လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊ လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား

ပို့စ်တင်ချိန် - 2/07/2014 09:38:00 PM


Browse › Home › ဆောင်းပါး » လိမ်ညာမှုကို လက်ခံတဲ့ ပူးပေါင်းကော်မတီလား၊ လိမ်ညာမှုကို မှတ်တမ်းတင်တဲ့ လွှတ်တော်လား

တိုင်းပြည်အတွက်လည်း အရေးကြီး အများပြည်သူကလည်း စိတ်ဝင်စားနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး လွှတ်တော် ပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး လွှတ်တော်ကလည်း အဲဒီ အစီရင်ခံစာကို အတည်ပြုပေးလိုက်ပါပြီ။ တကယ်တော့ အဲဒီ အစီရင်ခံစာမှာ ထူးထူးခြားခြား ဘာမှ မပါဝင်ပါဘူး။ ဖွဲ့စည်းပုံပြင်ဖို့၊ မပြင်ဖို့ အကြံပေးချက်တွေကို အမျိုးအစားခွဲ ပြုစုထားတဲ့ ရုံးလုပ်ငန်း သာသာ အစီရင်ခံစာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ အစီရင်ခံစာထဲမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ (၇)ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး အကြံပြုထားတယ်ဆိုတဲ့ လက်မှတ်ပေါင်း တစ်သိန်းကျော် (၁၀၆၁၀၂) တင်ပြတယ် ဆိုတာကိုပါ မှတ်တမ်းတင်ထားလိုက်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က မှတ်တမ်းတင်ထားတယ် ဆိုရင် အဲဒီ လက်မှတ်ကောက်ခံမှု စာရင်းဇယားတွေဟာ မှန်ကန်ဖို့ လိုပါတယ်။ အဲဒီ ပုဒ်မ (၇) ခု မပြင်ဖို့ ပူးပေါင်းကော်မတီကို ဘယ်သူက လာတင်သလဲ၊ ဘာအချက်တွေ ပါသလဲ၊ ပူးပေါင်းကော်မတီက ဒါကို မစစ်ဆေးဘူးလား၊ လိမ်လည်မှု လုပ်ထားတာ မဖြစ်နိုင်ဘူးလား၊ အဲလို လိမ်လည်မှု လုပ်ထားတာဆို ဘယ်လို ဖြေရှင်းမလဲ စတာတွေ ခုတစ်ပါတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

လက်မှတ်တွေ စုဆောင်းပြီး ဘယ်သူ တင်ပြလဲ

ဖွဲ့စည်းပုံထဲက ပုဒ်မ (၇) ခု ကို လုံးဝ မပြင်လိုပါဘူး ဆိုပြီး လူတစ်သိန်းကျော် လက်မှတ်ထိုးထားတာကို စုစည်းပြီး ပူးပေါင်းကော်မတီကို တင်ပြသူဟာ ပြည်ခိုင်ဖြိုးပါတီ CEC တစ်ယောက်လို့ ကော်မတီအဖွဲ့ဝင် သူရဦးအောင်ကိုက သတင်းမီဒီယာတွေကို ပြောပါတယ်။ နာမည်တော့ သူ ထုတ်မပြောပါဘူး။ နောက်ပိုင်း အဲလိုတင်ပြတာဟာ သူပါပဲလို့ ဦးအောင်သိန်းလင်းက ဧရာဝတီ သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ အဲဒီ လူတစ်သိန်းကျော်က ဘယ်အချက်တွေကို မပြင်လိုပါဘူးလို့ သူ တင်ပြခဲ့သလဲ ကြည့်ရအောင်ပါ။
ဖွဲ့စည်းပုံထဲက အခန်း(၁) ပုဒ်မ ၆(စ)၊ ပုဒ်မ ၄၂၊ အခန်း(၃) ပုဒ်မ ၅၉(စ)၊ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈၊ အခန်း(၁၂) ပုဒ်မ ၄၃၆ နဲ့ အခန်း (၁၄) ပုဒ်မ ၄၄၅ စတာတွေကို မပြင်ပဲ ထားဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။ ပြောရရင် အဲဒီ ပုဒ်မတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်မရအောင် တားမြစ်ပိတ်ပင်ထားတဲ့ နာမည်ကြီး ပုဒ်မ ၅၉ (စ) ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍနဲ့ ဖွဲ့စည်းပုံကို ပြင်လို့ လုံးဝ မလွယ်အောင် လုပ်ထားတဲ့ ပုဒ်မ၊ အရင် စစ်အာဏာရှင်တွေကို နောက်ကြောင်းပြန် အရေးယူလို့ မရအောင် ကာကွယ်ထားတဲ့ ပုဒ်မတွေဖြစ်နေပါတယ်။ တစ်ခုချင်းစီ တင်ပြပါ့မယ်။

မပြင်ချင်တဲ့ ပုဒ်မတွေက ဘာတွေလဲ

အခန်း(၁) ပုဒ်မ ၆(စ) ဆိုတာ နိုင်ငံတော် အခြေခံမူ ဆိုတဲ့ အခန်းထဲကပါ “ နိုင်ငံတော်ဇ။် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်။” လို့ ဖော်ပြထားပါတယ်။ ဒါကတော့ ရှင်းပါတယ်။ စစ်တပ်က နိုင်ငံရေးဦးဆောင်မှု အခန်းမှာ ပါနေတာကို မပယ်ဖျက်နဲ့ ဆိုတာပါပဲ။ ပုဒ်မ ၄၂ ကတော့ “ (က) နိုင်ငံတော်သည် မည်သည့်နိုင်ငံကိုမှ စတင်ကျူးကျော်တိုက်ခိုက်ခြင်း မပြု၊ (ခ) နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြု” ဆိုတာပါ။
နောက်တစ်ခုကတော့ အခန်း(၃) ပုဒ်မ ၅၉(စ) ပါ။ ဖော်ပြထားချက်ကတော့ ဒီလိုပါ။ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ တွေရဲ့ အရည်အချင်းသတ်မှတ်ချက် မှာ “ မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိဇ။် မိဘ တစ်ပါးပါးသော်လည်းကောင်း၊ မိမိဇ။် ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိဇ။် တရားဝင် သားသမီး တစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦးဇ။် ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံတော် အစိုးရဇ။် ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါးဇ။် နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရဇ။် လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါးဇ။် နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။” လို့ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တားမြစ်ကန့်သတ်ထားတဲ့ ဥပဒေ ပြဌာန်းချက်ဖြစ်တယ်ဆိုတာ ရှင်းလင်းပါတယ်။ နောက်ထပ် မပြင်ချင်တဲ့ ပုဒ်မတွေကတော့ အခန်း (၇) ပုဒ်မ ၃၃၇၊ ၃၃၈ ပါ။ ပုဒ်မ ၃၃၇ “ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။” ၃၃၈ “ နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်ဇ။် ကွပ်ကဲမှုအောက်တွင် ရှိရမည်။” လို့ ဖော်ပြထားပါတယ်။ ဒါလည်း စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပါတ်သက်တဲ့ အချက်ပါပဲ။
နောက်ထပ်တစ်ခုကတော့ အခန်း(၁၂) ပုဒ်မ ၄၃၆ ပါ။ အဲဒီ ပုဒ်မ ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပါတ်သက်ပါတယ်။ အဲဒီမှာ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ချို့ကို အတိအကျ ဖော်ပြထားပြီး အဲဒီ ပုဒ်မတွေနဲ့ ပါတ်သက်လို့ ပြင်ချင်ရင် “ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ အားလုံးဇ။် ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။” (ခ) “ ပုဒ်မခွဲ(က) တွင် ဖော်ပြထားသည့် ပြဌာန်းချက်များမှအပ အခြားပြဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးဇ။် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ ” လို့ ဖော်ပြထားပါတယ်။ ပြောရရင် ဒီ ပုဒ်မဟာ စစ်တပ်ကသာ သဘောမတူရင်၊ တစ်နည်း ကာကွယ်ရေးဦးစီးချုပ်ကသာ သဘောမတူရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လို့ မရအောင် လုပ်ထားတဲ့ ပုဒ်မပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလွန်ပြင်ရခက်အောင် လုပ်ထားတဲ့ ပုဒ်မပါ။
နောက်ဆုံးတစ်ခုကတော့ အခန်း (၁၄) ပုဒ်မ ၄၄၅ ပါ။ အဲဒီမှာ ဖော်ပြထားတာက “ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့ဇ။် မူဝါဒ လမ်းညွှန်မှုများ၊ ဥပဒေများ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊ အမိန့်ပြန်တမ်းများ၊ ကြေငြာချက်များကိုလည်းကောင်း၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တို့ဇ။် ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို လည်းကောင်း ဆက်ခံသည်။ ယင်းအဖွဲ့ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦး၊ သို့မဟုတ် အစိုးရအဖွဲ့ဝင် တစ်ဦးဦးဇ။် တာဝန်အရ ဆောင်ရွက်ချက်များအပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရ။” လို့ ဖော်ပြထားပါတယ်။ လက်မှတ်ပေါင်း တစ်သိန်းကျော်က ဒီ အချက်ကို လုံးဝ မပြင်ချင်ဘူးလို့ ဆိုပါတယ်။

အဲဒါဟာ တကယ်ပဲ လူတစ်သိန်းကျော်ရဲ့ သဘောထားလား

ဒီလို ပြည်ခိုင်ဖြိုး စီအီးစီ ဦးအောင်သိန်းလင်းက လူတစ်သိန်းကျော် လက်မှတ်ဆိုပြီး တင်ပြထားတာနဲ့ ပါတ်သက်လို့ ကန်ပက်လက်အမတ် သူရဦးအောင်ကိုက ဒီ လက်မှတ်တွေမှာ နာမည်နဲ့ လက်မှတ် နှစ်မျိုးပဲ ပါတယ်၊ ဒါကြောင့် ခိုင်မာမှု မသေခြာဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်ထောက်ပြပါတယ်။ နာမည်နဲ့ လက်မှတ်ပဲ ပါတယ် ဆိုရင် ဒါဟာ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ လူတစ်ယောက် နှစ်ယောက်က လက်မှတ် အများအပြား တုပ ထိုးထားတာ ဖြစ်နိုင်ပါတယ်။ အခြားသော အကြောင်းအရာ တစ်ခုခုကို ပြောဆိုပြီး နာမည်နဲ့ လက်မှတ်ရေးထိုးခိုင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာမှ သေသေခြာခြာ ရှင်းမပြပဲ အတင်းအကြပ် လက်မှတ်ရေးထိုးခိုင်းထားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မှတ်ပုံတင်၊ နေရပ်လိပ်စာ စသဖြင့် တစ်ခုခု မပါတဲ့အတွက် လိမ်ညာထားသလား၊ အမှန်လား ဘယ်လိုမှ ဘယ်တစ်ယောက်ကိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရနိုင်ပါဘူး။ ဒါဆိုရင် တိုင်းပြည်အတွက် ဒီလောက် အရေးကြီးတဲ့ကိစ္စ ဒီလောက် အရေးကြီးတဲ့ အကြောင်းအရာကို စည်းကမ်းချက်တွေ အလွန်တင်းကြပ်စွာနဲ့ အလုပ်လုပ်တဲ့ လွှတ်တော် ပူးပေါင်းကော်မတီက ဘာလို့ လက်ခံလိုက်ပါသလဲ၊ မစိစစ် မစစ်ဆေးပဲနဲ့ ဘာလို့ အစီရင်ခံစာထဲ ထည့်သွင်းခဲ့ပါသလဲ။ မေးစရာ မေးခွန်းရှိပါတယ်။ အားမနာတမ်း ဝေဖန်ရရင် ပူးပေါင်းကော်မတီ ကိုယ်တိုင်က ဒီ မသေခြာ မရေရာတဲ့ လက်မှတ်၊ ကိန်းဂဏန်းတွေနဲ့ ဒါတွေ ဒါတွေ မပြင်ဖို့ လူ တစ်သိန်းကျော် တောင်းဆိုထားတယ် ဆိုတာကို အသုံးချချင်လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ပူးပေါင်းကော်မတီက လုပ်ရမှာ တစ်ခုပဲ ရှိပါတယ်။ ဒီ လူစာရင်းဆိုတာ တိုက်ဆိုင် စစ်ဆေး အတည်ပြုလို့ ရမှာလား၊ ရရင် မှတ်တမ်းတင်ပြီး မရရင် မှတ်တမ်းမတင်ပဲ ထားလိုက်ဖို့ပါပဲ။ အခုတော့ ဘယ်လိုမှ တိုက်ဆိုင် စစ်ဆေးလို့ မရတာကို တကယ့် လွှတ်တော်ရဲ့ အရေးကြီးတဲ့ မှတ်တမ်းတစ်ခုအဖြစ် ရေးသွင်းလိုက်ပါပြီ။

လက်မှတ်ပေါင်း တစ်သိန်းကျော် တကယ်ဖြစ်နိုင်သလား

အဲဒီ လက်မှတ်ရေးထိုး တောင်းဆိုထားတဲ့ဆီမှာ အဓိက ပါတာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ အခြား တပ်မတော်နဲ့ ဆိုင်တဲ့ ပုဒ်မတွေပါ။ နောက် အတည်မပြုနိုင်တဲ့ သတင်းတစ်ပုဒ် အဆိုအရ ဒီ လက်မှတ် တစ်သိန်းကျော်ကို ရန်ကုန်တိုင်း ဧရိယာ အတွင်းက စုစည်းထားတာလို့ ဆိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ ပုဒ်မ ၅၉ (စ) ကို ဖွဲ့စည်းပုံထဲကနေ ပယ်ဖျက် မပေးဖို့၊ ဆက်ထားဖို့ တောင်းဆိုတဲ့ လူထုဆန္ဒပြပွဲကြီးတစ်ခု ရန်ကုန် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကိုယ်တိုင် တက်ပါတယ်။ တက်ချင်တဲ့လူတွေကို ကားနဲ့ ကြိုပေးတာလည်း လုပ်ပါတယ်။ ပွဲမလုပ်ခင်တုန်းကလည်း ရှေ့ပိုင်းရက်တွေကတည်းက ကြိုတင် စည်းရုံးတာတွေ လုပ်ပါတယ်။ ဒါပေမယ့် တကယ်ပွဲလည်း လုပ်ရော လူပေါင်း ၁၀၀၀ တောင် မပြည့်ပါဘူး။ အလွန်နည်းပါတယ်။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့်ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) ကို ဆက်ထားဖို့ တောင်းဆိုထားတဲ့ ရန်ကုန်တိုင်းက လူပေါင်း တစ်သိန်းကျော် ဘာကြောင့် ဒီ ပွဲကို တက်တက်ကြွကြွ လာမတက်ရသလဲ စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ ပြောရရင် အဲဒီ လက်မှတ် တစ်သိန်း ဆိုတာဟာ အလိမ်အညာ တစ်ခု ဆိုတာ ဒီဖြစ်ရပ်ကိုကြည့်ရင်လည်း သိနိုင်ပါတယ်။

အရင်က သာဓက

တကယ်တော့ အခု ပြည်ခိုင်ဖြိုး တဖြစ်လဲ အရင် စစ်အာဏာရှင်တွေနဲ့ တာဝန်ရှိသူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ လူထုဆန္ဒခံယူပွဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မသမာနည်းမျိုးစုံသုံး၊ ကိန်းဂဏန်း အမျိုးမျိုးထုတ် လုပ်ခဲ့ဖူးခဲ့ပါပြီ။ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့တဲ့ မဆလ ခေတ်၊ န၀တ၊ နအဖ ခေတ် နှစ်ပေါင်း ၅၀ ကျော် ဒီအတိုင်း လုပ်ခဲ့တဲ့ သာဓကတွေရှိခဲ့ပါတယ်။ အခု ပြည်ခိုင်ဖြိုး စီအီးစီ ဆိုသူတစ်ယောက်က လုပ်တာ၊ အဲဒါကို ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်က လွှမ်းမိုးတဲ့ ဖွဲ့စည်းပုံသုံးသပ်ရေး ကော်မတီက အချက်အလက်တွေ မခိုင်လုံမှန်း သိရက်နဲ့ လက်ခံလိုက်တာဟာ အဲဒီတုန်းက လုပ်ခဲ့တဲ့ အပြုအမူ အမူအကျင့်တွေအတိုင်းပဲလို့ သုံးသပ်ရပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုး အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ်စေ၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုဖြစ်စေ ဘယ်လိုမသမာမှုတွေ လုပ်မယ် ဆိုတာကို ကနဦး ထုတ်ပြလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကို မစစ်မဆေး ဆက်ပြီး မှတ်တမ်းတင်လိုက်တဲ့ သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုလွှတ်တော်ဟာလည်း အလားတူ အမူအကျင့်မျိုးကို လက်သင့်ခံလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်လို့သာ သူရဦးရွှေမန်းခေါင်းဆောင်နေတဲ့ လွှတ်တော်ဟာ ဒီ လိုစွတ်စွဲတာ မဟုတ်မမှန်ပါဘူး၊ ဒီ သဘောထား မရှိပါဘူးလို့ ပြသ ချင်ရင် အဲဒီ လက်မှတ် တစ်သိန်းကျော် ဟာ အစစ်အမှန်တွေ ဟုတ်မဟုတ်၊ တကယ်ပဲ ဖွဲ့စည်းပုံထဲက အဲဒီ အချက်တွေကို ပြင်ဆင်ချင်တဲ့ ဆန္ဒနဲ့ ရေးထိုးပေးခဲ့တာ ဟုတ်မဟုတ် စုံစမ်းစစ်ဆေးသင့်ပါတယ်။ မမှန်ကန်ဘူးဆိုတာ ပေါ်ထွက်ခဲ့ရင် လွှတ်တော် ပူးပေါင်းကော်မတီကိုလည်း ပြစ်တင်ရှုတ်ချတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ လွှတ်တော်ဆိုတာ အရင် စစ်အာဏာရှင်တွေ လုပ်ရပ်အတိုင်း အလိမ်အညာတွေ လက်ခံတဲ့ လွှတ်တော်၊ ဖွဲ့စည်းပုံ သုံးသပ်ရေး ကော်မတီ ဆိုတာဟာလည်း အလိမ်အညာတွေ ပူးပေါင်း လုပ်ကိုင်တဲ့ ကော်မတီအဖြစ် သတ်မှတ်ဖို့သာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်
ရန်ကုန်တိုင်းမ် ဂျာနယ်၊ မွန်းတည့်နေဂျာနယ်၊ ၇-၂-၁၄။