ထိုင်းပေါက်ကွဲမှုတွေအတွင်း ကလေးငယ်တချို့ သေဆုံး

ပို့စ်တင်ချိန် - 2/24/2014 09:13:00 AM



ဆန္ဒပြမှုတွေ ​ဆက်တိုက်ဖြစ်နေတဲ့ ​ထိုင်းနိုင်ငံမှာ ​ပြီးခဲ့တဲ့ ​ရက်တွေအတွင်း ​ပေါက်ကွဲမှုတွေ ​ဖြစ်ခဲ့တဲ့အတွက် ​လူသေဆုံးမှုတွေ ​ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြသူတွေနေရာယူတဲ့နေရာက ပေါက်ကွဲမှုဖြစ်ပွားအပြီး အာဏာပိုင်တွေ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်

အစိုးရကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြသူတွေရှိရာ ​စခန်းနားမှာ ​မနေ့တုန်းက ​လက်ပစ်ဗုံးတစ်လုံး ​ပစ်ပေါက်ခံခဲ့ရာက ​ကလေးငယ်တစ်ဦးနဲ့ ​အမျိုးသမီးတစ်ဦး ​သေဆုံးခဲ့ရပါတယ်။

အဲဒီနေရာဟာ ​လူသွားလူလာများတဲ့ ​ဆူပါမတ်ကက်နားမှာ ​ဖြစ်တဲ့အတွက် ​အနည်းဆုံး ​လူ ​၂၄ ​ယောက်လောက် ​ဒဏ်ရာရရှိပြီး ​အဲဒီထဲမှာ ​အမျိုးသမီးနဲ့ ​ကလေးငယ်တွေလည်း ​ပါဝင်ပါတယ်။

စနေနေ့တုန်းကလည်း ​ဘန်ကောက်မြို့နားက ​Trat ​မြို့မှာ ​သေနတ်သမားတစ်ဦးက ​ဆန္ဒပြသူတွေကို ​သေနတ်နဲ့ ​ပစ်ခတ်ခဲ့ရာကနေ ​အသက် ​၅ ​နှစ်အရွယ် ​ကလေးမတစ်ဦးသေဆုံးခဲ့ရပြီး ​၃၅ ​ယောက်ကျော် ​ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ​သောကြာနေ့ကလည်း ​ဘန်ကောက်မြို့တွင်းရှိ ​ဆန္ဒပြစခန်းတစ်ခု ​လက်ပစ်ဗုံးနဲ့ ​ပစ်ပေါက်ခံခဲ့ရာက ​လူ ​၇ ​ဦး ​ဒဏ်ရာရရှိသွားပါတယ်။

ဒီလို ​အခြေအနေကြောင့် ​ဘန်ကောက်မြို့မှာ ​စစ်မြေပြင်ကြီးလိုတောင် ​ဖြစ်နေပြီလို့ ​တင်စားခေါ်ဝေါ်နေကြပြီး ​ထိုင်းဝန်ကြီးချုပ် ​ရင်လတ်ရှင်နာဝပ်ကတော့ ​ဒီအကြမ်းဖက်မှုတွေကို ​ရှုံ့ချလိုက်ပါတယ်။

ABC Radio Australia