ကားစပါယ်ယာ (ယဉ်အကူမှ) ခရီးသည်အား ကားပေါ်မှ နှင်ချ (နှင်ချသည့်အသံဖိုင်ပါသည်)

ပို့စ်တင်ချိန် - 1/27/2014 12:24:00 PM


အောက်တွင် အသံဖိုင်ပါသည်။

၂၆-၁-၂၀၁၄ ရက်နေ့၊ ည ၁၀နာရီနဲ့ ၁၁နာရီကြားမှာ ဖြစ်ပွားခဲ့တာပါ။ တိုက်ကြီးနဲ့ သီရိမင်္ဂလာဈေးဟောင်းကို ပြေဆွဲနေတဲ့ ကားလေးတစ်စီးမှာ ဖြစ်ခဲ့တာပါ။ ကားနံပါတ်နဲ့ ကားစပါယ်ယာကိုတော့ မှတ်ထားပေမယ့် မပြောတော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီကားလိုင်းက စပါယ်ယာတော်တော်များများက ဒီလိုတွေပြုမူကြပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ညဆယ်နာရီ ကျော်ကျော်လောက်မှာ အင်းစိန်ပန်းခြံမှတ်တိုင်ကို ကားက ရောက်ပါတယ်။ လူတစ်ယောက်တက်လာပါတယ်။ ဘယ်လိုကနေ စဖြစ်တယ်ဆိုတာ သတိမထားမိလိုက်ပါဘူး။ နောက်မှ မှတ်တိုင်က ကားထွက်ပြီး နည်းနည်းလှမ်းလှမ်းကိုရောက်တော့ ကားကိုရပ်ပြီး ကားပေါ်က အတင်းဆင်းခိုင်းတော့တာပါပဲ၊ ဆင်းခိုင်းနေတာ ငါးမိနစ်လောက်ကြာပါတယ်။ သူတို့ စကားများနေကြတာ တစ်ဝက်လောက်ရောက်မှ recording လုပ်ဖို့ သတိရလို့ recording လုပ်ပြီး ပို့ပေးလိုက်တာပါ။ နောက်မှ ကားပေါ်ကဆင်းခါနီး ပြန်မေးကြည့်တော့ စပါယ်ယာက

၆၀၀ တောင်းတာ ဈေးလာဆစ်နေတယ်။ မတက်ခင်ကတည်းက ဈေးပြောထားတယ်။ ကြိုက်မှလိုက်လို့လည်း ပြောထားတယ်။ အခုနှင်ချလိုက်ပြီ။ အဲ့မှာနောက်မှာ တိုက်ကြီးကား (နံပါတ်ပြော) တစ်စီးကျန်သေးတယ်။ အဲ့ကောင်ဆို ၇၀၀ လောက်တောင်းမှာ။ အဲ့ကောင်က ကိုယ့်ထက်လည်း ပိုမိုက်ရိုင်းတယ်။ အဲဒါမှ မှတ်မှာ

လို့ ပြောပါတယ်။ ဟုတ်ပါတယ်။ မတက်ခင်ကတည်းက သူ ဘယ်ထိဆိုရင် ဘယ်လောက်ဆိုတာ ပြောပါတယ်။ ဒါပေမယ့် အခုလောက်ကြီး နှင်ချတာတော့ မဖြစ်သင့်ဘူးထင်လို့ပါ။

အောင်သူ



Myanmar CNN မှ တင်ဆက်သည်။