အဝေးထိန်း ရဟတ်ယာဉ် အသေးစားလေးနဲ့ ရှစ်နှစ်အရွယ်သားရဲ့ သွားကို နှုတ်ပေးခဲ့တဲ့ အဖေ (ရုပ်/သံ)

ပို့စ်တင်ချိန် - 3/29/2014 02:51:00 PM




Angel on 2014-03-28 17:56  
တကယ်လို့ မိတ်ဆွေရဲ့ ကလေးဟာ သွားဆရာဝန်ဆီသွားရမှာ အရမ်းကြောက်နေပြီး၊ မိတ်ဆွေကလည်း ငွေကုန်ကြေးကျမများချင်ဘူးဆိုပါတော့ - ကျွန်တော်တို့ ဘာလုပ်ကြမလဲ။

မိဘဖြစ်သူတွေရဲ့ ကိုယ်တိုင်ကိုယ်ကျသွားနှုတ်ပေးခြင်းကို ကျွန်တော်တို့ အများစုခံခဲ့ကြပါတယ်။ ဒါပေမယ့် ခေတ်ရှေ့ ပြေးလွန်းတဲ့ မဲလ်ကွန်ဆွမ်း ဆိုတဲ့ ဖခင်ဖြစ်သူကတော့ သူ့ ရဲ့ ရှစ်နှစ်ရွယ်သား အဒမ်ရဲ့ ရှေ့ သွား လေးကို အဝေးထိန်းရဟတ်ယာဉ်နဲ့ နှုတ်ပေးခဲ့တာပါ။

ဖခင်ဖြစ်သူက သားလေးရဲ့ သွားကိုနှုတ်ပေးဖို့ စတင်ပြောဆိုခဲ့ချိန်မှာတော့ အဒမ်လေးက အကြောက်အကန် ငြင်းနေခဲ့တာပါ။ နောက်ဆုံးမှာတော့ အဒမ်ဟာ ရဟတ်ယာဉ်အသေးစားလေးနဲ့ သူ့ သွားကို နှုတ်ပေးဖို့  သဘောတူလိုက်ပါတော့တယ်။

“ ဟေ့၊ လာပါကွ၊ အဖေ မင်းသွားကို ဒါနဲ့ နှုတ်ပေးပါ့မယ်လို့ ကျွန်တော် သူ့ ကိုပြောပြောချင်းပဲ၊  မနှုတ်ဘူး၊ မနှုတ်ဘူး။ ဖေဖေရူးနေတာဆိုပြီး သားက ငြင်းသေးတယ်၊ နောက်တော့ သူ ဒီအကြံကို သဘောတွေ့ သွား တယ်ထင်တယ်။ ဒါနဲ့ ကျွန်တော်တို့ လည်း ဒီဒရုန်း (အဝေးထိန်းမောင်းသူမဲ့ ယာဉ်) ကိုယူပြီး ပန်းခြံထဲကို လာခဲ့တယ်” လို့ မဲလ်ကွန်က ပြန်ပြောင်းပြောပြခဲ့ပါတယ်။

အရှည်ပေ ၃၀ ရှိတဲ့ အပ်ချည်ကြိုးတစ်ဖက်ကို ရဟတ်ယာဉ်မှာချည်၊ အစွန်းတစ်ဖက်ကို သူ့ သားရဲ့ သွားမှာ ချည်ပြီးတော့ သားအဖနှစ်ယောက်အသင့်အနေအထားပြင်လိုက်ကြပါတယ်။ အဒမ်က ရယ်ဒီ လို့  အချက်ပြလိုက်တာနဲ့ အဝေးထိန်းရဟတ်ယာဉ်ကို မောင်းနှင်ပြီး သွားကို အောင်မြင်စွာနှုတ်နိုင်ခဲ့တာပါ။

ဒီကြည်နူးပျော်ရွှင်စရာအဖြစ်အပျက်ကို ဗီဒီယိုရိုက်မှတ်တမ်းတင်ထားပြီး Youtube မှာတင်ခဲ့ရာမှာ ခဏအတွင်း ကြည့်ရှုသူပေါင်း တစ်သိန်းနီးပါးရှိခဲ့ပါတယ်။
Ref: Mirror.co.uk

Trend Myanmar