ဆွမ်ဆီးနည်းပြ လောက်ဒရပ် အသင်းမှထုတ်ပယ်ခံရ

ပို့စ်တင်ချိန် - 2/06/2014 12:32:00 PM



ဆွမ်ဆီးမှာ၎င်းတို့၏နည်းပြ လောက်ဒရပ် ကိုရာထူးမှထုတ်ပယ်လိုက်သည်။
လောက်ဒရပ်သည် ရော့ဂျာထွက်ခွာသွားပြီးနောက် ဆွမ်ဆီးအသင်းကို တာဝန်ယူခဲ့ပြီး ပြီးခဲ့သည့် ရာသီက ဆွမ်ဆီးအသင်းအတွက် ကက်ပီတယ်ဝမ်းဖလား ဆွတ်ခူးပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၉)နေရာတွင် ရပ်တည်နိုင်စေခဲ့သည်။

သို့သော် နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၀)ပွဲတွင် ဆွမ်ဆီးအသင်း (၁)ပွဲသာ အနိုင်ရရှိခဲ့ပြီး (၃)နှစ် စာချုပ်သက်တမ်း ချုပ်ဆိုထားသော်လည်း တစ်နှစ်ခွဲအကြာတွင် ရာထူးမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ လောက်ဒရပ်ကို ထုတ်ပယ်ခဲ့သည့် ဆွမ်ဆီးမှာ နောက်ခံလူ ဂါရီမွန့်နှင့် အလန်ကာတစ်တို့ကို နည်းပြတာဝန် ပေးအပ်သွားမည်ဟု ဒေးလီးမေးလ်မှ ဖော်ပြထားသည်။ လောက်ဒရပ်မှာ ပြီးခဲ့သည့် ၁၀နှစ်အတွင်း ဆွမ်ဆီးအသင်းမှ ပထမဆုံး ထုတ်ပယ်ခံရသည့် နည်းပြ ဖြစ်လာခဲ့သည်။

ဆွမ်ဆီးမှ လောက်ဒရပ် ထုတ်ပယ်ခံရခြင်းကြောင့် ၂၀၀၆ခုနှစ်နောက်ပိုင်း ကက်ပီတယ်ဝမ်းဖလား ဆွတ်ခူးနိုင်သည့် အသင်းနည်းပြများအနက် ဖာဂူဆန်မှ လွဲ၍ ကျန်နည်းပြအားလုံး ရာထူးမှထုတ်ပယ်ခံခဲ့ရသည့် မှတ်တမ်းတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

@z(ရိုးရာလေး)