ဓာတ်ပုံများကို အခမဲ့အသုံးပြုနိုင်ရန် Getty Images စီစဉ်

ပို့စ်တင်ချိန် - 3/12/2014 09:14:00 PM


ကမ္ဘာ့အကြီးဆုံး ဓာတ်ပုံဝန်ဆောင်မှုဖြစ်သည့် Getty Images သည်၎င်း၏ ဓာတ်ပုံများတွင် ပါဝင်သောရေစာကို ဖြုတ်ချရန်စီစဉ်နေပြီး openembed ကြောင့် အသုံးပြုသူများအနေဖြင့် Getty Images ပေါ်မှမည်သည့် ဓာတ်ပုံကိုမဆို ၎င်းတို့၏ blog များနှင့် social media များပေါ်တွင်ဝေမျှနိုင်မည်ဟုသိရသည်။ အဆိုပါဝန်ဆောင်မှုသည် credit ပြုလုပ်သူနှင့်အတူ ဓာတ်ပုံအောက်ခြေတွင် ပူးတွဲဖော်ပြပေးပြီး လိုင်စင်ရယူထားသော စာမျက်နှာဖြင့် ချိတ်ဆက်ပေးမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် ကုမ္ပဏီအတွက် အန္တရာယ်ရှိပြီး ဗားရှင်းသစ်များ screenshot ရိုက်ကူးရ လွယ်သောကြောင့် လိုင်စင်မရှိသည့် ဗားရှင်းများဖြင့် ရင်ဆိုင်ရဖွယ်ရှိသည်။ Getty Images ၏စီးပွားရေး အမှုဆောင် Craig Peters က ယခုအခါ Getty image ကိုရယူလိုပါက ရိုးရှင်းသောရေစာ မပါသည့်ဓာတ်ပုံကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ customer ဆိုက်များထဲမှ တစ်ခုသို့သွားရောက်၍ right click နှိပ်သကဲ့သို့ပင်ဖြစ်ကြောင်း၊ သို့မဟုတ် Google Image search နှင့် Bing Image search သို့သွားရောက်ရယူ နိုင်မည်ဖြစ်ကြောင်း မိမိတို့သည်နေရာတိုင်းတွင်ရှိနေကြောင်း ပြောဆိုခဲ့သည်။

ယခုအစီအစဉ်သည် social ဝက်ဘ်ဆိုက်များပေါ်တွင် တိုက်ရိုက်ဝေမျှခြင်း ကဲ့သို့ဖြစ်ပြီး embed-code များနှင့်ရင်းနှီးသော WordPress နှင့်အတူ Twitter နှင့် Tumblr ပေါ်တွင် ဝေမျှခြင်းကဲ့သို့မျိုးဖြစ်သည်။ Peters က Web publisher များတွင်တရားဝင် အခမဲ့အသုံးပြုနိုင်သည့် ဓာတ်ပုံများကို အသုံးပြုလာပါက Getty နှင့်ဓာတ်ပုံဆရာများအတွက် အမြတ်အစွန်းများ ရရှိနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

-စိုးထက်
Ref: TheVerge
Internet Journal