အရှိန်လွန်ကာယာဉ်တိမ်းမှောက်ခဲ့သဖြင့် ခရီးသည်(၁၃)ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 3/12/2014 12:45:00 AM


ရန်ကုန်၊ မတ် ၁၁

၁၁.၃.၂၀၁၄ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် မှော်ဘီမြို့၊ ဆပ်သွားတော
ကျေးရွာ၊ ရန်ကုန်-ပြည်ကားလမ်း၊ မိုင်တိုင်အမှတ် (၂၈/၀)အနီးတွင် ရန်ကုန်ဘက်မှ မှော်ဘီဘက်သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်
လာသော S---- ဟိုင်းလတ်အဖြူရောင် အောင်တံခွန်ယာဉ်လိုင်း ခရီးသည် တင်ယာဉ်သည် အရှိန်လွန်ကာ လမ်း၏ယာဘက်သို့တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင်ယာဉ်ကိုထားကာထွက်ပြေး
တိမ်းရှောင်သွားခဲ့ပါသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များဒဏ်ရာအသီးသီး ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံတွင် ကျား(၁)ဦး၊မ(၇)ဦးနှင့် ရန်ကုန်ဆေးရုံကြီး တွင် မ(၅)ဦး၊ စုစုပေါင်း(၁၃)ဦးတို့ တက်ရောက်ဆေးကုသမှုခံယူလျက် ရှိပါသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်အောင်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း(စုံစမ်းဆဲ)ကို မှော်ဘီမြို့မရဲစခန်း (ပ)၁၃/၂၀၁၄၊
ပုဒ်မ ၃၃၇/၃၃၈/၂၀၂ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးရမိရေးဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police