လက်အိတ်တွေအတွက် Touchscreen ပေါ်မှာ အဆင်ပြေစေမဲ့ nonotips အရည်

ပို့စ်တင်ချိန် - 2/07/2014 08:45:00 PM




လက်အိတ်အထူကြီးဝတ်ပြီး Touchscreen ကို အသုံးပြုရတာ အဆင်ပြေပါရဲ့လား ?
နည်းနည်းတော့ ခက်ပါလိမ့်မယ်။
အထူးသဖြင့် အမြဲတမ်း လက်အိတ်နဲ့ ထိတွေ့ပြီး လုပ်ငန်းခွင် ၀င်နေတဲ့ သူတွေ၊ လက်အိတ်မရှိမဖြစ်လိုတဲ့ အအေးပိုင်းဒေသကသူတွေ၊ ဆိုင်ကယ်စီး
ရင် လက်အိတ်အသုံးပြုတဲ့ လူတွေအတွက် ဖြစ်ပါတယ်။ ထိုကဲ့သို့သောသူတွေဟာ ဖုန်းတွေ၊ Touchscreen ပါဝင်သုံးပြုရတဲ့ ပစ္စည်းတွေမှာ အခက်အခဲ ရှိတတ်ကြပါတယ်။

ထို့ကဲ့သို့ အခြေအနေမျိုးတွေကို ထို nanotips လို့ခေါ်တဲ့ အရည်လေးက လွယ်ကူ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ ရိုးရှင်းစွာနဲ့ tuchscreen တွေမှာ လက်အိတ်ဝတ်ထားပေမဲ့လည်း တကယ်လက်နဲ့ ထိတွေ့နေရသလို ဖြစ်စေပါလိမ့်မယ်။ ဒီလိုဆိုတော့ စတိုင်မပျက်ပဲ လက်အိတ် ချွတ်စရာလည်းမလိုတော့ဘူးပေါ့။

မော်တော်ဆိုင်ကယ်စီးရင်နဲ့လည်း ဖုန်းထဲက အီးမေးလ်တွေကို ကြည့်လို့ရပါတယ်။ တကယ်လို့ စိတ်ဝင်စားရင်တော့ အမည်းရောင် nanotips တစ်ဘူးအတွက် ဒေါ်လာ (၂၀)လောက် ပေးဖို့ရှိပါတယ်။ သူက ရာဘာလက်အိတ်နဲ့ အခြားပါးလွှာတဲ့
လက်အိတ်တွေက်ု ၀တ်ဆင်တဲ့သူတွေအတွက် ဖြစ်ပြီး ပလတ်စတစ်အသားတွေအတွက် ရည်ရွယ်တဲ့ အပြာရောင် nanotips ကတော့ ဒေါ်လာ (၂၇) ဖြစ်ပါတယ်။

နှစ်မျိုးစလုံးကို ဖော်ဝါရီလနဲ့ မတ်လကြားထဲမှာ ၀ယ်ယူရရှိမှာ ဖြစ်ပါတယ်။

Aung Heine ( www.smart.com.mm )
Smart Pro Journal