ညဖက် အရှိန်ပြင်းမောင်းတဲ့ ပြိုင်ကားတွေကို အရေးယူတော့မယ်

ပို့စ်တင်ချိန် - 2/22/2014 12:01:00 PM



ရန်ကုန်မှာ ညအချိန် အရှိန်ပြင်း မောင်းနှင်တဲ့ ပြိုင်ကားတွေကို နေရာ ၁၂ နေရာမှာ စောင့်ပြီး ဖမ်းဆီး အရေးယူဖို့ ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားပါတော့မယ်။


ဒီကနေ့ ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးတာဝန်ရှိသူ တဦးကို ကိုးကားပြီး ဖော်ပြထားတာမှာ ညဖက် ပြိုင်ကားမောင်းတဲ့သူတွေကြောင့် ယာဉ်မတော်တဆ
ဖြစ်တာတွေ၊ မလိုလား အပ်တဲ့ ရမ်းကားမှုတွေနဲ့ ပြစ်မှုတွေ ဖြစ်လာနိုင်တယ်အတွက် အခုလို စစ်ဆေး အရေးယူဖို့ လုပ်တာဖြစ်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ပြိုင်ကားအရှိန်ပြင် မောင်းနှင်နေကြတဲ့ ပြည်လမ်း၊ မရမ်းကုန်း၊ ရှစ်မိုင်၊ ပြည်လမ်း- ပါရမီ၊ ကမ္ဘာအေး- ပါရမီ၊ ချော်တွင်းကုန်း၊ အင်းစိန်၊ ခရေပင်လမ်းခွဲ၊ စမ်းချောင်း- မြေနီကုန်း၊ ဒဂုံမြို့နယ် ဦးဝိစာရလမ်းနဲ့ ဓမ္မစေတီလမ်းတွေမှာ  ညဖက်တွေမှာ အရှိန်ပြင်း မောင်းနှင်ကြတဲ့ ပြိုင်ကားတွေ ကို အရေးယူဖို့   ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုပူးပေါင်း တာဝန်ပေးထားမယ်လို့ ဆိုပါတယ်။


အခုလို အရှိန်ပြင်းမောင်းနှင်တဲ့ ပြိုင်ကားတွေကို ဖမ်းဆီးအရေးယူရေး ကိစ္စဟာ မကြာသေးမီက အငှား ယာဉ် တစီးကို ပြိုင်ကားမောင်းသူ တစုက ဝိုင်းဝန်ရိုက်နှက်ခဲ့သည့် ရမ်းကားမှု ဖြစ်ပွား ပြီးနောက်ပိုင်းအခုလို ယာဉ်ထိန်းရဲနဲ့ ရဲတပ်ဖွဲ့က စီစဉ်လာတာလည်းဖြစ်ပါတယ်။

အိမ့်သံစဉ် ~
The Irrawaddy