သူငယ်ချင်း(၂)ဦးအရက် အတူထိုင်သောက်ရာမှ ဓါးခုတ်မှုဖြစ်

ပို့စ်တင်ချိန် - 3/12/2014 12:52:00 AM


ပဲခူးမြို့မရဲစခန်းအပိုင်အ၀ိုင်းကျေးရွာ၊အေးချမ်းသာယာပိုင်းတွင်(၁၀.၃.၂၀၁၄)နေ့ည
(၈း၀၀)အချိန်ခန့် ကဓါးခုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ဇော်ဝင်းထွဋ် (၁၉)နှစ်၊(ဘ)ဦးခင်ရီ၊ဗမာ/ဗုဒ္ဓ၊အ၀ိုင်းကျေးရွာ၊ အေးချမ်းသာယာပိုင်နေသူသည်နေအိမ်တွင်အိပ်ပျော်နေစဉ်ခွေးဟောင်သံကြား၍ထကြည့်ရာ(အတူနေ)အကိုဖြစ်
သူမျိုးမင်းထွန်း(၂၇)နှစ်(ဘ)ဦးခင်ရီ၊ဗမာ/ဗုဒ္ဓ၊မျိုးမင်းထွန်း၏မျက်နှာတွ
င်သွေးများထွက်နေသည်ကိုတွေရှိ ရ၍မေးမြန်းရာ ဖိုးဆန်း အရက်ဆိုင်တွင်တစ်ရွာထဲနေသူကြည်ထွေး(၃၈)နှစ်(ဘ)ဦးသောင်းငွေ၊ဗမာ/ဗုဒ္ဓနှင့်အရက်သောက်အတူသောက်ကြပြီး တစ်ဦးနှင့်တစ်ဦးစကား များကြရာကြည်ထွေးမှ မျိုးမင်းထွန်းအား အရှည်(၁)တောင်ခန့်ရှိဓါးဖြင့် ခုတ်သဖြင့် မျိုးမင်းထွန်း တွင် ၀ဲဘက်ခြမ်း နဖူးမှ နှာခေါင်းအထိ ကန့်လန့်ဖြတ် ပြတ်ရှ ဒါဏ်ရာ
(၁)ချက်ရရှိခဲ့ကြောင်းသိရှိရပြီး ဓါးဖြင့်ခုတ်သူ ကြည်ထွေးအား အရေးယူပေးပါရန် ဇော်ဝင်းထွဋ်မှ တရာလိုပြုတိုင်တန်းသဖြင့် ပဲခူးမြို့မရဲစခန်းမှ (ပ)၁၈၀/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆(ချွန်ထက်သောလက်နက်ဖြင့် လူအား အပြင်းအထန် ဒဏ်ရာရရှိအောင် ပြုလုပ်ခြင်း)အရ အရေးယူထားပြီးဒဏ်ရာရရှိသူ မျိုးမင်းထွန်းအား ရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ပိုဆောင်ခဲ့ကြောင်းသတင်းရရှိသည်။
သန့်ဇင်
ပဲခူးမြို့ရဲ့ထူးခြားသတင်းများ