ဘီးချွတ်ယွင်းမှုကြောင့် တရုတ်ခရီးသည်တင်လေယာဉ် ကျွမ်းထိုးမှောက်ခုံဖြစ်

ပို့စ်တင်ချိန် - 2/06/2014 12:59:00 PM




Wednesday, February 5, 2014

အင်္ဂါနေ့က ဇန်ဇူးမြို့သို့ လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီးချစဉ် လွဲချော်မှုဖြစ်ခဲ့ပြီး လေယာဉ်ရှေ့ပိုင်းက မြေကြီးနှင့်ထိကာ သည်းထိတ်ရင်ဖို ဆင်းသက်ခဲ့ရသည်။

တရုတ်နိုင်ငံတွင် ပြည်တွင်းဖြစ် ခရီးသည်တင် လေယာဉ်ငယ်တစ်စင်း ဘီးအချ၌ ပြဿနာဖြစ်ပြီး ကျွမ်းထိုးမှောက်ခုံ ဆင်းသက်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် အသေအပျောက် မရှိခဲ့ကြောင်း သိရသည်။ အင်္ဂါနေ့က ဇန်ဇူးမြို့သို့ လေယာဉ်ဆင်းသက်စဉ် ရှေ့ဘီးချစဉ် လွဲချော်မှုဖြစ်ခဲ့ပြီး လေယာဉ်ရှေ့ပိုင်းက မြေကြီးနှင့်ထိကာ သည်းထိတ်ရင်ဖို ဆင်းသက်ခဲ့ရသည်။ လေဆိပ်တာဝန်ခံများက လိုက်ပါလာသူ ခရီးသည် (၃၇)ဦးရော၊ လေယာဉ်အမှုထမ်း (၇)ဦးစလုံးပါ ဘေးရန်ကင်းရှင်းကြောင်း ဆိုသည်။

Xinzhou-60 အမျိုးအစား လေယာဉ်သည် အင်္ဂါနေ့ ညနေပိုင်းက လေဆိပ်သို့အဆင်း၌ ပြဿနာ ကြုံလာခြင်း ဖြစ်သည်။ ဟီနန်ပြည်နယ်၏ မြို့တော်ဖြစ်သော ဇန်ဇူးမှ ရှင်ဇန်း နိုင်ငံတက လေဆိပ်သို့ အဆင်းတွင် လေယာဉ်မတော်တဆမှု ဖြစ်ခဲ့ခြင်းဟု သတင်းများက ဆိုသည်။ Flight Joy 1533 ခရီးစဉ်ဖြင့် ပျံသန်းလာသော လေယာဉ်ကို Joyair လေကြောင်းပို့ဆောင်ရေး ကုမ္ပဏီက ပိုင်ဆိုင်သည်။ ယင်းလေယာဉ်သည် နိုင်ငံမြောက်ပိုင်း ရှန်ဇီးပြည်နယ်ရှိ တိုင်ယူအန်းမြို့မှ စတင်ပျံသန်းလာခြင်း ဖြစ်သည်။

လေယာဉ်သည် ဇန်ဇူးတွင် တစ်ထောက်နားပြီးနောက် အန်ဟွိုင်ပြည်နယ်ရှိ ဟီဖိုင်သို့ ဆက်လက်ပျံသန်းရန် ခရီးစဉ် သတ်မှတ်ထားသည်။ လေယာဉ်ဂျွမ်း ထိုးမှောက်ခုံ ဖြစ်ခဲ့ပြီးနောက် အတွင်း၌ ရှိနေသူ အားလုံးကို လျင်လျင်မြန်မြန် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း သိရသည်။ ယခုဖြစ်ရပ်ကြောင့် လေဆိပ်ကို ယာယီပိတ်ခဲ့ရပြီး ခရီးစဉ် (၁၁၄)ခုကို ဆိုင်းငံ့ခဲ့ရသည်။ စစ်ဆေးမှုအရ လေယာဉ်အဆင်း ရှေ့ဘီးချလိုက်ချိန် တွင် ချော်ထွက်သွားရာမှ လေယာဉ်သည် တရွတ်ဆွဲပြီး ဦးပိုင်းနှင့် မြေပြင်ပွတ်တိုက်ခဲ့သလို ပြေးလမ်းပေါ်တွင် ခုန်ပေါက်လွင့်စင်ထွက်သွားကြောင်း သိရှိရသည်။

Credit: Planet Myanmar Network