ရန်ကုန်မှာ OIC အလိုမရှိကြောင်း ဒုတိယအကြိမ်မြောက် လူတစ်ထောင်ကျော်ခန့် ဆန္ဒထုတ်ဖော်

ပို့စ်တင်ချိန် - 11/16/2013 06:45:00 AM





မြန်မာနိုင်ငံသို့ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ရောက်ရှိပြီး ၂ ရက်အကြာ နိုဝင်ဘာ ၁၅ ရက်တွင် ရန်ကုန်မြို့၌ ရဟန်းသံဃာ လူထု တစ်ထောင်ကျော်ခန့်က မွန်းလွဲ ၂ နာရီ အချိန်မှစတင်၍ ဒုတိယအကြိမ်မြောက် အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
““ရခိုင် ဒုက္ခသည်များကို အကြောင်းပြု၍ဖြစ်စေ၊ ဘင်္ဂါလီ ဒုက္ခသည် များကို အကြောင်းပြု၍ဖြစ်စေ၊ OIC မြန်မာ့မြေပေါ်ရုံးစိုက်တာ လုံးဝ အလိုမရှိ ပါဘူး””ဟု ဆရာတော် ဦးပါမောက္ခက ဆို သည်။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့မှ မြန်မာနိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခ သည်စခန်းများသို့ သွားရောက်သောအခါ ဘင်္ဂါလီဒုက္ခသည်များက လူအများစုမှ လူအနည်းစုအပေါ် အနိုင်ကျင့်သည်ဟု ပြောဆိုတိုင်တန်းသောကြောင့် မြန်မာနိုင်ငံ တွင်းသို့ ကုလသမဂ်္ဂ လူ့အခွင့်အရေး စောင့်ကြည့်သူများလာရောက်၍ မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက် ဖက်မည်ကို စိုးရိမ်ရကြောင်း ဆိုသည်။
နိုင်ငံတော်အစီအစဉ်ဖြင့် OIC အဖွဲ့အစည်းမြန်မာနိုင်ငံသို့ လာရောက်ရန် သတင်းထွက်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် ၂၀၁၃ တွင် ရဟန်းသံဃာလူထုအင်အား ၄၀၀ ခန့်ဖြင့် ရန်ကုန်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ဆန္ဒ ထုတ်ဖော်မှုအဖြစ် ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးရှေ့ တွင် စုစည်း၍ ဦးဝိစာရလမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ ကမ်းနားလမ်းမှတစ်ဆင့် ဆူးလေဘုရားလမ်းအတိုင်း မြို့တော်ခန်းမ သို့ သံဃာနှင့် လူထုတစ်ထောင်ကျော် ချီတက် ဆန္ဒထုတ်ဖော်ခဲ့သည်။
နိုဝင်ဘာ ၁၆ ရက် နံနက် ၇ နာရီ ၃၀ အချိန်တွင်လည်း မင်္ဂလာဒုံလေဆိပ် တွင် OIC ရုံးစိုက်ခြင်းကို လက်မခံနိုင် ကြောင်းနှင့် မြန်မာ့မြေပေါ်မှ အမြန်ဆုံး ထွက်ခွာသွားရန်အတွက် ဆန္ဒထပ်မံထုတ် ဖော်မည်ဖြစ်ပြီး သက်ဆိုင်ရာကလည်း ခွင့်ပြုချက်ရရှိထားပြီဟု သိရသည်။
OIC ရုံးစိုက်ခြင်းနှင့် OIC အဖွဲ့အား မြန်မာ့လူ့အဖွဲ့အစည်းမှ လက်မခံနိုင်ခြင်းကို မြန်မာနိုင်ငံအနှံ့ ရန်ကုန်၊ စစ်တွေ၊ မိတ်္ထီလာ၊ ပခုက်္ကူစသည့် မြို့ကြီးများတွင် လည်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။
သူရမင်းဇော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)