ဖိုင်ဘာဆက်ကြောင်း၊ မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများ တည်ဆောက်ရန် အတွက် ပြည်တွင်း ကုမ္ပဏီအား လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်

ပို့စ်တင်ချိန် - 1/27/2014 10:00:00 PM


အတွဲ (၁၅)၊ အမှတ် (၅)
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဖိုက်ဘာဆက်ကြောင်း၊ မိုက္ကရိုဝေ့ဗ်ဆက်ကြောင်းများ တည်ဆောက်ရန်အတွက် ပြည်တွင်းကုမ္ပဏီအား လုပ်ငန်းအပ်နှံ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက်သွယ်ရေးဌာနမှ အဆိုပါလုပ်ငန်းကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း အကောင် အထည် ဖော်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ DWDM ဖိုက်ဘာဆက်ကြောင်းများ တည်ဆောက်ခြင်း လုပ်ငန်းနှင့် GbE IP မိုက္ကရိုဝေ့ဗ် ဆက်ကြောင်းများ တည်ဆောက်ခြင်း လုပ်ငန်း များ အတွက် စက်ပစ္စည်းများ ပို့ဆောင် တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း လုပ်ငန်းများအား ဆက်ကြောင်းများ ဖွင့်လှစ် အသုံးပြုနိုင်သည်အထိ လုပ်ငန်းအပ်နှံ ဆောင်ရွက်လိုကြောင်း အဝေးဆက် သွယ်ရေး ဌာနမှ ကြေညာသည်။ အဆိုပါ လုပ်ငန်း  ဆောင်ရွက်ရန် အတွက် မိုက္ကရို၊ ဖိုင်ဘာ Transmission လုပ်ငန်း အတွေ့အကြုံရှိသော ပြည်တွင်းကုမ္ပဏီများအား ဖိတ်ခေါ်
ထားခြင်း ဖြစ်သည်။

ယင်းပြည်တွင်း ကုမ္ပဏီများ အနေဖြင့် ယခုလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ မြန်မာကျပ်ငွေဖြင့် တင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။ တင်ဒါတင်သွင်းရန်နှင့် အသေးစိတ် အချက် အလက် များကို ပန်းဆိုးတန်းလမ်းရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ အဝေး ဆက်သွယ်ရေးဌာနတွင် စုံစမ်းနိုင်မည်ဖြစ်ပြီး ဖုန်း ၀၁-၃၇၀၇၂၇ သို့ ဆက်သွယ် မေးမြန်းနိုင်ကြာင်း သိရသည်။ မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုများအနက် လုပ်ငန်းအများအပြားအား အကျိုးတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းထုတ်ပြန်ခဲ့ဖူးသည်။ ၀ိုင်ဖိုင် (Wi-Fi)စနစ်ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များပူးတွဲ အကောင်အထည် ဖော်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ဖိတ်ခေါ်ခဲ့ဖူးကာ မြို့ကြီးများတွင်စတင်ရန် လျာထားကြောင်း သိရသည်။

အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းများတွင် မိုဘိုင်း ဆက်သွယ်ရေးလုပ်ငန်း၊ အဝေးဆက် ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုဖုန်း လုပ်ငန်း စသည့် တယ်လီဖုန်းဆိုင်ရာလုပ်ငန်းများ ပါဝင်သကဲ့သို့ အင်တာနက်ဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်သည်ကို တွေ့ရသည်။  ပြည်ပ ဆက်သွယ်ရေး လုပ်ငန်း ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနဆိုင်ရာ လုပ်ငန်းများ၊ စာတိုက် သင်တန်းကျောင်း ဆိုင်ရာ လုပ်ငန်းများလည်း ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ထွန်းထွန်း
Internet Journal