စားဖွယ်စုံဆိုင်အား မလိုလားသူမှ မီးရှို့ခဲ့သည့်ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးလျက်ရှိ

ပို့စ်တင်ချိန် - 3/29/2014 02:01:00 PM



ရန်ကုန်၊ မတ် ၂၉

၂၈.၃.၂၀၁၄ရက်နေ့ ၀၃၁၅အချိန်တွင် ကျောက်တံတားမြို့နယ်၊(၉)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းနှင့် လမ်း(၄၀)ထိပ်ရှိ ဦးကျော်ဝင်း၏ ရွှေလင်ပန်း စားဖွယ်စုံ
ဆိုင် မီးဖိုချောင်ဘေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနီးရှိလူများမှ ၀ိုင်းဝန်း
ငြှိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ပါသည်။

အခင်းဖြစ်ပွားရာသို့ ကျောက်တံတားမြို့မရဲစခန်းမှူးနှင့်အဖွဲ့၊ မြို့နယ်မီးသတ်
ဦးစီးမှူးနှင့်အဖွဲ့တို့မှ ရောက်ရှိစစ်ဆေးခဲ့ရာ ဆိုင်၏မီးဖိုချောင်အုတ်နံရံအပြင်
ဘက်နှင့် ခြံစည်းအုတ်နံရံတို့ကြား၌ မီးလောင် ကျွမ်းထားသည့် ဓါတ်ဆီနံ့
ရသော ပလပ်စတစ်ပုံးအပိုင်းအစနှင့် မီးဖိုချောင်အနီး ခြံစည်းရိုးအပြင်ဘက် အုတ်နံရံနှင့်ပုလင်းခွံအိတ်များကြားတွင် ဓါတ်ဆီ(၂)ဂါလန်ပါ အဖြူရောင် ပလပ်စတစ်ပုံး(၁)ပုံးတို့ကို စစ်ဆေးတွေ့ရှိရပါသည်။

ယင်းသို့တွေ့ရှိချက်များအရ စားဖွယ်စုံလုပ်ငန်းအား မလိုလားသူတစ်ဦး
တစ်ယောက်မှ လာရောက် စီစဉ်ပြီး မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်ရရှိ
သဖြင့် ဦးကျော်ဝင်းမှ စုံစမ်းအရေးယူပေးပါရန် တိုင်တန်းချက်အရ
ကျောက်တံတားမြို့မရဲစခန်း(ပ)၁၂၈/၂၀၁၄၊ ပြစ်မှုပုဒ်မ-၄၃၆ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police