ခင်ဝင့်ဝါ မျက်ရည်ကျတဲ့ အကြောင်းရင်း

ပို့စ်တင်ချိန် - 2/06/2014 10:26:00 PM



”နယ်ခံ ပရိသတ်တွေက ကိုယ့် အတွက် အထူး အဆန်း ဖြစ်သလို ရိုက်ကူးရေး အနေနဲ့လည်း ကြီးကြီး ကျယ်ကျယ် ဖြစ်တယ်။ တစ်ခါ တလေ ပျော်လွန်းလို့ မျက် ရည် တောင် ကျမိတယ်”ဟု ခင်ဝင့်ဝါ က ပြောသည်။

ပထမဆုံး နယ်ရိုက် ကွင်းမှာ ရလာတဲ့ အသိကတော့ နယ်ခံ ပရိသတ်တွေက ရိုးသားပြီး ပွင့်လင်း ကြကြောင်း ခင်ဝင့်ဝါ က ပြော သည်။

ခု လတ်တလောမှာ ခင်ဝင့်ဝါက ရေစကြို၊ ပခန်းကြီး၊ ပခုက္ကူနဲ့ ပုဂံ ဘက်မှာ ‘ကျွန်တော့် ရည်းစား ဘုရား မှာနေသည်’ ရုပ်ရှင် ဇာတ်ကားကြီးကို ဒါရိုက်တာ ပန်းချီစိုးမိုး၊ စိုးရန်အောင်၊ မိုးယုစံတို့နှင့် အတူ သွားရောက် ရိုက်ကူးနေကြောင်း သိရသည်။

ခင်ဝင့်ဝါက The Beauties Concept Website တွင် Most Beautiful Girl of the year 2013 နံပါတ် ၆ အဖြစ် ရွေးချယ် ခံရ သလို Global Beauties Website တွင် Miss Grand 2013 နံပါတ် ၅ စာရင်းတွင် ပါဝင်နေသူ တစ်ဦး ဖြစ်ကြောင်းလည်း သိရသည်။

”ခင်ဝင့်ဝါ ဆိုတာထက် မြန်မာ နိုင်ငံ ကိုယ်စားပြု အလှမယ် ခင်ဝင့်ဝါ အနေ နဲ့ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ပွဲ တစ်ခုမှာ မမျှော်လင့်ဘဲ ကမ္ဘာက အသိအမှတ်ပြု ခံရတဲ့အထဲ မှာ ပါဝင်ခွင့် ရတဲ့ အတွက် ပျော်ရွှင်မိတယ်”ဟု ခင်ဝင့်ဝါ က ပြောသည်။

”ပြိုင်ပွဲ တစ်လျှောက်လုံး အား ပေးတဲ့ ပရိသတ်ရော၊ မိသားစုဝင်ရော ပြီးတော့ Organizer က အကို အစ်မတွေ ရော ကျေးဇူးတင်တယ်” ဟု ၄င်းက ဆက်ပြောသည်။

”ဘယ်အရာမဆို အဆိုးနဲ့ အကောင်းဟာ ဒွန်တွဲနေတာပဲ။ တိုက်ခိုက် ခံရသလို ဝေဖန်ခံရတယ်။ ဒါကို ခံနိုင် ရည်ရှိရမယ်။ အရေးကြီးတာက စိတ်ဓာတ် ခွန်အားပဲ” ဟု ၄င်းက ပြောသည်။

ထူးထူး
From:popular