ယူကရိန်းလုံခြုံရေးတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ ဆန္ဒပြသူတွေရဲ့ရုပ်အလောင်းကို လွတ်လပ်ရေးရင်ပြင်တွင် သယ်ဆောင်ဂုဏ်ပြု

ပို့စ်တင်ချိန် - 2/22/2014 08:03:00 PM


ယူကရိန်းလုံခြုံရေးတွေက ပစ်ခတ်လို့ သေဆုံးခဲ့ကြတဲ့ ဆန္ဒပြသူတွေရဲ့ ရုပ်အလောင်းတွေကို ဖေဖော်ဝါရီ ၂၁ ရက်နေ့ညက ကိဗ်မြို့က လွတ်လပ်ရေးရင်ပြင်ကို ပြန်လည်သယ်ဆောင်လာပြီး ယူကရိန်း အတိုက်အခံတွေနဲ့ ကိဗ်မြို့ ပြည်သူတွေက ဂုဏ်ပြုခဲ့ကြပါတယ်။
လုံခြုံရေးတွေနဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခတွေမှာ နှစ်ရက်အတွင်း လူ ၇၅ ဦး သေဆုံးခဲ့တာဟာ ယူကရိန်းနိုင်ငံ ဆိုဗီယက်လက်အောက်က လွတ်မြောက်ခဲ့အပြီး အဆိုးဝါးဆုံး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဆန္ဒပြခေါင်းဆောင်တဦးက သူတို့ဟာ အခြေအနေတွေကို ပြောင်းလဲလိုက်ပြီ။ အတိုက်အခံတွေဟာ အစိုးရမှာ ပါဝင်ခွင့်ရတော့မှာ ဖြစ်တယ်။ အတိုက်အခံတွေဟာ ဖြေသိမ့်မှုလေးကို လိုချင်တာမဟုတ်ပဲ လူသတ်အစိုးရ တခုလုံး ထွက်သွားတာကို လိုချင်တာပါလို့ လွတ်လပ်ရေးရင်ပြင်က လူထုတွေကို ပြောဆိုခဲ့ပါတယ်။

DVB Burmese