မျက်နှာပေါ်က အရေး အကြောင်းတွေကို အစား အစာနဲ့ လျော့ပါးအောင် ပြုလုပ်နိုင်

ပို့စ်တင်ချိန် - 1/10/2014 09:33:00 AM




အသီးအနှံ၊ ပဲ၊ သံလွင်ဆီ၊ အစေ့ အဆန်၊ ပေါင်မုန့်ကြမ်းတွေဟာ သင့် အရေးအကြောင်းကို နှိမ်နင်းပေးမယ့် သူရဲ ကောင်းတွေပါ။ ရှောင်ရှားရမယ့် အစားအစာတွေ ကတော့ နီရဲတဲ့ အသားတွေ၊ ထောပတ်၊ သကြားနဲ့ အသင့် လုပ်ပြီး မုန့်တွေပါပဲ။

အသီးအနှံ၊ ပဲ၊ သံလွင်ဆီစတဲ့ အစားအစာတွေကို စားသုံးခြင်းဖြင့် အန်တီ အောက်စီးဒင့်ကို မြှင့်တင် ပေးတာကြောင့် အသက်ကြီး ရင့်ခြင်းနဲ့ ရောဂါပိုးမွှား တွေကို ခုခံ ပေးပါတယ်။

အသက် ၂၅ နှစ်ကျော်ရင် မျက်နှာပြင်မှာ အရေးအကြောင်း တွေရှိလာခြင်းက လူတိုင်းကြုံတွေ့နေကျ ဖြစ်စဉ်တစ်ခုပါ။ သင့်မျက်နှာမှာ အရေးအကြောင်းတွေစတင် တွေ့ရှိလာပြီဆိုရင်တော့ ပထမဆုံး လုပ်ရမှာက နေရောင်ခြည်ကို ရှောင်ရှားဖို့ပါပဲ။ နေရောင်ကို ရှောင်ကြဉ်ပြီးတဲ့ နောက်ပိုင်းမှာ အရေးအကြောင်းတွေ ထပ်မဖြစ်ဖို့နဲ့ ရှိနေတဲ့အရေးအကြောင်းတွေ ပျောက်သွားအောင် စတင်လုပ်ကြမယ်။

တချို့လူတွေကပြောကြတယ်။ ဈေးနှုန်းကြီးတဲ့ Brand တံဆိပ် အလှကုန်တွေ လိမ်းခြယ်လိုက်ရင် အရေးအကြောင်းတွေ ပျောက်သွားမှာပဲ။ ဒီနည်းဟာ ခဏတာ ဟုတ်ရင်ဟုတ်ပေမဲ့ ကြာရှည်မှာ အဆင်မပြေ နိုင်ပါဘူး။ ကြာရှည်လည်း အဆင်ပြေမယ့် အစားအစာ ရွေးချယ် စားသုံးခြင်းက ပိုမိုလက်တွေ့ကျကြောင်း အလှကုန် ပညာရှင် အများစုက ထောက်ပြခဲ့ကြပါတယ်။

ဘယ်လို အစားအစာတွေစားကြမလဲ။ အသီးအနှံ၊ ပဲ၊ သံလွင်ဆီ၊ အစေ့ အဆန်၊ ပေါင်မုန့်ကြမ်းတွေဟာ သင့်အရေးအကြောင်းကို နှိမ်နင်းပေးမယ့် သူရဲကောင်းတွေပါ။

ရှောင်ရှားရမယ့် အစားအစာတွေ ကတော့ နီရဲတဲ့ အသားတွေ၊ ထောပတ်၊ သကြားနဲ့ အသင့်လုပ်ပြီး မုန့်တွေပါပဲ။ အသီးအနှံ၊ ပဲ၊ သံလွင်ဆီစတဲ့ အစားအစာတွေကို စား

သုံးခြင်းဖြင့် အန်တီ အောက်စီးဒင့်ကို မြှင့်တင် ပေးတာကြောင့် အသက်ကြီးရင့်ခြင်းနဲ့ ရောဂါပိုး မွှားတွေကို ခုခံပေးပါတယ်။ ဗီတာ မင်အေ၊ စီနဲ့ အီးတို့ ပါဝင်တဲ့ ဆေးတွေ၊ အစာတွေ စားသုံးခြင်း ဖြင့်လည်း အသားအရေ ဆဲလ်တွေကို ကောင်းမွန်စေပြီး အရေး အကြောင်းတွေ မဖြစ်ပေါ်အောင် တားဆီး ပေးပါတယ်။ ။
မြ၀တီ