ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် စနိုဒန်အား ရွေးချယ်ခန့်အပ်

ပို့စ်တင်ချိန် - 2/22/2014 10:04:00 AM




အမေရိကန် ပြည်ထောင်စု၏ လျှို့ဝှက် ထောက်လှမ်းရေး အစီအစဉ် များနှင့် အင်တာနက် ဆက်သွယ်ရေး အစီအစဉ် များကို လူသိရှင်ကြား ထုတ်ဖော်ခဲ့သည့် အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီမှ အမှုထမ်းဟောင်း တစ်ဦးဖြစ်သူ အက်ဒ်ဝပ် စနိုဒန်အား စကော့တလန် နိုင်ငံ ဂလက်စဂို တက္ကသိုလ်၏ ပါမောက္ခချုပ် အဖြစ် ဖေဖော်ဝါရီ ၁၈ ရက်က ရွေးချယ်ခန့်အပ် ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

စနိုဒန်အား ပါမောက္ခချုပ် အဖြစ် ခန့်အပ်ရန် ၎င်းတက္ကသိုလ်ရှိ ကျောင်းသားများ အဖွဲ့က ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး စနိုဒန်၏ သဘော တူညီမှုကို ၎င်း၏ ရှေ့နေမှ တစ်ဆင့် လက်ခံ ရရှိခဲ့ကြောင်း၊ ဂလက်စဂို တက္ကသိုလ်တွင် ပါမောက္ခချုပ် အဖြစ် စနိုဒန်အား ရွေးချယ်ခန့်အပ် ခဲ့သည့်အတွက် အလွန် ဝမ်းမြောက်ကြောင်း တက္ကသိုလ် ကျောင်းသားများ အဖွဲ့မှ ပြောကြားခဲ့သည်။

စနိုဒန်အား ပါမောက္ခချုပ် အဖြစ် ရွေးချယ် ခန့်အပ်မှု အစီအစဉ်တွင် တက္ကသိုလ် ကျောင်းသား များ၏ တင်ပြမှု အစီအစဉ်များ ပါဝင်ကြောင်း၊ ၎င်းပြင် စနိုဒန်သည် အစိုးရ အဖွဲ့ အစည်းများ၊ အခြား အာဏာပိုင် အဖွဲ့များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများ တက်ရောက်ရန် မျှော်မှန်း ထားကြောင်း ၎င်းအဖွဲ့က ဆက်လက် ပြောကြားခဲ့သည်။

မြ၀တီ