အီလက်ထရောနစ် သေနတ်လိုလည်း သုံးလို့ရမယ့် အိုင်ဖုန်းကာဗာ

ပို့စ်တင်ချိန် - 2/07/2014 04:37:00 PM




အီလက်ထရောနစ် သေနတ်လို အသုံးပြုနိုင်မယ့် အိုင်ဖုန်း ကာဗာကို အမေရိကန်က တီထွင်သူ Seth Froom က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ သူအိမ်မှာနေရင်း သေနတ်နဲ့ ခြိမ်းခြောက် ဓါးပြ တိုက်ခံရပြီးနောက် ယခုလို  အိုင်ဒီယာရ တီထွင်ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ် ။


ကာဗာမှာ လျှပ်စစ်ဗို့အား ၆၅၀၀၀ ရှိပါတယ်။ ဖုန်းအားသွင်းဖို့ အတွက်လည်း အသုံးပြုနိုင်သလို အရေးကြုံရင် ရဲတွေ သုံးတဲ့ လျှပ်စစ် သေနတ် အနေနဲ့ လည်း အသုံးပြုလို့ ရပါတယ်။ ဒီတော့ အိတ်ကပ်ထဲ ထည့်ထားရင် ရုတ်တရက် ခလုပ်ပွင့်မလားလို့ စိုးရိမ်စရာ ရှိပါတယ်။ ဒီအတွက် ပူစရာ မလိုပါဘူး။ တီထွင်ဖန်တီးသူက ဒီအတွက် ကြိုတင်ကာကွယ် ထားပေးပြီး လျှပ်စစ် သေနတ်အဖျြစ် အသုံးပြုဖို့အတွက် ပင်တစ်ခု အရင်ဖွင့်ပေးရအုံး မှာ ဖြစ်ပါတယ်။ ရုတ်တရက်အရေးကြုံရင်လည်း အလွယ်တကူ ဖွင့်လို့ ရပါတယ်။

ဗို့အား များတာကြောင့် သာမန် လျှပ်စစ် သေနတ်တွေနဲ့ အတူတူလောက် အသုံးပြုလို့ ရပါတယ်။ iPhone 5, iPhone 5C, iPhone 5S တို့အတွက် ထုတ်လုပ်ထားပြီး အမေရိကန်ဒေါ်လာ ၉၀ အထက်နဲ့ ရောင်းချ ပါတယ်။ သို့ပေမယ့် ယင်း ကာဗာကို နိုင်ငံအချို့မှာ ဝယ်ယူခွင့် တားမြစ် ထား ကြောင်း သိရပါတယ်။
.
Ref: dailymail
အောင်ခမ်း ( www.innewsmyanmar.com )