လာမည့်၂၀၃၀တွင် လူတစ်ဦးချင်းဝင်ချင်းပျမ်းမျှဝင်ငွေ ၃၀%အထိတိုးတက်လာရန်ရှိ

ပို့စ်တင်ချိန် - 1/10/2014 08:00:00 AM

မြန်မာနိုင်ငံ၏ဆင်းရဲနွမ်းပါမှုနှုန်းအား တစ်ဖက်တစ်လမ်းမှ လျော့ချရန် အနည်းဆုံးလုပ်ခလစာ အခကြေးငွေအား လာမည့် ၂၀၃၀ တွင် လူတစ်ဦးတွင် ပျှပ်းမျှဝင်ငွေ သုံးဆယ်ရာခိုင်နှုန်းအထိ တိုးတက်လာရန် ရှိကြောင်း နိုင်ငံ တော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ဇန်နဝါရီ ၇ ရက်နေ့က Myanmar Peace Centre တွင်တွေ့ဆုံစဉ်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၏ တစ်နေ့လုပ်ခ အခကြေးငွေ ဝင်ငွေနှုန်း (GDP) သည် ခုနှစ်ရာခိုင်းနှုန်း (၇၀၀ ကျပ်)သာရှိပြီး အိပ်နီးခြင်း နိုင်ငံများနှင့် ယှဉ်လျင် သုံးဆယ်ငါး ရာခိုင်နှုန်းခန့် ကွာဟနေကြောင်း ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများအရေးအား ကူညီပေးနေသည့် ရောင်နီ အဖွဲ့မှ ပြောပြချက်အရ သိရသည်။

“မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှုနှုန်းကို လျော့ချချင်တယ်ဆိုရင် အရင်ဦးဆုံး ဆင်းရဲတွင်း နက်နေတဲ့သူတွေရဲ့ ဘဝ တွေကို မြင့်တင်ပေးဖို့ လိုတယ် အခြားနိုင်ငံတွေမှာက ဆင်းရဲတယ်ဆိုတာပဲရှိတယ် မြန်မာနိုင်ငံမှာကျတော့ ကုန်းကောက်စရာ မရှိအောင် မြေမရှိ၊ လယ်မရှိ၊ ပစ္စည်းမရှိ အိပ်မရှိအောင် ဆင်းရဲတဲ့သူတွေ အများကြီးရှိတယ်  ”ဟု နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာအောင်ထွန်းသက်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမှုနှုန်းထားသည် ပျှမ်းမျှ ၂၆ ရာခိုင်နှုန်းခန့်ရှိကြောင်း မြန်မာနိုင်ငံအစိုးရ၏ တရားဝင်ထုတ် ပြန်ချက်များနှင့် မွေးမှုရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦစီးဌာနမှ သိရသည်။

“အစိုးရသစ် တက်လာပြီးနောက်ပိုင်းမှာပဲ ဆင်းရဲနွမ်းပါမှုလျော့ချရေး လုပ်ငန်းစဉ်တွေကို စလုပ်ခဲ့ပါတယ် ဒါပေမယ့် အစိုးရသစ် ၂ နှစ်အတွင်းမှာ တိုးတက်မှု သိပ်မရှိခဲ့ပါဘူး။ အဲဒါကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကို ဝန်ကြီးဌာတစ်ခု အနေဖြင့် တာဝန်ပေးပြီးတော့ လုပ်နိုင်ဖို့  ကျွန်တော်တို့  မြွေးမှုရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦစီးဌာနကို ဖွဲ့စည်းခဲ့ပါတယ်”ဟု မွေးမှုရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ ခင်ဇော်က ဆိုသည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျော့ချရေး လုပ်ငန်းစဉ်များအတွက် အစိုးရအနေဖြင့် ၇၅ ဘီလီယံ ကျော်သုံးစွဲသွားမည် ဖြစ်ပြီး ပထမအဆင့် အနေဖြင့်  ၇၅ ဘီလီယံသည် မီး၊ ရေ၊ လမ်း၊ တံတား၊ အိမ်းများအတွက် သုံးစွဲသွားမည်ဖြစ် ပြီး အခြေခံလူတန်းစားများအတွက် အနည်းဆုံးလုပ်ခလစာ အခကြေးငွေအား သတ်မှတ်ရန် စီစဉ်နေလျက်ရှိ ကြောင်း သိရသည်။

ယခုလက်ရှိတွင် မြန်မာနိုင်ငံ၏ဆင်းရဲမှု ရာခိုင်နှုန်းသည် ၂၆ ရာခိုင်နှုန်းရှိပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ၁၆ ရာခိုင်နှုန်းအထိ လျော့ချ သွားမည်ဖြစ်ကြောင်း သိရသည်။ နှင်းနွယ်

The Myanma Age