ငွေကြေး ဆုံးရှုံးနေသည့် လုပ်ငန်းတစ်ခုအား ရှင်သန်နိုင်ရေး အစီအစဉ် (Survival Plan) ဖြင့် ကယ်တင်ခြင်း ၂

ပို့စ်တင်ချိန် - 10/25/2013 08:50:00 AM




THA: TSJ Team

လုပ်ငန်း ရှင်သန်ကျန်နေနိုင်ရန် business survival plan ကို လုပ်ဆောင်ရာမှာ ရေတို၊ ရေလတ်၊ ရေရှည် ဆောင်ရွက်ရမဲ့ အချက်တွေ ရှိပါတယ်။

Short term: တစ်လမှ ၆လအတွင်း

ရေတိုအတွက် ဆိုရင် လုပ်ငန်းရှင် တစ်ယောက် လုပ်ရမဲ့ အလုပ်ဟာ လုပ်ငန်းကို ၀င်ငွေ ထွက်ငွေ မျှခြေ အခြေအနေကို မရောက်ရောက်အောင် သွားဖို့ ဖြစ်ပါတယ်။ ၆လ အတွင်းမှာမှ Break Even အခြေအနေ ရောက်အောင် မလုပ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး ဆိုရင်တော့ လုပ်ငန်းကို ပိတ်ပစ် ရောင်းပစ်လိုက်သင့်ပါတယ်။ ယေဘူယျ အားဖြင့်တော့ လုပ်ငန်းတစ်ခုကို (၆)လဆက်တိုက် ငွေကြေးအရ အရှုံးကြီးပဲ ဆက်တိုက်ဖြစ်နေတာကို ခွင့်မပြုထားသင့်ပါဘူး။ ချွင်းချက် တစ်ခုကတော့ တကယ်လို့သာ ရင်းနှီးမြုပ်နှံသူတစ်ယောက် က အရင်းအနှီးအသစ်ကို လုပ်ငန်းအတွက် ရေရှည် မြှုပ်နှံပြီး ထည့်ဝင်မယ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

Medium term: ၆လမှ တစ်နှစ်ခွဲအတွင်း.

လုပ်ငန်းရှင်အနေနဲ့ ၆လအတွင်းမှာ စရိတ်တွေ လျော့ချနိုင်လို့ ၀င်ငွေထွက်ငွေ မျှတတဲ့ အခြေအနေ ရောက်အောင် သွားနိုင်ပါလိမ့်မယ်။ လျှော့ချတဲ့နေရာမှာလည်း အသုံးစရိတ်တွေ ကုန်ကျစရိတ်တွေ ကို လျှော့ချရမဲ့အပြင်၊ မားကတ်တင်း ဗျူဟာအသစ်တွေကို တစ်ပြိုင်တည်း ဖော်ဆောင်သွားနိုင်ရမှာ ဖြစ်ပါတယ်။ ပေးရန်ရှိတဲ့ စရိတ်တွေကို လုပ်ငန်းက ပြေလည်အောင် ပေးနိုင်နေသမျှ၊ လုပ်ငန်းရှင်နဲ့ အကြံပေးအဖွဲ့ကလည်း ဒီလုပ်ငန်းဟာ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာမည်လို့ ခန့်မှန်းထားခဲ့ရင်တော့ အလတ်စား ဗျူဟာတွေကို ချမှတ်ပြီး လုပ်ငန်းကို အသက်ဆက်ထားတာ အဓိပ္ဗာယ်ရှိပါလိမ့်မယ်။

Long term: တစ်နှစ်ခွဲ အလွန်ကာလ.

လုပ်ငန်းရှင်ရဲ့ နှစ်ရှည် အစီအစဉ်ကတော့ လုပ်ငန်းအတွက် အကျိုးအမြတ် ပေးစွမ်းနိုင်အောင် ဆောင်ရွက်ဖို့ပဲဖြစ်ကို ဖြစ်ရပါမယ်။ လုပ်ငန်းမှာ ဘယ်လောက်ပဲ စိတ်အားထက်သန်ပြီး နှစ်မြှုပ်ထားပါစေ၊ အနာဂတ်မှာ ဘယ်လောက် အောင်မြင်မယ်လို့ ယုံကြည်မှုရှိပါစေ၊ ပိုက်ဆံရှာဖွေနိုင်ခြင်း မရှိတဲ့၊ ငွေကြေးအရ အရှုံးချည်းသာ အမြဲပြနေခဲ့မဲ့ လုပ်ငန်းအတွက် နှစ်ရှည် အနာဂတ်ဟာ မရှိသင့်ပါဘူး။

အသုံးစရိတ်လျှော့ချခြင်းနဲ့ ၀င်ငွေတိုးအောင် ထိန်းပြီး ထားနိုင်ရုံဟာ လုပ်ငန်းတစ်ခု အတွက် အခိုက်အတန့် ခဏတာပဲ အသက်ဆက်ရှင်အောင် ဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။ အဲ့ဒီကနေပြီး ပိုမိုခိုင်မာတဲ့ ၀င်ငွေကောင်းမွန်တဲ့ အနာဂတ်တွေကို ဆက်လက် တည်ဆောက်သွားဖို့ လမ်းစရပါလိမ့်မယ်။ အဲ့ဒီအတွက်လည်း လုပ်ငန်းရှင်အနေနဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်စရာ ဆောင်ရွက်မှုတွေကို ဆက်တိုက် တစီတတန်းကြီး ဆက်လက်လုပ်ဆောင် သွားရပါဦးမယ်။

စကားချပ်။ ။ နည်းပညာ စာပေလောကသည်လည်း ရပ်တည်ဖို့ အလွန်ခက်ခဲ့သည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ရှေးအဆက်ဆက်က ယနေ့ထိတိုင် နှုတ်ထွက်သွားကြသည့် လုပ်ငန်းတူ Player များ တစ်ဦးထပ် မနဲ တွေ့ရှိခဲ့ရပြီး ဖြစ်သဖြင့် သတိချပ်ကြမိနိုင်ရန် Self Remind လုပ်သည့်အနေဖြင့် ရေးလိုက်ခြင်း ဖြစ်ပါသည်။

Ref: Saving a Money-Losing Business With a Business Survival Plan by Laurence, J.D.
TechSpace Journal