောက်လို့ရပါတယ်။ အဲဒီလိုလာလျှောက်တဲ့သူဟာ အဲဒီ မိသားစုရဲ့ အိမ်ထောင်ဦးစီးဖြစ်ဖို့ လိုအပ်ပါတယ်။ အိမ်ထောင်ဦးစီး မအား လပ်လို့ဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုရှိလို့ဖြစ်ဖြစ် မလာရောက်နိုင်ဘူးဆိုရင်လည်း အိမ် ထောင်ဦး စီးရဲ့ ကိုယ်စားကိုယ်စားလှယ်လွှဲစာနဲ့ မိသားစုစာရင်းကနေ ပယ်ဖျက်ပေးဖို့ လာရောက်လျှောက်ထားခဲ့ရင် နေ့ချင်းပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လုံးဝ လုံးဝ ငွေပေး ဖို့မလိုပါဘူး”
ကျွန်တော်တို့ လှိုင်သာယာမြို့နယ်မှာ ရန်ကုန်မြို့တော်ကြီးရဲ့မြို့နယ် တစ်ခု ဖြစ်ပေမယ့်တောမြို့ေ လးလိုဖြစ်နေပြီး မော်တော် ကားတွေက လည်း မောင်းချင်သ လိုေ မာင်း၊ ကျော်တက်ချင်သလို ကျော်တက်နေကြပြီး ကားနဲ့ လေယာဉ်ပျံမှား လောက်အောင် မောင်းနေကြပါတယ်။ အဲဒီမော်တော် ကားထက် ပိုမြန်တဲ့ယာဉ်တွေလည်း အခု ပေါ်နေပါတယ်။ အဲဒါကတော့ မော်တော်ဆိုင်ကယ်တွေပါပဲ။ ဆိုင်ကယ်တွေက အဲဒီလောက်မြန်အောင် မောင်းနေတဲ့ ကားတွေထက်ကို ပိုမြန်နေပြီး ကား တွေ ကို ကျော်တက်၊ လမ်းဘေးမှာလျှောက်နေတဲ့ ခြေကျင်ခရီးသွားတွေကို ပွတ်ကာသီကာရှောင်နဲ့ ထိမိခိုက်မိပြီး ယာဉ်တိုက်မှု ဖြစ်နေတာ၊ ပြဿနာတက်နေတာ နေ့တိုင်းပါပဲ။ အဲဒီထဲမှာ နံပါတ်ပြားမပါတဲ့ဆိုင်ကယ်၊ လိုင်စင်မပါတဲ့ ဆိုင်ကယ် သမားတွေလည်း အများကြီးပါဗျ။ အဲဒီဆိုင်ကယ်တွေကို ဘယ်လိုအရေးယူဆောင် ရွက်မယ်။ သူတို့ကို  ဘယ်လိုတိုင်ကြားရမယ်ဆိုတာ သိချင်ပါတယ်။
ကိုအောင်အောင်(လှိုင်သာယာ)
ဟုတ်ကဲ့…လှိုင်သာယာက ကိုအောင်အောင်ခင်ဗျား။ ဆိုင်ကယ်ကတော့ လှိုင်သာယာမှ မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့မြို့ထဲလို့ ပြောလို့ရတဲ့ ကမာရွတ်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ အလုံမြို့နယ်တွေမှာလည်း သောင်းကျန်းနေဆဲပါပဲဗျာ။ ညနေ ခြောက်နာရီကျော်ရင် ရပ်ကွက်ထဲမှာ ကလေးတွေကလည်းလမ်းပေါ်တက်ဆော့၊ ဆိုင် ကယ်တွေ၊ စက်ဘီးတွေကလည်း လမ်းပေါ်မှာ ပြိုင်ပွဲကျင်းပနေသလို အပြိုင် အဆိုင်စီးနေကြတာ ညတိုင်းပါပဲဗျာ။ ရပ်ကွက်ထဲမှာဆင်းကြည့်ရင် ဒါဟာညနေတိုင်း၊ ညတို င်းမြင် တွေ့နိုင်တဲ့ကိစ္စပါ။ ပိုဆိုးတာက ဓာတ်ခဲဆိုင်ကယ်လို့ခေါ်တဲ့ ဘက်ထရီ ဆိုင်ကယ်ပါပဲ။ သူတို့ကစီးလာရင် လုံးဝအသံမထွက်တော့ ကလေးတွေကို တိုးမိတိုက် မိတာ မကြာခဏပြဿနာတက်တာ တွေ့နေရပါတယ်ဗျာ။ အဲဒီလို စည်းကမ်းမဲ့၊ လိုင်စင်မဲ့၊ အထိန်းအကွပ်မဲ့နေတဲ့ ဆိုင်ကယ်များကို ဘယ်လိုတိုင်ကြားရမယ်ဆိုတဲ့ ကိုအောင်ေ အာင်ရဲ့ အမေးနဲ့ပတ်သက်ပြီး ယာဉ်ထိန်းတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွေး ကို ကျွန်တော်တို့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ အခုလို ဖြေကြားခဲ့ပါတယ်ခင်ဗျာ။
”ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ် ၃၁ မြို့နယ်မှာ မော်တော် ဆိုင်ကယ် လုံးဝစီးနင်းခွင့်ပြု မထားပါဘူး။ ဒါပေမဲ့ အဲဒီမြို့နယ်တွေမှာ တားဆီး ထားတာကို ချိုးဖောက်ပြီး စီးနင်းနေတယ်ဆိုတာလည်း သိရပါတယ်။ အခါအားလျော် စွာလည်း လိုင်စင်မဲ့တွေကို ဖမ်းဆီးစစ်ဆေးအရေးယူ နေပါတယ်။ ဒီလိုင်စင် မဲ့ တွေကြောင့် ပြည် သူလူထုရဲ့ နစ်နာချက်တွေရှိရင် ဒီလိုမဖြစ်အောင် ကြိုတင်ကာကွယ် တားဆီးချင်တယ်ဆိုရင် ကျွန်တော်တို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို သတင်းပေး တိုင်ကြားလို့ ရပါတယ်။ တိုင်ကြားတဲ့အခါမှာ လိုင်စင်မဲ့နံပါတ် မပါ ဆိုင်ကယ်တွေ စီးနေတာ၊ ဆိုင်ကယ်တွေ အုပ်စုဖွဲ့ပြီး လမ်းပေါ်မှာ စည်းကမ်းမဲ့ရပ်နားထားတာတွေကို ဓာတ် ပုံအထောက် အ ထားနဲ့တကွ တွေ့တဲ့နေရာ အတိအကျကို ၅၁ လမ်း ယာဉ်ထိန်း တပ်ဖွဲ့ရုံးကို သတင်းပေးတိုင်ကြားမယ်ဆိုရင် ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးပြီး ဥပဒေအတိုင်း တိတိ ကျ ကျ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
ကျွန်တော်က မန္တလေးမြို့ကပါ။ ရန်ကုန်မြို့မှာ အဲကွန်းမြို့ပတ်ရထားတွေ ပြေးဆွဲနေတာ၊ ရန်ကုန်-ကျိုက်ထို၊ အဲကွန်းရထားနဲ့ ကျိုက်ထီးရိုးဘု ရားဖူးသွား နေကြ တဲ့သ တင်းတွေဖတ်ရပါတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ ရော အဲဒီလိုမျိုး အဲကွန်းမြို့ပတ်ရထားတို့ မန္တလေး-နေပြည်တော်-ရန်ကုန် အဲကွန်း ရထား တို့ ပြေး ဆွဲပေးဖို့ အစီအစဉ်ရှိမရှိသိလိုပါတယ်။
ဝေယံမင်းသစ်(မန္တလေး)
ဟုတ်ကဲ့ ကိုဝေယံမင်းသစ်ခင်ဗျာ။ မြန်မာနိုင်ငံမှာ အင်္ဂလိပ် ကိုလိုနီခေတ် ကတည်းက စတင်ပြေးဆွဲခဲ့တဲ့ မီးရထားပို့ဆောင်ရေးလုပ်ငန်းက တကယ်တော့ လူကြိုက်များတဲ့ ခရီးသွားအစီအစဉ်တစ်ခုပါ။ မီးရထားကို အကြောင်းပြုပြီး ရေးဖွဲ့တဲ့ ဝတ္ထုတွေ၊ ရိုက်ကူးတဲ့ရုပ်ရှင်တွေလည်း အများကြီး ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ပြောရရင် လူကြိုက်များတဲ့ ကိစ္စထဲမှာပို့ဆောင်ခဈေး ချိုတာလည်း အပါအဝင်ဖြစ်ပါတယ်။ ရန် ကုန်မြို့မှာ အဲကွန်းမြို့ပတ်ရထားစီးရင်တစ်ဦး ၄ဝဝ လို့သိရပါတယ်။ ကိုဝေယံ မေးသလို ရန်ကုန်-မန္တလေး အဲကွန်းရထားကို ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ် ခင်ဗျ။ ကိုဝေယံရဲ့ မေးခွန်းနှစ်ခုနဲ့ ပတ်သက်ပြီးရထားပို့ဆောင်ရေး ဝန်ကြီးဌာနဝန် ကြီးရုံးအဖွဲ့မှူး ဦးဝင်းနောင်ကို ဆက်သွယ်မေးမြန်းတဲ့အခါ အခုလို ပြန်လည်ဖြေကြား ပေးပါတယ် ခင်ဗျား။
”လက်ရှိ ပြေးဆွဲနေတဲ့ ရထားတွေ နေရာမှာ ခရီးသည်တွေ အဆင့်မြင့်မြင့်၊ သက်သောင့်သက်သာနဲ့ သွားလာနိုင်ဖို့ ကျွန်တော်တို့ တစ်ဆင့်ချင်း အစားထိုးပြေးဆွဲ သွားဖို့ စီစဉ်နေပါတယ်။ အိန္ဒိယကနေ မှာယူထားတဲ့ အဆင့်မြင့်ရထားတွဲတွေထဲက တွဲဆိုင်းနှစ်ဆိုင်း  ရောက်လာပြီးဖြစ်ပါတယ်။ ဆီးဂိမ်းကလည်း ရှိနေတော့ ဆီးဂိမ်း ကာလမှာ ရန်ကုန်-နေပြည်တော်၊ မန္တလေး-နေပြည်တော် ရထားလိုင်းတွေမှာ လေအေးစက်တပ်ဆင်ထားတဲ့ ရထားတွဲဆိုင်းတွေနဲ့ ပြေးဆွဲဖို့ အစီအစဉ်ရှိပါ တယ်။ ပြော ရရင် လေေ အးစက်တပ်ရထားဆိုတာက အလုံပိတ်ရထားပါ။ ရထားရဲ့ သွားတဲ့ အရှိန်ကိုလိုက်ပြီး လေးအေးပေးစက်က အလုပ်လုပ် တာဖြစ်ပါတယ်။ သူသတ် မှတ်ထား တဲ့ အရှိန် နဲ့ မောင်းမှသာ အအေးဓာတ်ကလည်း ရမှာဖြစ်ပါတယ်။ နောက်တစ်ခုက ဘူတာတွေရပ်တာများရင်၊ ရထား တံခါးခဏခဏဖွင့်ရင် အအေးဓာတ်ရဖို့ အခက် အခဲရှိပါ တယ်။
ဒါတွေကို တွက်ချက်ပြီး ကျွန်တော်တို့ တစ်ဆင့်ချင်းဆောင်ရွက်ရမှာပါ။ မန္တလေးမြို့တော်မှာ အဲကွန်းမြို့ပတ်ရထားပြေးဆွဲဖို့ အစီအစဉ်နဲ့ပတ်သက်လို့ကတော့ အရင်က မန္တလေးမှာ မြို့ပတ်ရထားတွေ ပြေးဆွဲခဲ့ဖူးပါတယ်။ အသုံးပြုစီးနင်းသူနည်း ပါးတာကြောင့် မြို့ပတ်အစီအစဉ်ကို ရပ်ဆိုင်းထားပါတယ်။ ဒါပေမဲ့ မြို့ခံတွေက မြို့ပတ်ရ ထားစီးဖို့တင်ပြလာရင်၊ မန္တလေးမြို့တော်ဝန်ကလည်း ဒီကိစ္စ တောင်းဆို လာရင် ကျွန်တော်တို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးဖို့ အသင့် ပါပဲ”
မေးခွန်းများမေးလိုပါက စ[email protected] (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။
(အယ်ဒီတာအဖွဲ့)
popularmyanmar