" ရွာလည်တဲ့ စာ "

ပို့စ်တင်ချိန် - 1/27/2014 02:21:00 PM




ကမ္ဘာမကျေဘူး

ဒီတစ်ပတ်တော့ တိုင်းလုံးကျော် လည်း ကျန်းမာရေးလေးနည်းနည်းပါးပါး သတိထားနေရတော့ အပြင်ထွက် ရွာမ လည်နိုင်ဘူးဗျ။ ဒီတော့ အာဟာရအဖြစ် စာအုပ်တွေ ပဲဖတ်နေမိပါတယ်။ အဲဒီမှာ စာအုပ်တစ်အုပ်က တိုင်းလုံးကျော်ကို စိတ်ထိခိုက်ခံစားစေရတယ်ဗျ။ စာအုပ် ကတော့ ဒီမိုကရက်တစ် မြန်မာ့အသံ ရေဒီယိုနှင့် လွတ် လပ်တဲ့အာရှအသံရေဒီ ယို အယ်ဒီတာဟောင်းလည်းဖြစ်ပြီး ABSDF ကျောင်းသား ယူဂျီလုပ်ငန်း တွေလုပ်ခဲ့ပြီး အထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာ ဝင်းနိုင်ဦးရဲ့ ‘ရာဇဝင်ရှင်းတမ်း’ စာအုပ် ပါပဲ။

ဒီစာအုပ်ကို ၂ဝ၁၁ တုန်းက ထိုင်း နိုင်ငံမဲဆောက်မှာ ‘လူငယ်တစ်ယောက် ရဲ့မှတ်တမ်းမဲ့မှတ်တမ်း’အမည်နဲ့ ထုတ် ဝေခဲ့ဖူးပြီး ၁၉၉၆ တုန်းက ‘Cries From Insein’ ဆိုပြီး အင်္ဂလိပ်ဘာသာနဲ့ ပြည်ပမှာ ထုတ်ဝေခဲ့ဖူးတာကို ဖြည့်စွက် ပြင်ဆင်ပြီးပြန်ထုတ်ထားတာပါ။

စာပေစိစစ်ရေး ခေတ်လွန်ကာလ မှာ ထောင်စာအုပ်တွေ တော်တော်များ များထွက်လာပါတယ်။ ဒီလိုထွက်လာတဲ့ အတွက် ထောင်တွင်း က နိုင်ငံရေးသမား တွေ ရင်ဆိုင် ခံစားခဲ့ရတဲ့ လူ့ငရဲကို သိ ခွင့်ရကြပြီး နိုင်ငံရေးသမား ထောင်ကျ ခြင်းနဲ့၊ လွတ်တာနဲ့ ဆရာကြီးတန်းဖြစ် တာပဲဆိုတဲ့ လှောင်သလိုစကားတွေ အသံတိတ် သွားနိုင် မယ်လို့ ယူဆမိပါ တယ်။ အထူးသဖြင့်တော့ စစ်အစိုးရ လက်ထက် လူတွေကို စိတ်ဓာတ်ရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ဆိုးဆိုးဝါးဝါး လူမ ဆန်စွာ နှိပ်စက်ညှဉ်းပန်း ဖျက်ဆီးခဲ့ တာ တွေကိုပါ သိလိုက်ရတော့ လူ့အခွင့်အ ရေးမရှိဘူးဆိုတဲ့ စကားကိုပါ ထိထိခိုက် ခိုက် နားလည်လာမယ်လို့ တိုင်းလုံး ကျော်တော့ မျှော်လင့်ကြိုဆိုမိပါတယ်။

ဒီလိုစာ အုပ်တွေကိုဖတ်ရတာ စိတ်ထိ ခိုက်ရပါတယ်။ အကြောင်းမဲ့ ဥပဒေမဲ့ လူသားစိတ်မဲ့စွာပြုမူကြတာတွေကို ဖတ် ရတော့ လောကမှာ အဲဒီလောက် လူ မဆန်သူတွေရှိလား၊ ဘယ်လိုစိတ်ဓာတ် တွေနဲ့ လုပ်ရက်ကြတာလဲ မေးမိသလို ဒါတွေကို ဘယ်လိုခံနိုင်ရည်နဲ့ ရှင်သန် ရပ်တည်နိုင်အောင် တောင့်ခံခဲ့ကြသလဲ လို့လည်းတွေးမိပါတယ်။

အဆိုးဆုံးက တော့ အဲဒီလို လူမဆန်မှုတွေကြား အ သက်ပါပေးဆပ်သွားရတဲ့ လူပေါင်းများ စွာအတွက်လည်း နှမြောမိပါ တယ်ဗျာ။ ဆရာဝင်းနိုင်ဦးစာအုပ်ဖတ်ရင်း ခံစားမှု များစွာဖြစ်ခဲ့ပေမယ့် စိတ်ထဲ နင့်နင့်နဲနဲ ဖြစ်သွားရတဲ့စာလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ‘ထောင်ထဲမှာ ညှဉ်းပန်း နှိပ်စက်ခြင်းမပြုရ၊ ထောင်စည်းကမ်းချိုး ဖောက်လို့ အပြစ်ဒဏ်ပေးရင်လည်း အဲဒီ အပြစ်ဒဏ်ဟာ လူ့ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော ပြစ်ဒဏ်မျိုး မဖြစ်စေရ ၊ ထို့အပြင် တရားဥပဒေနှင့် နိုင်ငံတော်ကို နာကြည်း သွားစေနိုင်သော ပြစ်ဒဏ်မျိုး မဖြစ်စေရ’လို့ တရားဥပဒေ နဲ့ကို တားမြစ်ထားပေမယ့် တရားဥပဒေ မဲ့စွာ ကြုံတွေ့ခဲ့ရပြီးနောက်မှာတော့ ဆရာဝင်းနိုင်ဦးက မေးခွန်းတစ်ခုလို မဟုတ်ဘဲ ရေးခဲ့တာလေးပါပါတယ်။

အဲ ဒါကတော့ ‘တရားဥပဒေနဲ့ နိုင်ငံတော် ကို နာကြည်းသွားသူတွေဟာ လူ့အဖွဲ့အ စည်း လူ့အသိုက်အဝန်းအတွက် သိပ် အန္တရာယ်ကြီးတယ် မဟုတ်ပါလား’ တဲ့ လေ။ တိုင်းလုံးကျော် ဒီနေရာလေးကို ဖတ်လိုက်ရချိန် စိတ်ထဲမှာ အတော်ဝမ်း နည်းမိပါတယ်ဗျာ။ တရားဥပဒေဆိုတာ မမျှတရင် သာ နာစရာပါ။

နိုင်ငံတော်ဆို တာ နိုင်ငံတော်မပီသရင်သာ နာစရာ ပါ။ လွတ်လပ်မျှတတဲ့ တရားဥပဒေတစ် ခု ပေါ်ပေါက်ဖို့အတွက်၊ လွတ်လပ်မျှတ တဲ့ စနစ်တွေနဲ့ ပြည်သူပြည်သားတွေ ရ သင့်ရထိုက်တဲ့အခွင့်အရေးတွေနဲ့ တိုး တက်ဖွံဖြိုးတဲ့ နိုင်ငံတော်တစ်ခု ပေါ် ပေါက် စေဖို့ ကြိုးစားအားထုတ် သူတွေကို ဘယ်လို သင်းသတ်ခဲ့ကြပါသလဲ။ ဘယ် လိုစိတ်ဓာတ်တွေ ဖြိုခွဲခဲ့ကြပါသလဲ။ ဘယ်လိုလူညွန့်တုံးအောင် ရက်စက်ခဲ့ ကြပါသလဲ။ ဘာအတွက်လဲ ဘာအ တွက်လဲ။ တိုင်းလုံးကျော် အတွေးမရပ် နိုင်ဘူးဗျာ။

ရာဇဝတ်သားတွေကိုတောင် မပြု လုပ်တဲ့ နှိပ်စက်မှု ဆက်ဆံမှုများစွာနဲ့ ရာဇဝတ်သားမဟုတ်တဲ့ မတရားဖမ်းဆီး ခံနိုင်ငံရေးအကျဉ်းသားတွေကို ဆက်ဆံ ခဲ့မှုတွေနဲ့ အသက်ပေါင်းများစွာဟာ အဲ ဒီတုန်းက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကြီးရဲ့ စကားအရ ‘ပြီးခဲ့တာတွေ ပြီးပါစေ’ လို့ ကြားရတော့ ဒီစကားကို နိုင်ငံရေးအ ကျဉ်းသားဟောင်းတွေ ဘာကြောင့်စိတ် ထိခိုက်နာကြည်းကြတယ်ဆိုတာ တိုင်း လုံးကျော် ပိုပြီးနားလည်လာသလိုပါပဲ။ အထက်မှာရေးခဲ့သလိုပါပဲ။

သူတို့ အား လုံး နာကြည်းခဲ့ကြပါတယ်။ ဒါပေမဲ့ သူ တို့နာကြည်းမှုဟာ လွတ်လပ်မျှတမှုနဲ့ စစ်မှန်ခြင်းမရှိတဲ့ဥပဒေနဲ့ ပြည်သူပြည် သား တိုင်းပြည်ကောင်းဖို့မဟုတ်ဘဲ ငါ့ မျိုးငါ့ဆွေနဲ့ ငတေတွေသာ မာစေချင်ကြ တဲ့ နိုင်ငံဖြစ်အောင် လုပ်နေသူတွေကို ကမ္ဘာမကျေစတမ်း နာကြည်းစေဖို့ဖြစ် လာတဲ့အတွက် ဒီအားတွေကပဲ နောင် တစ်ချိန်မှာ သမိုင်းသစ်ရေးထိုးနိုင်မယ် လို့ တိုင်းလုံးကျော်ယုံပါတယ်ဗျာ။ ကျေး ဇူးပါ ဆရာဝင်းနိုင်ဦး။ နောက်ထပ် ရာဇ ဝင်ရှင်းတမ်းများစွာကို စောင့်မျှော်နေပါ ဦးမယ်ဗျာ။ အမှန်တရားကို များများ ဖော်ထုတ်ကြပါစို့။

လွတ်လပ်ပြီ လွတ်လပ်ပြီ . . . အဲအဲ အိုးလေးကွဲသွားပြီ

အခုမှထအော်တော့ တိုင်းလုံးကျော် တစ်ယောက် မြန်မာတော်လှန်ရေးကား တွေများ ကြည့်နေလားမထင်ပါနဲ့။ ဘာ မှဟုတ်ဘူး။ မြင်ရကြားရတာတွေအ တွက် အဲလို ထအော်မိတာပါဗျာ။ တိုင်း လုံးကျော်တို့ ခေတ်မှာ သိသာထင်ရှားတဲ့ လွတ်လပ်မှုကတော့ ဖျော်ဖြေရေးမီဒီယာ နဲ့ အွန်လိုင်းအင်တာနက်ပါ။ လွတ်လပ် တာတော့ ပြော မနေနဲ့ ဒီလိုအချိန်ကိုများ စောင့်နေကြသလားမသိဘူး။

တိုးတက် လာတယ်ဗျ။ ဇာတ်ကားတွေထဲ အဆဲအ ဆိုလေးနဲ့။ ဝတ်တာစားတာ ရိုက်တာ တွေများ၊ သီချင်းခွေတွေ မှာဆို ပိုလန်း ၏။ မသိရင် နိုင်ငံခြားသီချင်းကြည့်နေရ သလိုပဲဗျာ။ ဒီလို အနောက်တိုင်း ဒါမှမ ဟုတ် အာရှနိုင်ငံတစ်ခုခုနဲ့တူအောင် လုပ်တော့ ဘာဖြစ်တုံးဗျ။ ဒါ တိုးတက် တာလား၊ အဆင့်မီတာလား။ ဒါမှ မဟုတ် ခိုးချတာလား။ သိသာထင်ရှားပြီး မြန်မာဟေ့လို့ ကွဲပြားစေတာ မတွေ့မိ ပေါင်။

တွေ့တာကတော့ တို့မြန်မာမိန်း ကလေးများ တယ် ဆက်စီကျ တွန့်တတ် ပြတတ်၊ ဖော်တတ်၊ ကတတ်ပေသကိုး လို့သာ ဂလုခနဲ တံတွေးမျိုချမိတာတော့ ထူးသ ဗျ။ ဟေ့ဟေ့။ အင်း ဆင်ဆာများ မရှိခဲ့ရင်လို့ နှစ်များစွာ မျှော်လင့်နေတာ ဟာ ဆန်းသစ်ထူးခြားတဲ့ ကိုယ်ပိုင်ဟန် အနုပညာတွေကို ဖော်ထုတ်ဖန်တီးပြဖို့ မဟုတ်ဘဲ ဒါအ တွက်လုပ်ပြချင်တာဆို ရင်တော့ ဟင်းလို့သာ သက်ပြင်းချမိပါ သဗျာ။ မယုံရင် အင်တာနက် ဖေ့စ်ဘွတ် ပေါ်ကိုသာ တက်ကြည့်ပါတော့ဗျာ လို့ သာ ပြောရတော့မှာပါပဲ။ တဖြည်းဖြည်းနဲ့ နည်းနည်းကနေ များများ၊ များများကနေ ကားကား၊ ကားကားကနေ မဟားတရား၊ မဟား တရားကနေ အဘားအဘားအော်ရကိန်း ဆိုက်ပါပေါ့လားဗျာ။ အင်တာနက်ဆို တာကလည်း ဆိတ်ကွယ်ရာလို ကိုယ် သာလျှင် ရှိသလို လွတ်လပ်နေကြတော့ ထိန်းချုပ်ထားရတဲ့ စိတ်တွေဆိုတာက လည်း လွတ်ကုန်ကြထင်ပါရဲ့ဗျာ။

တိုင်းလုံးကျော်လည်း အပေါင်းအ သင်းစုံတော့ ဟိုလူပြ ဒီလူပြတာလေး တွေကြည့်ရတော့။ အလို အို ဟယ် အမလေး အားပါးပါး.. ဂလုတွေနဲ့ မြင်ကွင်းက အစုံကိုးဗျ။ အများစုက ယုံ ၍ပြကြသည်၊ သို့သော် မလုံ၍ ပွထ သည်ပေါ့လေ။ သကောင့်သားတွေက လည်း နှမချင်းမစာမနာ အွန်လိုင်းပေါ် ဖြန့်။ ခက်တော့နေပြီပေါ့ဗျာ။ ဖွံ့ဖြိုးစ တိုင်းပြည်တွေမှာ ဒါတွေက ဖြစ်တတ် စမြဲဆိုပေမယ့် ဒါတွေကလည်း သေချာ မကိုင်တွယ်ရင် ဘာမဆိုဖြစ်သွားနိုင်တဲ့ အနေအထားတွေ ရှိတယ်မဟုတ်လား ဗျာ။ မကြား ဘူးလား။ ဟိုမှာတော့ ဘယ် နှနှစ်သမီးကို ဟဝှာပြုလို့။ ကာမကိုဘယ် လိုလိမ်လည်ရယူလို့။ ဆရာက တပည့် ကို အမလေး မကြားဝံ့မနာသာတွေ ပါဗျာ။ ဒီတော့လည်း ကိုယ်ချင်းကိုယ် ချင်းသာလက်တို့လို့ သားတို့ သမီးတို့ရေ ရို့ ရို့ ရို့ ရို့ လို့သာ ခပ်ယို့ယို့နေရပါ ကြောင်းဗျာ။

ကြားဖူးတာလေး တစ်ခုရှိသဗျ။ အခုခေတ်မှာ အင်တာနက်တွေကလည်း ဖုန်းတွေပေါလာတာနဲ့အမျှ မိုဘိုင်းဖုန်း နဲ့သုံးနိုင်တဲ့ဟာတွေက အများသား မဟုတ်လား။ ဘိုက် ဘာတဲ့။ စကိုက်တဲ့။ အဲတော့တဲ့။ တန်ဂိုတဲ့ အများကြီး ကျန် သေးဗျာ။ ဒီတော့ ဖုန်းလေးတွေ ကိုယ်စီ ကိုယ်စီနဲ့ မြင်မြင်သမျှြေ>ွမပွေးကိုက်၊ အဲ ဘိုက်ဘာပဲ ရိုက်နေကြ သလိုဗျ။

တစ်နေ့သား အနှီအမျိုးသမီးငယ် တစ်ဦးသည် ဘိုက်ဘာဟုခေါ်သောအွန် လိုင်းချက်တစ်ခုမှနေ၍ ကာလရှည် ကြာစွာ ပွားနေသော အမျိုးသားတစ်ဦး နှင့် အပြင်တွင် ဆုံရန်ချိန်းသည်ဟူသတတ်။ ၎င်းတို့နှစ်ဦးသည်ကား သေးငယ် သော မျက်နှာအပေါ်ပိုင်းဓာတ်ပုံများ သာ တင်ထားသည်ဖြစ်ရာ မဆွကပင် တစ်ဦးနှင့်တစ်ဦး လွတ်လပ်စွာ အာဘွား ရှလူးထားကြသည်ဖြစ်၍ တွေ့ဆုံမည့်အ ရေး ရင်တဖိုဖိုတွေးနေကြပေသည်။ သို့ နှင့် ထိုအမျိုးသမီးလည်း သူငယ်ချင်းသူ ငယ်မတစ်ဦးကို အဖော်ပြု၍ တွေ့ဆုံ မည့်နေရာကို အချိန်းအချက်ပြုပြီးသော် သွားကြလေ၏။ ယင်းသကောင့်သား သည်လည်း ချိန်းဆိုမှုအတိုင်းနေရာ ယူ စောင့်နေပြီးသော် မည်သည့်အရောင်၊ မည်သည့် အင်္ကျီဟူသော သိသာထင်ရှား မည့် အမှတ်လက္ခဏာများကို အသီးသီး ဖလှယ်ပြီးဖြစ်၍ မိန်းမပျိုလည်း တစ်နေ ရာမှအကာအကွယ် ယူ ချော င်းကြည့်ပြီး နောက်— ပြန် မည်ပြန်မည်ဟုသာ တရ စပ်ဖြစ်နေလေတော့သည်။

ယင်းအတွက် အဖော်ဖြစ်သူက မေးလေသော် ‘အမလေး လူကောင်ကြီး ကိုလည်းကြည့်ပါဦး။ ကာယဗလသမား ကြီးလားမသိဘူး။ အမလေး ကျောချမ်း စရာကြီး’ဟု ဆိုပေ၏။ အဖော်ဖြစ်သူ လည်း နင်တို့ဒီလောက်ပွားထားတာပဲ။ ဘာဖြစ်လို့တုံး’ဟု မြှောက်ပေးသော် လည်း တွင်တွင်သာခေါင်းကိုခါနေလေတော့သည်။ အကြောင်းမူကား အနှီမိန်း ကလေးသည် အွန်လိုင်းတွင် မျက်နှာပုံ လေးသာတင်ထားခြင်းဖြစ်ပြီး ပြင်ပ တွင်မူ ငါးပေသာသာရှိသော ခန္ဓာကိုယ် နှင့်ဖြစ်၍ ၎င်းအာဘွားရှလူးထားသော အမျိုး သားမှာ ဆင်ကိုးစီးစားမကုန်သော ဗလကြီးနှင့်ဖြစ်ရာ အွန်လိုင်းတွင် စိတ် ထင်တိုင်းပွားခဲ့သမျှ လက်တွေ့ဟု တွေး မိသောအခါ အနှီသူငယ်မ ကြက်သီးထ ဖနောင့်နှ င့်တင်ပါး တစ်သားတည်းကျ အောင် နောက်သို့ ပြန်ပြေးရခြင်းဖြစ်ပေ သည်တကား။

ဟဲဟဲ ဒါ လက်တွေ့ဗျနော်။ တိုင်း လုံးကျော်က လူစုံတုန်းဖောက်သည်ချ တာ။ ဒီကလေးမက ဥာဏ်ကောင်းလို့သာ အကျိုးမနည်းတာ။ မဟုတ်လို့များက တော့ ဟိုသီ ချင်းလေး ကြားဖူးမဟုတ် လားဗျ။ ဟာ သွားပြီသွားပြီ …ဘာ လေးကွဲသွားပြီဆိုလားဗျာ။ ရိုင်းတယ် မထင်ပါနဲ့ဗျာ။ တိုင်းလုံးကျော်ဆိုလို တာက မရည်ရွယ်ဘဲ ဘ ဝလေးတွေ နစ် မွန်းကွဲကြေပျက်စီးမှာကို ဆိုလိုပါ တယ်။ဒီတော့ လွတ်လပ်တဲ့အခြေအနေ တိုင်းမှာ စည်းကမ်းလေးရှိကြဖို့ စေတ နာအပြည့်နဲ့ ပြောချင်မိပါတယ်။ လွတ် လပ်ခြင်း ဆို တာကိုက တ ကယ်တော့ ကိုယ်ပိုင်အခွင့်အရေးအ ပြည့်ရှိသလို ကာကွယ်မှု၊ လုံခြုံမှုနဲ့ တာ ဝန်ယူမှုတွေလည်းပါနေတော့ လွတ်လပ် ခြင်းကို လွတ် လွတ်လပ်လပ်…အ လှမ်းကျယ်ပြီး အလယ်မလပ်ကြစေဖို့ တိုက်တွန်းရင်း ဒီတစ်ပတ် ထိုင်ရာမထ ရွာလည်ခြင်း ဤတွင်ပြီးသတည်း။

တိုင်းလုံးကျော်
Popular Myanmar News Journal