မှော်ဘီ-တိုက်ကြီးဟိုင်းလပ်ယာဉ် ဆက်လက်ပြေးဆွဲရေး သုံးရက်ဆက်တိုက် ဆန္ဒဖော်ထုတ်မည်

ပို့စ်တင်ချိန် - 3/29/2014 07:13:00 PM


ရန်ကုန်၊ မတ် ၂၉

စည်ပင်သာယာနယ်နိမိတ်အတွင်း ယခုလနောက်ဆုံးရက်ထိသာ ဟိုင်းလပ်ယာဉ်များအား ပြေးဆွဲခွင့်ပြုထားခြင်းကြောင့် မတ် ၃၀ ရက် တိုက်ကြီးမြို့ပေါ်တွင် ယာဉ်ပိုင်ရှင်နှင့် ယာဉ်လုပ်သားများက ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ်ယာဉ်များ အစားထိုးပြေး ဆွဲရမည်ဖြစ်ခြင်းကြောင့် မှော်ဘီ_တိုက်ကြီး ဟိုင်းလပ်ယာဉ်များကမတ် ၃၀ ရက်တွင် တိုက်ကြီး မြို့ပေါ်တွင် လည်းကောင်း၊ မတ် ၃၁ ရက်တွင် မဟာဗန္ဓုလပန်းခြံရှေ့ တွင်လည်းကောင်း၊ ဧပြီ ၁ ရက်တွင် မထသ(ဗဟို) ရုံးရှေ့ ( ဘေလီမှတ်တိုင် )တွင် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

မှော်ဘီ-တိုက်ကြီး ယာဉ်လိုင်းမှ ယာဉ်မောင်းလုပ်သက် ၅ နှစ်ရှိသူတစ်ဦးက " မနက်ဖြန်က ယာဉ်ကို ရပ်ပြီး ဆန္ဒပြမှာပါ။မီနီဘတ်စ်ယာဉ် ဆိုရင် ကျွန်တော်တို့ယာဉ်မောင်းတွေအတွက်လည်း နေ့တွက်ကြေးမကိုက်ဘူး၊"
ဟု ပြောသည်။

ထက်ထက်
Popular Myanmar News Journal