ပညာရေးသမိုင်းတစ်လျှောက် အလုပ်ဖြုတ်ခံရသည့်ဆရာမက ဝန်ကြီးဌာနအားပထမဆုံးအဖြစ် တရားစွဲဆိုမှု စတင်ဖြေရှင်းချက်ပေးပြီ

ပို့စ်တင်ချိန် - 3/29/2014 02:42:00 PM

ပြည်ထောင်စုတရားသူကြီးချုပ်ရုံးတွင် ထိပ်တိုက်စတင်တွေ့နေပြီဖြစ်သော ဝန်ထမ်းရာထူးဖြုတ်ခံလိုက်ရခြင်းအား မကျေနပ်၍ တိုင်ကြားမှုကို ပညာရေး ဝန်ကြီးဌာန က ဖြေရှင်းချက် စတင်ပေးလိုက်ပြီဟု သိရသည်။

ပြီးခဲ့သောတစ်နှစ်ခန့်ကပညာရေးဝန်ကြီးဌာနမှ ရန်ကုန်အဝေးသင် တက္ကသိုလ်စီးပွားရေးဘာသာဌာနမှူး ပါမောက္ခဒေါက်တာ ဒေါ်ကျင်ဌေးအား မယူမနေရပင်စင်ပေးလိုက်သည့်အတွက် ဒေါက်တာဒေါ်ကျင်ဌေးက တရားလို ပြုကာ တရားသူကြီးချုပ်ရုံးသို့ တိုင်တန်း လိုက်သောအမှုကို ပညာရေးဝန်ကြီး ဌာနဘက်က စတင်ဖြေရှင်းခြင်းလည်း ဖြစ်သည်။

ဖြေရှင်းမှုကို ပညာရေးဝန်ကြီးဌာန ကိုယ်စား ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှတင့်က တရားသူကြီးချုပ်ရုံးတွင် ပထမဦးဆုံးအ ကြိမ်လာ ရှင်းခြ င်းဖြစ်သည်။ အမှုဖွင့်ထားသူ တရားလိုဒေါက် တာဒေါ် ကျင်ဌေးက”ဒေါက်တာလှတင့် ရဲ့ဖြေရှင်းချက်စာရွက်ကို ကျွန်မထံပေးပို့ ထားပါတယ်။ ကျွန်မဘက်က လည်း ပြန် လည်ဖြေရှင်းဦးမှာပါ”ဟု ပြောသည်။

အပြစ်ရှိ၊ မရှိကို တရားသူကြီးချုပ်ရုံးက မဆုံးဖြတ်ရသေး၍ ဆုံးဖြတ်နိုင် ရန် နှစ်ဖက်အပြန်အလှန်ထွက်ဆိုမှုကို တစ်ကြိမ်စီ ပြုလုပ်မှုပြုပြီးကြပြီဟု တရားလို ရှေ့နေဦးေ မာင်မောင်စိုးထံမှ သိရသည်။ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဆရာ၊ ဆရာမအသင်းမှ အတွင်းရေးမှူး ဦးသန်းထိုက်အောင်က

”မျှတတဲ့ဆုံးဖြတ်မှုဖြစ်ဖို့ပဲ ကျွန်တော်တို့ လိုလားတယ်။ မှန်၊ မမှန်ကိုတော့ ရုံးတော်ကသာ ဆုံးဖြတ်မှာပါ။ ကြိုပြီးမှတ်ချက်မပြုလိုပါဘူး”ဟု ပြောသည်။

တက္ကသိုလ်ပညာရေးသမိုင်း တစ်လျှောက်အလုပ်ဖြုတ်ခံရခြင်းအပေါ် မကျေနပ်၍ဝန်ကြီးဌာနကို တရားစွဲဆိုမှုမှာ ပထမဦးဆုံးဖြစ်သည့် အပြင် နိုင်ငံ၏ တရားလွှတ်တော်ချုပ်ရုံးတွင် ထိပ်တိုက်တွေ့ဆုံကြမှုမှာ လည်း ပထမဦးဆုံးပင် ဖြစ်သည်။

PN-051


Popular Myanmar News Journal