ဟာသလေးတွေစုပြီးတင်ပေးလိုက်တယ်

ပို့စ်တင်ချိန် - 11/16/2013 12:25:00 PM

တစ်ခါက အဖွားကြီးတစ်ယောက် ဆေးခန်းလာပြသတဲ့။

“ဆရာ ကျွန်မလေ ဘာဖြစ်မှန်းမသိဘူး လေတွေမကြာခဏလည်နေတယ် ဒါပေမယ့်အသံလဲမမြည် အနံ့လဲမနံဘူး အခုပြောရင်းတောင် လေလည်တာ ၃ခါရှိပြီ။”

“ဟုတ်ပြီ အမေကြီး ရော့ဒီဆေးလေးသောက် နောက်၂ ရက်နေရင်တခါလာပြ”

နောက် ၂ရက်နေတော့ အဖွားကြီး စိတ်တိုပြီး ပြန်ရောက်လာသတဲ့။

“ဆရာဘာဆေးတွေပေးလိုက်တုန်း လေကလည်တုန်းပဲ အသံတော့မမြည်ဘူး ဒါပေမယ့်အခု အရမ်းနံတာပဲ”

“အော်ဟုတ်ပြီ အမေကြီး အခု နှာစေးတာပျောက်ပြီဆိုတော့ နားလေးတာဆက်ကုရအောင်”

~zawmyo~


ဆုတောင်းတော့ပြည့်သား

အပျိုကြီးတစ်ယောက်က မကြာခဏဆုတောင်းတတ်၏။
“ဘုရားသခင်၊ ကျွန်မကိုယ်တိုင်အတွက် ဆုမတောင်းလိုပါ။

သို့သော် ကျွန်မ မေမေအတွက်တော့ သားမက်ငယ်ငယ်ချောချောလေးတစ်ယောက်အမြန်ပို့လိုက်စေလိုပါတယ်”
မကြာခင် သူ့ဆုတောင်းပြည့်သွား၏။

သူ့ညီမ လက်ထပ်လိုက်သောကြောင့်ဖြစ်သည်။



cr >>original writer

ဘာ သာတာလဲတော့မသိဘူး xD

ကောင်မလေးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အားကျမခံစကားနိုင်ထိုးနေကြသည်...
"ငါ့အဖေက နင့်အဖေထက်သာတယ်ဟဲ့"
"မဟုတ်ဘူး..ငါ့အဖေက သာတယ်"
"ငါ့အစ်ကိုက နင့် အစ်ကိုထက်သာတယ်ဟဲ့"
"မသာဘူး..ငါ့အစ်ကိုကသာတယ်"
"ငါ့အမေက နင့်အမေထက်သာတယ်ဟဲ့"
"အေး......အဲဒါတော့ နင်မှန်တယ်..ငါ့အဖေလည်းပြောတယ်

cr & thx >> original writer