နမ့်ဆန်မြို့နယ်ဒေသခံ ၆၀ ကျော် နမ္မတူသို့တိမ်းရှောင်

ပို့စ်တင်ချိန် - 2/06/2014 12:50:00 PM



ဖေဖေါ်ဝါရီ ၄ ရက် ၂၀၁၄

သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းနေထိုင်သည့် ဒေသခံ ကျေးလက် အမျိုး သမီး၊ ကလေး နှင့် သက်ကြီးပိုင်းများ နေရပ်မှ နမ္မတူမြို့နယ်ဘုရားကျောင်းသို့ တိမ်း ရှောင် ခိုလှုံလာကြသည်ဟု မန်စံ ဒေသခံများက ပြောသည်။

နမ့်ဆန်မြို့နယ် နမ့်လင်းကျေးရွာအုပ်စု ပန်တောင်း(အထက်) ရွာလီဆူးနှင့်ပလောင် ဒေ သခံ ၆၀ ကျော် အခွန်အခအမျိုးမျိုးပေးဆောင်ရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ တပ်သား သစ် အဖြစ် အဓမ္မစုဆောင်းခံရခြင်းတို့ကြောင့် ဂျန္နဝါရီ ၃၁ နေ့မှစ၍ နမ္မတူမြို့ မန်စံ ကျေးရွာအုပ်စုမန်စံနှစ်ခြင်းဘုရားကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြ သည်ဟုဆိုသည်။

အထက်ပန်တောင်း ရွာသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်ဟု ဆိုသော်လည်း နမ္မတူမြို့နယ် မန်စံကျေးရွာအုပ်စုနှင့် ၅ မိုင်ခန့်သာဝေးသည်ဟု ဆိုပါ သည်။

အဆိုပါ ရွာအုပ်ချုပ်ရေးအဖွဲ့က ရွာသားများထံမှ ပိုက်ဆံကောက်ပေးနေခြင်းဖြစ် ကြောင်း၊ ကောက်ခံမှုများ မပေးပါက သတ်ပစ်မည် ဟုခြိမ်းခြောက်သောကြောင့် မန်စံဘက်သို့ ညတွင်း ချင်း ထွက်ပြေး ကြရ ကြောင်း ဒုက္ခသည် ဒေါ်အားလောင်း ပြောသည်။

မန်စံနှစ်ခြင်းဘုရားကျောင်း၌ ခိုလှုံနေသည့် သားသည်မိခင် ဒုက္ခသည် နန်းဆူးက - “ကျမတို့ဆီမှာလေ ဘာကြေးလဲတော့မသိဘူး၊ ရွာသူကြီးဆီကို တနှစ်အတွက် ပိုက်ဆံ ၇ သိန်းထည့်ပေးရတယ်၊ လစဉ်ကြေးလဲ ထောင်ဂဏန်းရှိသေးတယ်။ ဒါ့အပြင်ရွာမှာ အလှည့်ကျကင်းစောင့်ပေးရတယ်။ လက်ထပ်ပွဲလုပ်တော့မယ်ဆိုရင်လဲ သတို့သားကို ၅ သောင်း သတို့သမီးကို ၅ သောင်းလာကောက်တယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။


ဘုရားကျောင်းသို့ရောက်ရှိနေသည့် ဒုက္ခသည်များနှင့်ပတ်သက်၍ အသင်းတော်မှ ဆရာမ ဂျဲနီက - “မိသားစု ၁၇ ခု၊ တမိသားစု ၅ ဦးလောက်ရှိတယ်။ ဒုက္ခသည်တွေကို မန်စံ ဒေသခံတွေ က တတ် နိုင်တဲ့ဆန်ဆီ ဆား အကူအညီလာပေးကြတယ်။ လာကူတဲ့ တခြား အသင်း အဖွဲ့တွေလည်းရှိတယ်။ မိတ်ဆွေမြန်မာ၊ အီးပီစီ တို့ပေါ့ ။ အခုအားလုံးပေါင်း ဆန်အိပ် ၂၀ လောက် တော့ရထားပြီ။ နေထိုင်ဖို့က အခက်အခဲဖြစ်နေတယ် အမိုးအကာမလုံ လောက် သေးဘူး”

“ကျမအနေနဲ့တော့ ဆုတောင်းပေးပါတယ်။ လူလူချင်း နှိပ်စက်ခြင်း အမြန်ချုပ်ငြိမ်း ပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ နေထိုင်သွားနိုင်ဖို့ပေါ့” - ဟု ပြောသည်။

မြန်မာအစိုးရအနေဖြင့် လာမည့်မတ်ခ်ျလအတွင်း တတိုင်းပြည်လုံးအပစ်ရပ်နိုင်ဖို့ ပြင်ဆင်နေ၏။ သို့သော် တိုင်းရင်းသားဒေသမှ တပ်အင်အားရုပ်သိမ်းခြင်းမရှိ၊ တိုင်း ရင်း သားလက်နက်ကိုင်တပ်ဖွဲ့ များကလည်း အင်အားအပြိုင်ဖြည့်ကာ မြန်မာ စစ်တပ် နှင့် ထိပ်တိုက်ရင်ဆိုင်မှု မကြာခဏဖြစ်ပွားသည့် အနေထားကြောင့် ရွာသားများ စစ် ဘေး စစ်ဒဏ်ခံနေရခြင်းဖြစ်သည်ဟု နမ္မတူရပ်မိရပ်ဖ လုံးစိုင်းမောက်က သုံးသပ် ပါသည်။

သျှမ်းသံတော်ဆင့်