Anastrophe အကြောင်း..သိကောင်းစရာ

ပို့စ်တင်ချိန် - 1/10/2014 09:21:00 AM



''Anastrophe..အကြောင်း သိကောင်းစရာ"ဆိုလို့ ခေါင်းစားမသွားပါနဲ့။
တစ်ကယ်တော့ ဘာမှ မဟုတ်ပါဘူး။Inversion ကို ပြောတာပါ။ရှင်းပြလိုက်မှ ပိုရှုပ်သွားပြီ ထင်တယ်။Happy is the man... ဆိုပြီး ရေးထားတာမျိုး တွေ့ခဲ့ ဖူးတယ် မဟုတ်လား။တစ်ကယ်တော့ The man is happy ....ကို ပြောင်းပြန် လှန်ရေးထားတာပါ။So am I. ဆိုတာကိုလည်း အမြဲကြားဖူးသား၊ ရင်းနှီးပြီး သား ဖြစ်ပါလိမ့်မယ်။ ဒီမှာလည်း I am ကို am I ဆိုပြီး နေရာ ပြောင်းလဲ ထားတယ်။ကဲ..နောက်တစ်ခုကြည့်လိုက်ပါဦး...

Not only is he a doctor, he is also a millionaire.
သူက ဆရာဝန်ဖြစ်ရုံသာမက သန်းကြွယ်သူဋ္ဌေးလည်း ဖြစ်တယ်။

ဒီဝါကျမှာလည်း Not only နောက်မှာ ပုံမှန် he is ဖြစ်ရမှာကို is he ဆိုပြီး လုပ်ထားတယ်။အမှန်က Sub+V ဖြစ်ရမှာကို V+ Sub ဖြစ်နေတာ မဟုတ် လားဗျာ..။နောက်ပြီး.."ကျွန်တော် အာလူးကြိုက်တယ် "..ဆိုတာကို "I like potatoes." လို့ မပြောပဲ "Potatoes , I like" လို့ ရေးတာလည်း ရှိသေး တယ်။အခု နမူနာတွေအားလုံးကို ကြည့်လိုက်ရင် ...ကပြောင်း ကပြန် တွေ ချည်း ဖြစ်နေတာ တွေ့ရပါလိမ့်မယ်။ဒီလို..သဒ္ဒါနည်းအတိုင်း စကားလုံးတွေ ပုံမှန်မဟုတ်ပဲ ပြောင်းပြန်ဖြစ်နေတာကို Anastrophe လို့ ခေါ်တယ်ဗျ။
ဥပမာ..I had never seen such a beautiful car.
အဲလောက်လှတဲ့ကား အရင်က တစ်ခါမှ မမြင်ဖူးဘူး။
ဒီဝါကျမှာ..ရှေ့က ကတ္တား(I) .......နောက်က ကြိယာ(had never seen)ဆိုတော့ ပုံမှန်စကားလုံးအစီအစဉ်နဲ့ ရေးထားတာပါ။တစ်ကယ်လို့... အောက်ကအတိုင်းရေးလိုက်ရင်တော့ Anastrophe ဖြစ်သွားပါပြီ။
Never had I seen such a beautiful car.
ဒီလို ပြောင်းပြန်ရေးထားတဲ့ ၀ါကျတွေကို ခင်ဗျားတို့ ဖတ်ဖူးကြမှာပါ။
ဖတ်မိတိုင်းလဲ ဘာလို့ ပြောင်းပြန်ကြီးဖြစ်နေတာပါလိမ့်လို့တစ်ချို့တွေးမိ တတ်ကြပါတယ်။ဒါ...Anastrophe အကြောင်း ..သဲသဲကွဲကွဲ မသိသေးလို့ ဇဝေဇ၀ါ ဖြစ်သွားတာပါ။ကဲ..ဒီနေ့ကစပြီး...ဇဝေဇ၀ါမဖြစ်ရအောင် အင်္ဂလိပ် စာ လေ့လာသူများအတွက် Anastrophe အကြောင်း...အနည်းငယ် တင်ပြ ဆွေးနွေးချင်ပါတယ်။မဆွေးနွှေးခင်... အောက်က၀ါကျတွေကို ..အရင်ဆုံး လေ့လာကြည့်ရအောင်ပါ...။

(1) Hardly ever does he come to class on time.
သူ...အတန်းကို အချိန်မှီလာခဲတယ်။
(2) Bright he was not.
သူ..ညဏ်မကောင်းဘူး။
(3) She will wait for them. – So will I.
သူတို့ကို သူမ စောင့်လိမ့်မယ်။ငါလဲ.စောင့်မှာပါ။
(4) “I think it’s time to go,” said Su Su.
''သွားချိန်တန်ပြီ ထင်တယ်" လို့ စုစုက ပြောတယ်။
(5) What are you doing now?
မင်းတို့ အခုဘာလုပ်နေကြတာလဲ။
(6) Boy am I hungry.
ငါက..ဗိုက်ဆာနေတဲ့ ကောင်လေးပါ။
(7) Coming in last in the race was Toe Toe.
ပြိုင်ပွဲမှာ နောက်ဆုံးဝင်လာတာက တိုးတိုးပေါ့။
(8) Here comes your friend.
ဟော..မင်းသူငယ်ချင်းလာနေပြီ။
(9) There exist several theories on this matter.
ဒီကိစ္စနဲ့ပတ်သက်ပြီး သီအိုရီတွေ အများကြီးရှိပါတယ်။
(10)Were I you, I think I would study more for your exam tomorrow.
ငါသာမင်းနေရာမှာဆိုရင် မနက်စာမေးပွဲအတွက် စာပိုကျက်မိမှာပဲ။
(11) So happy was I that I bought snacks for everybody in class.
ငါအရမ်းပျော်လွန်းလို့ အတန်းထဲကလူတိုင်းအတွက် မုန့်ဝယ်ခဲ့တယ်။
(12) She decided to leave early, as did Ko Ko.
ကိုကို့လိုပဲ..သူလဲ စောစောပြန်ဖို့ ဆုံးဖြတ်ခဲ့တယ်။
(13) Found in San Francisco is Lombard Street, the so-called crookedest street in the world.
ကမ္ဘာ့အကွေ့အကောက်ဆုံးလမ်းလို့ ပြောပြောနေကြတဲ့ လွန်းဘတ်လမ်းကို စန်ဖရန်စစ္စကိုမြို့မှာ တွေ့ရပါတယ်။
(14) Into the room ran the lady.
အခန်းထဲကို အမျိုးသမီး ၀င်ပြေးတယ်။
(15) Only at night can I study.
ငါက ညမှပဲ စာကျက်လို့ရတာ။

ဒီဝါကျတွေအားလုံးကို Ananstrophe နဲ့ ရေးထားတာပါ။ အင်္ဂလိပ်စာ ဖတ်တဲ့ အခါ အမြဲတမ်းမဟုတ်ပေမယ့် ပြောင်းပြန်ရေးတဲ့ ၀ါကျမျိုးတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။ဒါ့ကြောင့် အင်္ဂလိပ်စာ လေ့လာသူတိုင်း Ananstrophe အကြောင်း သိထားသင့်တာပေါ့။ Anastrophe ဆိုတာ ဂရိဘာသာ an-as'-tro-phee ကနေ ဆင်းသက်လာပြီး ''ပြောင်းပြန်လှည့်သည်"လို့ အဓိပ္ပါယ်ရ ပါတယ်။Inversion လို့လည်း ပြောကြပါတယ်။ဘာတွေကို ပြောင်းပြန်လှည့် တာလဲဆိုရင်....
(၁) ကြိယာနဲ့ကတ္တားကို ပြောင်းပြန်လှည့်တယ်။
(၂) နာမ်နဲ့ နာမ၀ိသေသနကို ပြောင်းပြန်လှန်တယ်။
(၃) ကြိယာနဲ့ ကံကို နေရာချင်းလဲတယ်။
(၄) တစ်ခါတစ်လေ..၀ိဘတ်နဲ့ နာမ်ကိုပါ ရှေ့နောက်ပြောင်းတတ်တယ်။မရှုပ်အောင် တစ်ခုချင်း ရှင်းပါ့မယ်။

(1) (V+Sub) Inversion
---------------------------
ပုံမှန်ဆို Sub (ကတ္တား) ဟာ Verb (ကြိယာ) ရှေ့ကနေရပါတယ်။ S+V ဟာ ပုံမှန် စကားအစဉ်ဖြစ်ပါတယ်။
The dew glistens upon the morning grass.
နံနက်ခင်းမြက်ခင်းပြင်ပေါ်မှာ နှင်းစက်တို့ စိုရွှဲနေတယ်။
ဒါက ကတ္တား၊ကြိယာကို ပုံမှန်အစဉ်အတိုင်း ရေးသားထားတာပါ။ဒါကိုပဲ (V+Sub ) Inversion နဲ့ အောက်ကအတိုင်းပြန်ရေးပါမယ်။
Glistens the dew upon the morning grass.
ကဲ.... ကြိယာနဲ့ကတ္တားကို ပြောင်းပြန်လှည့်လိုက်ပါပြီ။ကြိယာ Glistens ဟာ ကတ္တား(the dew) ရှေ့ရောက်သွားပါတယ်။ရွှန်းစို (Glistens) နေတာကို အဓိက ပြောချင်တဲ့သဘောမို့ Inversion ကို သုံးလိုက်တာပါ။
"နံနက်ခင်းရဲ့ မြက်ခင်းပြင်ပေါ်မှာ နှင်းစက်မှုန်တို့ ရွှန်းရွှန်းစိုလျှက်။" လို့..ဘာသာပြန်နိုင်ပါတယ်။

(2) (N+Adj) Inversion
-------------------------
ပုံမှန်ဆိုရင် နာမ၀ိသေသန(Adj) ဟာ ကိုယ်အထူးပြုမယ့်နာမ်(N) ရှေ့က ထားရတာဟာ ပုံမှန်စကားစဉ်ဖြစ် ဖြစ်ပါတယ်။
She looked at the dark and menacing sky.
သူမဟာ...မဲမှောင်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်ကို ကြည့် လိုက်တယ်။
ဒီဝါကျမှာ dark and menacing ဆိုတဲ့ နာမ၀ိသေသနဟာ အထူးပြုမယ့်နာမ် (sky) ရှေ့ကထားလို့ ပုံမှန်အစဉ်ပါ။ဒါကို (N+Adj) Inversion နဲ့ပြန်ရေးရင်...
She looked at the sky dark and menacing .
ကဲ... နာမ်နဲ့ နာမ၀ိသေသနကို ပြောင်းပြန်လှန်လိုက်ပါပြီ။နာမ် (sky) ဟာ နာမ၀ိသေသနရှေ့ရောက်သွားပါတယ်။အဓိပ္ပါယ်လည်း ...မဲမှောင်ပြီး ကြောက်စရာကောင်းနေတာ ပိုပေါ်လွင်လာသလိုပဲ။
''သူမ...ကောင်းကင်ကို ကြည့်လိုက်တော့ မဲမှောင်လို့။ကြောက်စရာ..။"လို့ ဘာသာပြန်ရင် အဆင်ပြေမယ် ထင်တယ်။

(3) (Obj+ V) Inversion
----------------------------
ပုံမှန်ဆို ကံကို ကြိယာနောက်မှာထားပြီး V+Obj ပုံစံပဲ သုံးပါတယ်။ဥပမာ.. Everybody's got troubles. လူတိုင်းမှာ ဒုက္ခတွေ ရှိကြတယ်။
ဒီဝါကျမှာ ကံဖြစ်တဲ့ troubles ကို ကြိယာဖြစ်တဲ့ got နောက်မှာထားလို့ ပုံမှန်အစဉ်ပါပဲ။ဒါကို (Obj+ V) Inversion နဲ့ ပြန်ရေးပါမယ်။
Troubles, everybody's got.
ကဲ....ကံနဲ့ ကြိယာကို နေရာချင်းလဲလိုက်ပါပြီ။ကံ(Troubles) ဟာ ကြိယာ ရှေ့ရောက်သွားပါတယ်။ဒုက္ခတွေကို အလေးပေး ဖော်ပြလိုတဲ့သဘော..။
''ဒုက္ခတွေ.....လူတိုင်းရှိကြပေါ့။"လို့..ဘာသာပြန်ရမှာပါ။

(4) (N + Prep) Inversion
------------------------------
ပုံမှန်ဆိုရင် ၀ိဘတ်နောက်မှာ ကံကိုထားတဲ့ Prep+ N ပုံစံပဲ သုံးပါတယ်။ ဒီစတုတ္ထမြောက် Anastrophe ကတော့ N+ Prep ဆိုပြီး ပြောင်းပြန်ပြန်သုံး တာပါ။
Shakespeare ရဲ့ စာတစ်ကြောင်းနဲ့ ဥပမာပေးနိုင်ပါတယ်။
It only stands Our lives upon, to use Our strongest hands.
အမှန်က upon our lives လို့ဆိုရမှာကို (Obj+ Prep) Inversion နဲ့ ရှေ့ နောက်ပြောင်းထားပါတယ်။နောက်ပြီး worlds between လို့ သုံးတာ ကိုလည်း ကြုံဖူးကြမှာပါ။ဒီပုံစံကိုတော့..သူများသုံးရင်သိအောင် သဘော လောက်ပဲ မှတ်ပါ။

ကဲ..အထက်က Anastrophe (သို့မဟုတ်) Inversion လေးမျိုးအကြောင်း ရိပ်မိလောက်ပါပြီနော်။တစ်ကယ်တော့...အင်္ဂလိပ်စာနဲ့ ရေးသားပြောဆိုရာမှာ
(၁) လေးနက်မှုရှိအောင်
(၂) ထိရောက်အောင်
(၃) ပေါ်လွင်ထင်ရှားအောင်
(၄) ရသမြောက်အောင် .. စကားစပ်(Context)ပုံစံအမျိုးမျိုး သုံးလေ့ရှိကြ ပါတယ်။အဲဒီလို ပုံစံအမျိုးမျိုးထဲမှာ Anastrophe ဟာလဲ တစ်ခု အပါအ၀င် ပါပဲ။ဒါ့ကြောင့်...Anastrophe (သို့မဟုတ်) Inversion အကြောင်း လေ့လာ သင့်တယ်လို့ ပြောရခြင်းပါ။

----------------------------------------------ကိုကိုထွန်း(ပုသိမ်)

အင်္ဂလိပ်ဘာသာ လေ့လာစရာ