ဓါတုဗေဒDay ကျောင်းသားတစ်ဦး သုံးဘီး(တုတ်တုတ်)ဖြင့် တိုက်မိ၍သေဆုံး (သွေးကြောက်သူများ မကြည့်ပါနှင့်)

ပို့စ်တင်ချိန် - 3/12/2014 12:47:00 AM



ဓာတ်ပုံမူရင်းသန့်ဇင်

ပဲခူးမြို့၊အမှတ်(၂)ရဲစခန်းအပိုင်မဇင်းရပ်ကွက်၊ရွှေသာလျောင်းဘုရားလမ်း၊ဓမ္မိကာရာ
မ ဘုန်းကြီးကျောင်းရှေ့တွင် (၁၁.၃.၂၀၁၄)နေ့ နေ့လည်(၁၂း၁၅)အချိန်ခန့် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ရွှေသာလျောင်ဘုရားဘက်မှ မဇင်း(၁)လမ်း ဘက်သို့ ယာဉ်မောင်း သူရလှိုင်(၁၉)နှစ်၊(ဘ)ဦးအေးငွေ၊ဗမာ/ဗုဒ္ဓ
တတိယနှစ်(ဓါတု Day ကျောင်းသား)၊မြသပိတ်လမ်း၊ကလျာဏီရပ်ကွက်၊ပဲခူးမြို့နေသူ မောင်းနှင်ပြီး ဆိုင်ကယ်နောက်ထိုင်ခုံတွင် အောင်ဇော်မြင့် (၉)နှစ်၊(ဘ)ဦးဝင်းဇော်၊ဗာမာ/ဗုဒ္ဓ
အောင်ပင်လယ်(၁၈)ရပ်ကွက်၊မန္တလေးတိုင်းဒေသကြီးနေသူ စီးနင်းလာသည့်
၂၅ယ/၉၁၁၇၃၊KENBO 125 အမျိုးအစား၊နီ/နက်ကြားရောင်(လိုင်စင်စီစစ်ဆဲ)၊
ဆိုင်ကယ်နှင့် မဇင်း(၁)လမ်းဘက်မှ ရွှေသာလျောင်းဘက်သို့ကျော်ကျော်ဌေး(ခ)
မိုဟာမက်ဟာရှစ်(၄၈)နှစ်၊ (ဘ)ဦးအဘူဘာကယ်၊မွတ်စလင်/အစ္စလာမ်၊ယာဉ်မောင်း
လိုင်စင်မရှိ၊ မ/၁၀၈၊ပုလဲလမ်း၊ဇိုင်းတောင်ရပ်ကွက်၊ပဲခူးမြို့နေသူမောင်းနှင်လာသည့်
၃ဟ/xxxx(လိုင်စင်ရှိ)အပြာရောင်သုံးဆိုင်ကယ်နှင့်မျက်နှာချင်ဆိုင်ဝင်ရောက်တိုက်မိ
ခဲ့ပြီး ယာဉ်တိုက်မှုကြောင့် ကျော်ကျော်ဌေး(ခ) မိုဟာမက်ဟာရှစ် တွင် ဒဏ်ရာမရရှိသော်လည်းသူရလှိုင်တွင်(၀ဲ)နဖူး(၄)လက်မခန့် ပေါက်ပြဲဒါဏ်ရာ
၊အောက်နှုတ်ခမ်း(၂)လက်မခန့်ကွဲဒါဏ်ရာ၊(၀ဲ)မေးရိုးကျိုးဒါဏ်ရာ၊အောင်ဇော်မြင့်တွင် (၀ဲ)နဖူးဖူးရောင်ညိုမဲဒါဏ်ရာများရရှိခဲ့ပြီးရဲဆေးစာဖြင့် ပဲခူးဆေးရုံကြီးသို့ပို့အပ်ခဲ့ပြီး သူရလှိုင် အတွင်းလူနာ(စိုးရိမ်ရ)၊အောင်ဇော်မြင့် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ဆေးကုသမှုခံယူလျှက်ရှိပြီးသုံးဘီးဆိုင်ကယ်တွင်(၀ဲ)ဘက်ရှေ့ခြမ်းပိန်ချိုင့်၊တန်ဖိုး(၃၀၀၀၀ိ/)ကျပ်ခန့်ဆိုင်ကယ်တွင်ရှေ့မီးခွက်ကွဲကြေ၊ရှေ့နှုတ်သီးကွဲကြေ၊(၀ဲ)ယာဒူးကာကွဲကြေတန်ဖိုး(၂၀၀၀၀ိ/-)ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်ကြသူ ကျော်ကျော်ဌေး(ခ)မိုဟာမက်ဟာရှစ်နှင့်သူရလှိုင်တို့(၂)ဦးအား အရေးယူပေးပါရန် ရဲအုပ် ကိုကိုထွေးမှ တရာလိုပြုလုပ်တိုင်တန်းသဖြင့် အမှတ်(၂)ရဲစခန်း ယာဉ်(ပ)၃/၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၇/၃၃၈ (ယာဉ်အားမဆင်မခြင် မောင်းနှင်၍လူအား သာမန်/အပြင်းအထန်ဒါဏ်ရာရရှိစေခြင်း)အရ အမှုဖွင့်အရေးယူထားရာမှ ညနေ (၄း၃၀)အချိန်တွင် တတိယနှစ်(ဓါတုဗေဒ Day ကျောင်းသား)သူရလှိုင်မှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံး. သွာသဖြင့် ပုဒ်မ ၃၀၄(က)သို့ ပုဒ်မ ပြောင်းဖွင့်လှစ်ထားကြောင်းသတင်းရရှိသည်။
သန့်ဇင်
ဓာတ်ပုံသည်လူအများဆင်ခြင်သွားစေရန်ရည်ရွယ်၍တင်ပေးခြင်းဖြစ်ပါသည်။ဆိုင်ကယ်စီးပါကဦးထုပ်ဆောင်းပါရန်တိုက်တွန်းအပ်ပါသည်။

ပဲခူးမြို့ရဲ့ထူးခြားသတင်းများ