Screen ကွဲသွားတဲ့ ဖုန်းတွေအတွက် အသစ်အစားထိုးပြန်လဲပေးမည်ဟု HTC ဆို

ပို့စ်တင်ချိန် - 2/22/2014 02:50:00 PM


HTC Advantage ဟုအမည်ရသည့် program သစ်တွင် Screen ကွဲအက်သွားသော HTC ဖုန်းများအတွက် အစားထိုးပေးခြင်းနှင့်
နှစ်နှစ်အာမခံ Android update များကိုလည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ HTC One သည် HTC ၏ နာမည်ကျော် စမတ်ဖုန်းတစ်လုံး
ဖြစ်သော်လည်း ဈေးကွက်အနေအထားအရ Samsung နှင့် Apple ကိုကျော်တက်သွားနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် HTC အနေဖြင့်စီးပွားအရ အတော်လေးရုန်းကန်ခဲ့ရပြီး ကမ္ဘာ့ဈေးကွက်ရှယ်ယာမှာ ၂.၂ ရာခိုင်နှုန်း နီးပါးအထိ ကျဆင်သွားခဲ့သည်။

ထိုသို့ဈေးကွက်ကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် HTC ၏ အဓိက Carrier (၄) ခုနှင့်ချိတ်ဆက်ပြီး HTC Advantage ဟုအမည်ရသည့် program သစ်တစ်ခုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ Program တွင် HTC ဖုန်းကိုင်ဆောင်သူများအတွက် အာမခံနှစ်နှစ်ရှိသည့် Android updates များပေးသွားမည်ဖြစ်ပြီး ခြောက်လအတွင်း ဖုန်း Screen ကွဲအက်မှုဖြစ်ပါက အစားထိုးလဲလှယ်ပေးမှုများအပြင် Google Drive storage အပိုကိုပါ ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိမှာတော့ HTC One, HTC One Max နှင့် HTC One Mini သုံးလုံးကိုသာလျှင် အဆိုပါအစီအစဉ်တွင် ထည့်သွင်းပေးထားခြင်း ဖြစ်သည်။

“အသစ်လဲလှယ်ပေးမယ့် ကာလကို ၆ လကျော် ဒါမှမဟုတ် ဒီထက်ပိုတဲ့ အချိန်အကန့်အသတ်ကို ပေးသွားဖို့ စဉ်းစားထားပါတယ်။ Customer
တွေအတွက် အမှန်တကယ်ကို အကြီးရှိတဲ့ Program မျိုးဖြစ်စေဖို့ လုပ်ဆောင်သွားမှာပါ” ဟု HTC ၏ Vice President ဖြစ်သူ Ed Kuhner က ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် Screen ကွဲအက်ပျက်ဆီးသွားခြင်းအတွက် ကန်ဒေါ်လာ ၇၀ ဖြင့် ပြန်လည်ပြုပြင်ရလေ့ရှိသည်။ ယခု HTC ၏ Program သစ်တွင် Oprtion နှစ်မျိုးခွဲထားသည်။ Screen ကွဲအက်ပျက်ဆီးသွားသောဖုန်းများကို
စာတိုက်မှတစ်ဆင့် HTC သို့ ပေးပို့ကာ ပြင်ဆင်ပြီးသော ဖုန်းများအတွက် Customer ဆီသို့ အခမဲ့ပေးပို့စနစ်နှင့် အသစ်အစားထိုးလဲလှယ်ပြီး အမြန်ချောပို့စနစ်ဖြင့် Customer ဆီသို့ ပြန်လည်ပေးပို့စနစ်ဟူ၍
နှစ်မျိုးခွဲခြားထားသည်ဟု ဆိုသည်။ ဒုတိယနည်းအရ အမြန်ချောပို့
စနစ်ဖြင့် ပြန်လည်ပေးပို့ရာတွင် Shipping ပို့ဆောင်ခ ကန်ဒေါ်လာ ၂၉ ကို ပေးဆောင်ရန် လိုအပ်ကြောင်းသိရသည်။

Ref : PC Magazine
May Thazin (TSJ Team)