(03) Valentine's Day မှာ မိမိ ချစ်သူ ကို ပေးဖို့ $$ လည်း မကုန်တဲ့ အကောင်းဆုံး လက်ဆောင် .... ( For Android )

ပို့စ်တင်ချိန် - 2/07/2014 09:00:00 PM



Valentine's Day နီးလာတာနဲ့ အမျှ .... ကျွန်တော်တို့တော်တော်များများ ကို့ချစ်သူ ကောင်လေး / ကောင်မလေး ကို ဘာလက်ဆောင် ပေးမလဲ ဆိုတဲ့ မေးခွန်းက အမြဲတမ်း ခေါင်းစားစေပါတယ် ... ။ မနှစ်ကနဲ့မတူတဲ့ လက်ဆောင် ဘာပေးမလဲပေါ့ ... ။ အံသြ လောက်အောင် ကောင်းတဲ့ လက်ဆောင်လည်း ဖြစ်ရမယ် ... ။ ငွေကုန်ကြေးကျလည်း သိပ်မများဘူး ဆိုရင် .. အဲ့လက်ဆောင် ကို သူ့ ကို ပေးဖြစ်မှာလားးးး ဆိုတာ စဉ်းစားစရာပါ ... ။

အဲ့တော့ .. အားလုံးအတွက် အဆင်ပြေအောင် .. Software တစ်ခု တွေ့လို့ Share လိုက်ပါတယ် ... ။

နှစ်ယောက် အတူတူရိုက်ခဲ့တဲ့ ဓာတ်ပုံတွေ ၊ အမှတ်တရ တွေ အတွက် ... ဖုန်းထဲမှာတင် .. သီချင်း လေး တစ်ပုဒ် လုပ် ၊ ကို့ စိတ်ကြိုက် effect တွေ အမျိုးမျိုး ထည့်ပြီး အမှတ်တရလေး ဖြစ်သွားအောင် လုပ်ပေးရအောင် ... ။ ( အဲ့လို လုပ်ဖို့ အတွက် Software တွေ အမျိုးမျိုး ရှိတဲ့ အထဲက မှ ဒီ Software လေးက လွယ်လည်း လွယ် ပိုလည်း အဆင်ပြေသလားလို့ပါ )

မိမိ စိတ်ကြိုက် ဓာတ်ပုံများ ရွှေးခြယ် ထည့်နိုင်ခြင်း ၊ မိမိ စိတ်ကြိုက် Template Design များ ၊ effect များ ရွေးချယ် ထည့်နိုင်ခြင်းး ၊ မိမိ စိတ်ကြိုက် သီချင်း ရွေးချယ် ထည့်နိုင်ခြင်း ၊ အလွယ်တကူ ပြန်သိမ်းလို့ရခြင်း နဲ့ တစ်ခြားသော features များစွာလည်း ပါဝင်တာကြောင့် .. အခုပဲ ဒေါင်းလုပ်ဆွဲပြီး Video File တစ်ခု Create လုပ်လိုက်ပါ ... ။

မိမိ Create လုပ်ထားတဲ့ Video file ကို gallery ထဲကို mp4 file အနေနဲ့ Export လုပ်ပေးတာကြောင့် .. မိမိ ချစ်သူ ကို Bluetooth , Zapya အစ ရှိတဲ့ file sharing system အမျိုးမျိုးနဲ့ ပြန် Share ပေးလို့ လည်း လွယ်ကူပါတယ် ... ။

မိမိ စိတ်ကြိုက် ဓာတ်ပုံတွေ အပြင် Video File တွေကိုပါ စိတ်ကြိုက် တည်းဖြတ်လို့ ရနိုင်ပါသေးတယ် .... ။

ကဲ .. အဲ့ဒါဆို ..... အမြဲတမ်း အတွက် အမှတ်တရလည်း ဖြစ် ၊ သူ့အကြိုက်ဆုံး သီချင်းလေး တစ်ပုဒ်နဲ့ ..... ချစ်သူ နှစ်ယောက် ရဲ့အမှတ်တရ ဓာတ်ပုံတွေ ပေါင်းစည်းထားတဲ့ လက်ဆောင်လေး နဲ့ .... $$ လည်း မကုန်ပဲ .. အကောင်းဆုံး ဖြည့်ဆည်းပေးလိုက်ရအောင် .... ။

http://www.mediafire.com/download/evz84xd3qokj0oj/VivaVideo%28photo+slide+show+by+todays+technology%29.rar

ဒေါင်းပီး ဖုန်းထဲကို Install လုပ်လိုက်ပါ ... ။

Htet Zaw

(Valentine's Day မှာ ချစ်သူတိုင်း ပျော်ရွှင်နိုင်ကြပါစေ ... ။ )
Myawady News