စိတ်ညစ်နေစဉ် facebook မှာ Status တင်ခြင်းဟာ စိတ်ပြေလျော့နိုင်ခြင်း ရှိ / မရှိ

ပို့စ်တင်ချိန် - 2/07/2014 08:34:00 PM



တစ်ခါတစ်ရံမှာ လူတိုင်းလူတိုင်းဟာ စိတ်ညစ်တတ်ကြ ပါတယ်။ ဒီအတွက် စိတ်ထွက်ပေါက်ကို လိုက်လံရှာဖွေ ကြပါတယ်။ သူငယ်ချင်း ၊ မိတ်ဆွေ၊ ညီအကိုမောင်နှမ၊ လုပ်ဖော်ကိုင်ဖက် စတဲ့ သူတွေကို ရင်ဖွင့်လေ့ ရှိကြပါတယ်။

စိတ်ညစ်တဲ့ အခါမှာ ရင်ဖွင့်လိုက်ရလို့ စိတ်ကိုပြောလျော့နိုင်ပါတယ်။ ဒါကြောင့် စိတ်ညစ်တဲ့ အခါမှာ ရင်ဖွင့်ဖို့ လူမရှိဘူးဆိုရင် ယနေ့ခေတ်မှာတော့ facebook မှာ Status တွေကို တင်ကြပါတယ်။ လူတိုင်းမဟုတ်သော်လည်း အတော်များများ Status တွေကို တင်ကြပါတယ်။

ဒီလိုမျိုး facebook ပေါ်သို့ Status တင်ခြင်းကြောင့် လူတစ်ယောက်ကို ဖွင့်ပြောပြ လိုက်ရသလိုမျိုး ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အပြန်အလှန် comment တွေကိုပေးခြင်း ကြောင့် ပြဿနာအတွက် နည်းလမ်းကောင်းတွေကို ရနိုင်တဲ့ အပြင် သီငယ်ချင်းတွေရဲ့ စနောက်မှုတွေကို ပျော်ရွှင်မှုတွေကိုပါ ရရှိနိုင်ပါတယ်။ တစ်ခါတစ်လေမှာတော့ မိမိတင်လိုက်တဲ့ Status အပေါ် ရိုင်းဆိုင်းစွာ ဝေဖန်ပြောဆိုသော သီငယ်ချင်း တစ်ချို့ကြောင့် ပိုမိုပြီး ခံစားရနိုင်ပါတယ်။

ဒါပေမယ့်လည်း အကြမ်းမျဉ်း အရတော့ စိတ်ညစ်နေစဉ် facebook မှာ Status တင်ခြင်းဟာ စိတ်ကို ပြေလျော့နိုင်ပါတယ်။


ကျော်လင်းနိုင် (www.smart.com.mm)
Smart Pro Journal