အငှားယာဉ်မောင်းထံမှ လက်ကိုင်ဖုန်းလုယက်ခံရ

ပို့စ်တင်ချိန် - 3/29/2014 01:53:00 PM


ရန်ကုန်၊ မတ် ၂၉

၂၈.၃.၂၀၁၄ ရက်နေ့ ၀၄၀၀ အချိန်တွင် လမ်းမတော်မြို့နယ်နေ အငှား
ယာဉ်မောင်း ကိုမြသွင်မှ ၎င်းသည် အငှားယာဉ်အားမောင်းနှင်လာစဉ်
ကျောက်တံတားမြို့နယ်၊ (၃၆)လမ်းအရောက် အမျိုးသားလူငယ်(၄)ဦးမှ ကမာရွတ်မြို့နယ်၊(၁၀)ရပ်ကွက်၊ သံလွင်လမ်းထိပ်သို့ငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပးခဲ့ကြောင်း၊ သံလွင်လမ်းထိပ်သို့အရောက်တွင် လမ်းအတွင်းသို့ပို့ပေးရန်ပြောဆိုသဖြင့် ဆက်လက် ပို့ဆောင်ပေးခဲ့ရာ အမျိုးသမီးဖွံ့ဖြိုးရေးသင်တန်းကျောင်းနောက်ဘက် လမ်းကြားအရောက် ယာဉ်ကို ရပ်ပေးစဉ် ယာဉ်ဂီယာဘောက်အတွင်းထည့်ထားသော ကိုမြသွင်း၏ ဆင်းကတ်ပါ ဆမ်ဆောင်း အမျိုးအစား အဖြူရောင်
လက်ကိုင်ဖုန်း(၁)လုံး၊တန်ဖိုးငွေကျပ်(၇၀၀၀၀)အား လူငယ်(၄)ဦးအနက် (၁)ဦးမှယူဆောင်ပြီးထွက်ပြေးသွားခဲ့ကြကြောင်း၊ ထိုသို့ထွက်ပြေးသဖြင့် လိုက်လံရှာဖွေရာ မီးကင်းစာင့်သူများနှင့်တွေ့ရှိပြီး ပြောပြစုံစမ်းခဲ့ရာမှ ဖုန်းလုယူထွက်ပြေးသွားသော လူငယ်များအနက် (၁)ဦးမှာ ယခင်က အဆိုပါရပ်ကွက်အတွင်းနေထိုင်ခဲ့ဖူးသော ထွန်းအောင်ကျော်ဆိုသူ
ဖြစ်သည်ကို သိရှိခဲ့ရကြောင်းနှင့် ယင်းသို့လုယက်ထွက်ပြေးသူများကို အရေးယူပေးပါရန် တိုင်တန်းလာခဲ့ပါသည်။

ထိုသို့တိုင်တန်းချက်အရ ကမာရွတ်မြို့မရဲစခန်း(ပ)၁၂၈/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်လှစ်ကာ ထွန်းအောင်ကျော်ပါ(၄)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police