အငှားယာဉ်မှ လမ်းလျှောက်နေသူများအား တိုက်မိသဖြင့် တစ်ဦးသေ (၃)ဦးဒဏ်ရာရရှိ

ပို့စ်တင်ချိန် - 12/01/2013 11:17:00 AM


မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အငှားယာဉ်မှ လမ်းညွှန်ဆိုင်းဘုတ်အား တိုက်မိပြီး လမ်းလျှောက်နေသူများအား တိုက်မိသဖြင့် တစ်ဦးသေ (၃)ဦးဒဏ်ရာရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

၂၉.၁၁.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း အနောက်မှအရှေ့သို့ ယာဉ်မောင်း ဇော်သန်း (ဘ)ဦးလှစိုး၊ ကန်တော်လေးရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နေသူ မောင်းနှင်လာသည့် ၂ဂ/---- အီဇူဇူးဘောက် အငှားယာဉ်သည် မြန်မာ့မီးရထားဝင်းရှေ့ အရောက်ဝဲလက်လမ်းစပ်ရှိ လမ်းညွှန်ဆိုင်းဘုတ်အားတိုက်မိပြီး လမ်းလျှောက် နေသူ ဒေါ်နီနီဝင်း ၊ မနှင်းဧပရယ်သန့်၊ မစုမြတ်သီနှင့် မောင်နေလင်းတို့အား တိုက်မိခဲ့ရာ ဒေါ်နီနီဝင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး မနှင်းဧပရာယ်တွင် ပြင်းထန်ဒဏ်ရာရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (စိုးရိမ်ရ)အဖြစ်လည်းကောင်း၊ မစုမြတ်သီနှင့် မောင်နေလင်းတို့ တွင် ဒဏ်ရာအသီးသီးရရှိ၍ ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် ကုသရသောကြောင့် ယာဉ်မောင်း ဇော်သန်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းယာဉ်(ပ)၄၇/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈/၃၀၄-ကအရ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည်